Polo ရှပ်အင်္ကျီတွေက ရိုးရှင်းပေမယ့် ဘယ်တော့ ခေတ်နောက်ကျမသွားတဲ့ timeless ဖက်ရှင် တစ်ခုဖြစ်ပါတယ်။ အမျိုးသားအတွက် စမတ်ကျတဲ့ ဖက်ရှင်တစ်ခုအနေနဲ့ ဝတ်နိုင်သလို ပေါ့ပါးလွတ်လပ်ပြီး လူငယ်ဆန်တဲ့ ဖက်ရှင်တစ်ခုအဖြစ်လည်း ပုံဖော်လို့အကောင်းဆုံး အင်္ကျီအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ Polo ရှပ်တွေကို စတိုင်ကျကျဝတ်ချင်တဲ့ ကွီးတို့အတွက် Polo ရှပ်အင်္ကျီတွေနဲ့ တွဲဝတ်နိုင်မယ့် အလိုက်ဖက်ဆုံး ဖက်ရှင်အတွဲအစပ် တချို့ ကို မျှဝေပေးချင်ပါတယ်။
(၁) Sweatpants နဲ့ တွဲဝတ်ပါ
Photo : The Trend Spotter
စမတ်ကျပြီး သက်တောင့်သက်သာရှိတဲ့ ဖက်ရှင်မျိုး ကြိုက်တဲ့ ကွီးတို့ကတော့ Polo ရှပ်အင်္ကျီနဲ့ Sweatpants တွေကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ Polo ရှပ်အင်္ကျီနဲ့ Sweatpants ကို တွဲဝတ်မယ်ဆိုရင် Sneakers ၊ Snapback နဲ့ Weekend Bag တွေနဲ့လည်း တွဲဝတ်ဖို့ အကြံပြုချင်ပါတယ်။ ဒီဖက်ရှင် အသုံးအဆောင်တွေက ကွီးတို့ရဲ့ အသွင်အပြင်ကို ပိုမိုပေါ်လွင်စေပြီး လူငယ်ဆန်ဆန်နဲ့ ပေါ့ပါးလွတ်လပ်တဲ့ စတိုင်မျိုးရဖို့ ကူညီပေးနိုင်ပါတယ်။
(၂) ဘောင်းဘီအတိုနဲ့ တွဲဝတ်ပါ
Photo : The Trend Spotter
နွေရာသီလို ပူအိုက်တဲ့ ရာသီမျိုးမှာ စမတ်ကျကျနဲ့ ရှိုးထုတ်လို့ အကောင်းဆုံး ဖက်ရှင်တစ်ခုကတော့ Polo ရှပ်နဲ့ ဘောင်းဘီအတို ဖက်ရှင်အတွဲအစပ်ပဲ ဖြစ်ပါတယ်။ Denim ကနေ chinos အထိ ကွီးတို့ ကြိုက်နှစ်သက်တဲ့ ဘောင်းဘီအတိုစတိုင်မျိုးကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ အရောင်ထဲမှာတော့ ဘယ်တော့မှရိုးမသွားတဲ့ monochrome ကာလာတွေကို ရွေးချယ်နိုင်ပါတယ်။
(၃) Blazer နဲ့တွဲဝတ်ပါ
Photo : The Trend Spotter
Polo ရှပ်နဲ့ Blazer အတွဲအစပ်ကတော့ ပေါ့ပါးလွတ်လပ်တဲ့ Casual စတိုင်ကနေ လုပ်ငန်းခွင် Business Casual စတိုင်အထိ ဝတ်ဆင်လို့ရတဲ့ အကောင်းဆုံး ဖက်ရှင်တစ်ခုပဲ ဖြစ်ပါတယ်။ Formal ကျကျဝတ်ဆင်ဖို့လိုတဲ့ နေရာတွေအတွက်ဆိုရင် အဖြူ သို့မဟုတ် အနက်ရောင် Polo ရှပ်အင်္ကျီကို dark suit တွေနဲ့ တွဲဝတ်နိုင်ပါတယ်။ သာမန် ပွဲတက်အခမ်းအနားတွေ ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ညစာစားပွဲတက်တဲ့အခါတွေမှာတော့ လူတွေကြားထဲမှာ ပေါ်လွင်မှုရှိစေမယ့် အရောင်ခပ်လွင်လွင် Polo ရှပ်အင်္ကျီတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
(၄) Chinos နဲ့ တွဲဝတ်ပါ
Photo : The Trend Spotter
Semi Formal နဲ့ Smart Casual ကြားက ဖက်ရှင်စတိုင်မျိုးအတွက်ဆိုရင် အကောင်းဆုံးက Polo ရှပ်နဲ့ Chinos ဘောင်းဘီကိုသာ တွဲဖက်ဝတ်ဆင်လိုက်ပါ။ Chinos ဘောင်းဘီးနဲ့ တွဲဝတ်တဲ့အခါ အင်္ကျီကိုဘောင်းဘီထဲထည့်ဝတ်တာက ပိုပြီး စမတ်ကျကျနဲ့ ကြည့်ကောင်းစေမှာဖြစ်ပါတယ်။ ကိုယ့်ရဲ့ဖက်ရှင်အသွင်အပြင်ကို ပိုမိုပြည့်စုံသွားစေဖို့ အဖြူရောင် sneakers ၊ loafers ၊ boat shoes ဒါမှမဟုတ် derby shoes တွေနဲ့တွဲဖက်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။
Featured Photo : The Trend Spotter