ညစ်ညမ်းရုပ်ရှင် Pornography စွဲလန်းခြင်းကို ရပ်တန့်ချင်တယ်ဆိုရင် ၎င်းရဲ့ အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေကို ဦးစွာ နားလည်ဖို့ လိုပါတယ်။ ညစ်ညမ်းရုပ်ရှင်တွေကို နေ့စဉ် စွဲစွဲလန်းလန်း ကြည့်ရှုဖြစ်နေတယ်ဆိုရင်တော့ ရေရှည်မှာ ဆိုးရွားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ များစွာ ကြုံတွေ့ရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ညစ်ညမ်းရုပ်ရှင် စွဲလန်းခြင်းရဲ့ အန္တရာယ်ရှိတဲ့ဆိုးကျိုး သက်ရောက်မှုတွေ အကြောင်း ပြောပြပေးပါမယ်။

(၁) လက်တွေ့ဘဝနဲ့ ကွဲလွဲမှုတွေ များစွာကို ဖြစ်ပေါ်စေနိုင်တယ်

Performance Anxiety

Photo : Healthaid – Lemonaid Health

ညစ်ညမ်းရုပ်ရှင်တွေဟာ ဖျော်ဖြေရေး သပ်သပ်ရိုက်ကူးထားတဲ့ ပြကွက်တွေကို တင်ဆက်ထားတာပါ။ ပြင်ပလက်တွေ့ဘဝထဲက လိင်မှုကိစ္စနဲ့ မတူကွဲလွဲတွေ အများကြီး ရှိနေပါတယ်။ လက်တွေ့မဆန်တဲ့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်း ၊ ချဲ့ကားထားတဲ့ လိင်မှုပုံစံတွေနဲ့ ဆက်ဆံရေး အခြေအနေတွေကို ပြသနေပါတယ်။ ဒါတွေက သင့်အား အထင်လွဲမှားစေတဲ့ အယူအဆများစွာကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၂) ပါတနာနဲ့ ဆက်ဆံရေးအပေါ် ဆိုးကျိုးသက်ရောက် စေနိုင်တယ်

Performance Anxiety

Photo : ISSM

Pornography စွဲလန်းနေသူတွေဟာ ပြင်ပဘဝထဲက ပါတနာနဲ့ ဆက်ဆံရေးအပေါ် ကျေနပ်အားရမှု နည်းပါးကြပါတယ်။ အဆိုးမြင်စိတ်တွေ ၊ မကောင်းတဲ့ ခံစားချက်တွေ နောက်ကိုလိုက်ပြီး လက်ရှိ ဆက်ဆံရေးအပေါ် တန်ဖိုးမထားတာ ၊ စိတ်ကျေနပ်မှုမရှိတာ စတဲ့ ခံစားချက်တွေကို ဖြစ်ပေါ်စေတက်သလို အဆုံးသတ်မှာ ပါတနာနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးတစ်ခုဆီ ဦးတည်သွားနိုင်ပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှု ကျဆင်းစေနိုင်တယ်

Performance Anxiety

Photo : PsychiCare

Pornography စွဲလန်းခြင်းရဲ့ နောက်ထပ်ဆိုးပြစ် တစ်ခုကတော့ ညစ်ညမ်းရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုးယှဉ်ပြီး အားမလိုအားမရဖြစ်တာ ၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှု ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ညစ်ညမ်းရုပ်ရှင်တွေဟာ လက်တွေ့ဘဝပေါ်မှာ အခြေခံထားခြင်း မဟုတ်ပါ။ ဖျော်ဖြေရေးသပ်သပ် တင်ဆက်ထားတဲ့ ပြကွက်တွေ ဖြစ်တာကြောင့် တကယ့်လက်တွေ့ဘဝနဲ့ ကွဲလွဲမှုတွေ များစွာရှိနိုင်ပါတယ်။ ဒါတွေကို လိုက်နှိုင်းယှဉ်မယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးမှု ၊ အထင်ကြီးလေးစားမှုတွေ ကျဆင်းလာမှာ ဖြစ်ပါတယ်။

(၄) ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကို ခံစားရနိုင်တယ်

Anxiety
Photo : Verywell Health

နေ့စဉ်ရက်ဆက် အချိန်နဲ့အမျှ ညစ်ညမ်းရုပ်ရှင်တွေကို စွဲစွဲလန်းလန်း ကြည့်ရှုနေမိတဲ့အခါ စိတ်ဖိစီးမှု Level ဟာ မြင့်တက်လာမှာပါ။ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေ ပျက်ကွက်တာ ၊ ချစ်သူပါတနာနဲ့ ဆက်ဆံရေး အဆင်မပြေတာ ၊ အဆိုးဘက်ကို ဦးတည်နေတဲ့ ခံစားချက်တွေ ဖြစ်ပေါ်တာ စတဲ့ အချက်တွေ ကြုံတွေ့ရနိုင်ပြီး ပြင်းထန်တဲ့ စိတ်ဖိစီးမှု ပြဿနာတွေကို ကြုံတွေ့ခံစားရနိုင်တာပဲ ဖြစ်ပါတယ်။

Source : My Fit Brain

Featured Photo : SHEIKH DR ZAID ALSALAMI