ဆံပင်ပုံစံအသစ် ပြောင်းလဲလိုက်တဲ့အခါ အရေးကြီးဆုံးအချက်ကတော့ ကိုယ် ကြိုက်တဲ့ ဆံပင်စတိုင်လ်ထက် ကိုယ့်မျက်နှာနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်ကို ရွေးချယ်ဖို့ပဲဖြစ်ပါတယ်။ ဒါမှ ကိုယ့်ရဲ့မျက်နှာကျနဲ့ ကိုယ့်ဆံပင်စတိုင်လ်က လိုက်ဖက်နေမှာဖြစ်ပြီး ဆွဲဆောင်မှုရှိနေမှာပါ။

နောက်ထပ် အရေးကြီးတဲ့အရာကတော့ ကျွမ်းကျင်တဲ့ဆံသဆရာဆီမှာ ညှပ်ဖို့ပဲဖြစ်ပါတယ်။

ဆံပင်ပုံသွင်းပြီး ဆံပင်စတိုင်လ်သွားပြောင်းတယ်ဆိုတာက စိတ်အပန်းဖြေနည်းတစ်ခုပါပဲ။ စိတ်သစ်လူသစ်ဖြစ်အောင်လို့ ဆံပင်စတိုင်လ်သွားပြောင်းတဲ့အခါ ဆံသဆရာရဲ့ မကျွမ်းကျင်မှုကြောင့် ကိုယ့်ရဲ့စိတ်ကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

ဒါ့ကြောင့် ကိုယ့်အထာသိတဲ့ ဆံသဆရာထံမှာပဲ ပုံမှန်သွားညှပ်သင့်ပါတယ်။ ဘယ်လိုဆံပင်စတိုင်လ်တွေ ညှပ်ရမလဲဆိုတာကိုတော့ ဆက်လက်ဖတ်ရှုကြည့်လိုက်ပါ။

အခုဆက်လက်ဖော်ပြပေးမှာကတော့ ယခုနှစ်အတွင်း ရေပန်းစားပြီး လူအညှပ်များတဲ့ ဆံပင်စတိုင်လ်များပဲဖြစ်ပါတယ်။

တိုတိုကပ်ကပ်ဆံပင်စတိုင်လ်

Popular Haircuts and Hairstyles for Men

ဒီဆံပင်စတိုင်လ်ကတော့ လူကြီးဆန်တဲ့အသွင်ကို ပေါ်လွင်စေပြီး မေးရိုးထင်ထင်ရှားရှားရှိသူများနဲ့ အထူးလိုက်ဖက်တဲ့ ဆံပင်စတိုင်လ်တစ်မျိုးဖြစ်ပါတယ်။

စမတ်ကျကျ Look မျိုး ဖန်တီးချင်တဲ့အခါ

Popular Haircuts and Hairstyles for Men

ဒီပုံစံကတော့ သက်လတ်ပိုင်းတွေ အညှပ်များတဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။ Classic ဆန်တဲ့ဖက်ရှင်မျိုးကို ဖန်တီးပေးပါတယ်။

ဆံပင်ကောက်သူများနဲ့ လိုက်ဖက်တဲ့ဆံပင်စတိုင်လ်

Popular Haircuts and Hairstyles for Men

ဒီဆံပင်ပိုင်ရှင်များကတော့ ကံကောင်းတယ်လို့ဆိုရမှာပါပဲ။ သူတို့ရဲ့ဆံပင်စတိုင်လ်သည် ဆက်စီကျစေတဲ့အသွင်ကို ဖော်ဆောင်ပေးပြီး ဆွဲဆောင်မှုတိုးစေလို့ပဲဖြစ်ပါတယ်။ အနောက်သို့ လှန်ဖြီးထားရင်လည်း ဖက်ရှင်ကျစေပါသေးတယ်။

ဆံကေသာ ပါးသူများနဲ့ လိုက်ဖက်သော ဆံပင်စတိုင်လ်

Popular Haircuts and Hairstyles for Men

အချွန်အတက်များဖြင့် ပုံသွင်းထားတဲ့အတွက်ကြောင့် ဆံပင်ပါးလို့ ပါးမှန်းမသိသာစေပါဘူး။

လှိုင်းတွန့်ဆံပင်ကေကိုမှ ဘေးခွဲထားတဲ့ဆံပင်ကေ

Popular Haircuts and Hairstyles for Men

ပိုမိုနန်းဆန်ချင်တယ်ဆိုရင်တော့ ဂျယ်လ်နဲ့ သေသေချာချာပုံသွင်းဖို့ လိုအပ်ပါလိမ့်မယ်။

ဆံပင်အရှေ့ဘက်ကို ပိုပိုသာသာလေး ရှည်ထားတဲ့ ဆံပင်စတိုင်လ်

Popular Haircuts and Hairstyles for Men

ဒီဆံပင်ကိုကတော့ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးအသွင်ကို ပေါ်လွင်စေပါတယ်။

ဆံပင်အလယ်ပိုင်းကို အထောင်ထားပြီး ကျန်နေရာများကို တိုတိုကပ်ကပ်ညှပ်ထားတဲ့စတိုင်လ်

Popular Haircuts and Hairstyles for Men

မည်သည့်အသက်အရွက် အပိုင်းအခြားနဲ့မဆို လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်တစ်ခုပါ။

ဘေးခွဲစတိုင်လ်

Popular Haircuts and Hairstyles for Men

ဘေးခွဲပြီးသားကိုမှ ဆံပင်အနားသားကို လိမ်လိမ်လေးဖြစ်အောင် ပုံသွင်းထားတာပဲဖြစ်ပါတယ်။ လူငယ်လူရွယ်များထက်စာရင် လူကြီးများနဲ့ ပိုမိုလိုက်ဖက်ပါတယ်။

မကြာခဏ ဆံပင်ဖြီးရတာ မကြိုက်တဲ့သူတွေအတွက်

Popular Haircuts and Hairstyles for Men

ဒီဆံပင်ကေကတော့ သင့်ကို အလုပ်ရှုပ်သက်သာစေတဲ့ ဆံပင်စတိုင်လ်ပါပဲ။

အနောက်သို့ လှန်ဖြီးထားတဲ့ ဆံပင်စတိုင်လ်

Popular Haircuts and Hairstyles for Men

ဒီဆံပင်စတိုင်လ်သည်လည်း အညှပ်များတဲ့ ဆံပင်ကေတစ်ခုဖြစ်ပါတယ်။ ခေါင်းလိမ်းဂျယ်လ်နဲ့ သေချာပုံသွင်းဖို့တော့ လိုပါတယ်။

လူငယ်ဆန်ဆန် ပေါ့ပါးသွက်လက်မှုကို ခံစားရစေမယ့် ဆံပင်စတိုင်လ်

Popular Haircuts and Hairstyles for Men

ဒီဆံပင်စတိုင်လ်ကတော့ ဆယ်ကျော်သက်လူငယ်တွေ အညှပ်များတဲ့ ဆံပင်စတိုင်လ်တစ်ခုဖြစ်ပါတယ်။ ဆံပင်ဘေးနှစ်ဖက်နဲ့ အနောက်ဘက်ကို တိုတိုကပ်ကပ်ညှပ်ထားကာ အလယ်ဘက်မှာတော့ ဆံပင်အုံများများချန်ထားကာ ပုံသွင်းထားတာဖြစ်ပါတယ်။

မျက်နှာကျပေါ်လွင်စေတဲ့ ဆံပင်စတိုင်လ်

Popular Haircuts and Hairstyles for Men

ဒီဆံပင်ကေကလည်း ခုနက ဆံပင်ကေနဲ့ မတိမ်းမယိမ်းပါပဲ။ စောစောကထက် ပိုတိုးပြီး ဂျယ်လ်နဲ့ ပုံသွင်း မသွင်းပဲ ကွာသွားတာပါ။

Source: Thetrendspotter.net