ပိုလိုရှပ်အင်္ကျီများသည် ရိုးရှင်းပြီး ဘယ်တော့မှရိုးမသွားမယ့် ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။ စတိုင်လ်ဘောင်းဘီနဲ့ပဲ တွဲဝတ်မလား၊ ချီနိုဘောင်းဘီနဲ့ပဲ တွဲဝတ်မလား၊ ဘောင်းဘီတိုနဲ့ တွဲဝတ်မလား စသည်ဖြင့် ပိုလိုရှပ်တစ်ထည်တည်းနဲ့ ဖက်ရှင်မျိုးစုံ ဖန်တီးနိုင်ပါတယ်။

သင်သည် ပိုလိုရှပ်များကို နှစ်နှစ်ခြိုက်ခြိုက် ဝတ်ဆင်တတ်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်စတိုင်လ်များကို မှီငြမ်းကာ ကိုယ်ပိုင်ဖက်ရှင်တစ်ခုဖန်တီးနိုင်ပါတယ်။

လက်တိုပိုလိုရှပ်ဖက်ရှင်

Polo Shirts Outfits for Men

လက်တိုပိုလိုရှပ်အင်္ကျီများသည် ၁၀ ရာစုနှစ်ကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ရှပ်အရောင်ရွေးချယ်တဲ့အခါ အရောင်တောက်တဲ့ ပိုလိုရှပ်များ ရွေးချယ်ရမှာကိုလည်း မကြောက်ပါနဲ့။

လက်ရှည်ပိုလိုရှပ်ဖက်ရှင်

Polo Shirts Outfits for Men

လက်ရှည်ပိုလိုရှပ်ကတော့ အခုလိုချမ်းအေးတဲ့ ရာသီဥတုနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။

လက်တိုပိုလိုရှပ်နှင့် ဘောင်းဘီအကွက်ဖက်ရှင်

Polo Shirts Outfits for Men

ဘောင်းဘီအကွက်ဖက်ရှင်များနဲ့ တွဲဖက်ဝတ်ဆင်ရင်း သင့်ရဲ့ဖက်ရှင်ကို လူကြားထဲမှာ ဆွဲဆောင်မှုရှိအောင် ဖန်တီးနိုင်ပါတယ်။

သိုးမွှေး ပိုလိုရှပ်ဖက်ရှင်

Polo Shirts Outfits for Men

လက်ချုပ် သိုးမွှေးပိုလိုရှပ်တွေသည် ချုပ်ရတာ လက်ဝင်ပေမယ့် ဝတ်ဆင်တဲ့အခါမှာတော့ နွေးနွေးထွေးထွေးရှိပြီး စမတ်ကျစေတာတော့ အမှန်ပါပဲ။

ပိုလိုရှပ်နှင့် Sweatpants အတွဲအစပ်ဖက်ရှင်

Polo Shirts Outfits for Men

လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်မျိုး ဖန်တီးချင်တဲ့အခါ ပိုလိုရှပ်အင်္ကျီနဲ့ Sweatpants လေးကိုသာ တွဲဖက်ဝတ်ဆင်လိုက်ပါ။

ပိုလိုရှပ်နှင့် ဘောင်းဘီတိုဖက်ရှင်

Polo Shirts Outfits for Men

ဘောင်းဘီတိုဖက်ရှင်လေးကတော့ လုံးဝကို Cool ဖြစ်နေစေမယ့် ဖက်ရှင်တစ်ခုပါပဲ။ သင့်အနေနဲ့ ဘောင်းဘီတိုကို ချီနိုဘောင်းဘီပဲဖြစ်ဖြစ် ဂျင်းဘောင်းဘီပဲဖြစ်ဖြစ် ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ပိုလိုရှပ်ကိုမှ အပေါ်ကနေ ဘလေဇာထပ်ဝတ်ထားတဲ့ဖက်ရှင်

Polo Shirts Outfits for Men

ဒီဖက်ရှင်ကတော့ ပွဲတက်အခမ်းအနားတွေနဲ့ သင့်တော်ပြီး ပွဲတိုးစေမယ့် ဖက်ရှင်လေးပဲဖြစ်ပါတယ်။

ပိုလိုရှပ်နှင့် ချီနိုဘောင်းဘီအတွဲအစပ်

Polo Shirts Outfits for Men

ပိုလိုရှပ်ကို ချီနိုဘောင်းဘီထဲ ထည့်ဝတ်လိုက်တဲ့အခါ ပိုမိုအထာကျသွားစေပြီး စမတ်ကျသွားစေမှာအမှန်ပါပဲ၊

ပေါ့ပေါ့ပါးပါးဖက်ရှင်ဖန်တီးချင်သူများအတွက်

Polo Shirts Outfits for Men

ပိုလိုရှပ်အင်္ကျီသည် ဝတ်ဆင်သူကို ဘယ်အချိန်မဆို ကြည့်ကောင်းနေစေပါတယ်။ သင်သည် ဘောင်းဘီတိုနဲ့ပဲတွဲဝတ်သည်ဖြစ်စေ၊ စတိုင်လ်ဘောင်းဘီနဲ့ပဲ တွဲဝတ်သည်ဖြစ်စေ၊ ချီနိုဘောင်းဘီနဲ့ပဲ တွဲဝတ်သည်ဖြစ်စေ ဖက်ရှင်ကျလှပနေမှာပါ။

စမတ်ကျကျဖက်ရှင် ဖန်တီးချင်သူများအတွက်

Polo Shirts Outfits for Men

စမတ်ကျကျအသွင်ကို ဖန်တီးချင်သူများအနေနဲ့ အပေါ်ကနေ ဂျက်ကတ် (သို့) ဘလေဇာ ကုတ်အင်္ကျီများ ထပ်ဝတ်နိုင်ပါတယ်။ အရောင်ရွေးချယ်မှုတော့ မှန်ကန်ဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ ပိုလိုရှပ်နဲ့ အပေါ်ဝတ်အထည်များသည် လိုက်ဖက်နေမှသာလျှင် စတိုင်လ်ကျလှပမှာဖြစ်ပါတယ်။

Source: Thetrendspotter.net

Featured Image Source: Thetrendspotter.net