ယနေ့ခေတ်မှာ အဝလွန်ရောဂါဟာ ကမ္ဘာတစ်လွှားကြုံနေရတဲ့ ပြဿနာတစ်ခုပါ။ အမေရိကန်နိုင်ငံမှာ ၄ ယောက်မှာ ၁ ယောက်နှုန်း အဝလွန်ရောဂါ ခံစားနေရတယ်လို့ လေ့လာမှုတွေက ဆိုထားပါ။ ကိုယ်အလေးချိန်တိုးလာတာရဲ့ဆိုးကျိုးအနေနဲ့ ဆီးချို၊ နှလုံးရောဂါ အစရှိသဖြင့် ရောဂါတွေ ရရှိလာနိူင်ပါတယ်။ ဒါကြောင့် အဆီတွေ စုလာစေမဲ့ အစားအစာတွေ နေထိုင်မှုပုံစံ တွေပြောင်းလဲသင့်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ဝမ်းဗိုက်မှာ အဆီတွေစုလာစေတဲ့ အစားအသောက်တွေအကြောင်း ပြောပြပေးသွားမှာပါ။

(၁) အမြန်ရ အစားအစာများ

 Fast Food

Photo : Freepik

အသားနဲ့ပေါင်မုန့်တွေပါတဲ့ ဟန်ဘာဂါက ဘာလို့ကျန်းမာရေးအတွက် မကောင်းရမှာလဲဆိုပြီး လူတွေကမေးကြတယ်။ ကျွမ်းကျင်သူတွေကတော့ ဓာတ်ပါဝင်မှုမညီမျှတာကြောင့်လို့ပြောထားပါတယ်။ ဟန်ဘာဂါ နဲ့ အားလူးချောင်းကြော်တွေဟာ အဆီပါဝင်မူနှုန်း အင်မတန်မြင့်မားကြတယ်။ အမြန်ရအစားအစာတွေဖြစ်တဲ့ ဟန်ဘာဂါ၊ ဟော့ဒေါ့ တွေမှာ အဆီပါဝင်မှုနှုန်းနဲ့ ညီမျှတဲ့ အသီးအရွတ်တွေ မပါဝင်တာကြောင့် အများကြီးမစားသင့်ပါဘူး။

(၂) သကြား

World diabetes day; sugar in wooden bowl on dark surface

Photo : Freepik

ဆိုဒါ နဲ့ အချိုရည်တော်တော်များများဟာ ပြုပြင်ထားတဲ့ သကြား (သို့) Fructose (ပျားရည်မှရသော သကြားတစ်မျိုး) ကိုအသုံးပြုပြီး ထုတ်လုပ်ထားကြတာပါ။ဈေးကွက်တွေမှာ တွေ့ရတဲ့ ယိုအများစုမှာ သကြားပါဝင်မူနှုန်း ၆၀ကျော် ရာခိုင်နှုန်းရှိပါတယ်။ သစ်သီးယိုတွေအများစုဟာ အသီးအနည်းပဲပါဝင်ပါတယ်။

WHO (ကမ္ဘာ့ကျန်းမားရေးအဖွဲ့ချုပ်) ကတော့ တစ်နေ့ကို သကြား ၅၀ ဂရမ်ထက်ပိုပြီး မစားဖို့ တိုက်တွန်းထားပါတယ်။ ကိုလာ သံဘူးတစ်ဘူးမှာ သကြားပါဝင်မှုနှုန်း ၅၀ ဂရမ်ထက် များပြားတာကြောင့် အများကြီးမသောက်ကြဖို့လည်း အကြံပေးပါရစေ။

(၃) Trans fats

trans fats

Photo : Freepik

Trans fats ဟာအဆီတွေပိုလာစေတဲ့ အဓိကတရားခံလို့ ပြောလို့ရပါတယ်။ ကွတ်ကီးတွေ ခရက်ကာတွေဟာ သကြား၊ ယိုတွေနဲ့ Trans fats တွေအများကြီးပါဝင်နေပါတယ်။ အေးခဲထားတဲ့ ပီဇာတွေ၊ ပြုပြင်ထားတဲ့ ဂျူံမုန့်တွေ၊ ကော်ဖီထဲထည့်သောက်ရတဲ့ ခရင်မ်တွေက Trans fats တွေပမာဏများစွာပါဝင်တာကြောင့် ရှောင်စားသင့်ပါတယ်။