ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆွီဒင်နှင့်ယှဉ်ပြိုင်ကစားခဲ့တဲ့ နေရှင်းလိဂ်ပြိုင်ပွဲတွင် (၂) ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် နိုင်ငံတကာ သွင်းဂိုး (၁၀၁) ဂိုးအထိ ရှိလာခဲ့ပါတယ်။ ဒါဟာ အီရန်တိုက်စစ်မှူးဟာင်း အလီဒါယီ (၁၀၉) ဂိုး ပြီးရင် နိုင်ငံလက်ရွေးစင် အသင်းအတွက် ဂိုးအများဆုံးစာရင်းမှာ စီရော်နယ်ဒိုက ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

Source: St. Louis Post-Dispatch

လက်ကျန်ပွဲစဉ်တွေမှာ ဂိုးတွေသွင်းယူနိုင်မယ်ဆိုရင် ရော်နယ်ဒိုအနေနဲ့ နိုင်ငံ့လက်ရွေးစင်အတွက် ဂိုးအများဆုံး သွင်းနိုင်သူအဖြစ် ရပ်တည်နိုင်ဖို့ အခွင့်အရေးရှိနေပါတယ်။လက်ရှိကစားနေဆဲ ကစားသမားတွေထဲမှာတော့ စီရော်နယ်ဒိုက နိုင်ငံတကာသွင်းဂိုး အများဆုံးအဖြစ် စံချိန်တင်ထားပါတယ်။

Source: Cristiano-Ronaldo-Instagram-News

ရော်နယ်ဒိုဟာ ဆွီဒင်နှင့်ပွဲတွင် ပထမဂိုးကို ဖရီးကစ်မှ တဆင့်သွင်းယူခဲ့ခြင်းဖြစ်ပြီး ဒါဟာ ကစားသမားဘဝ ဖရီးကစ်ကနေတဆင့် ဂိုးသွင်းယူနိုင်မှု (၅၇) ဂိုးအထိရှိသွားပါပြီ။

ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အတွက် ပထမဆုံးဂိုးကို (၂၀၀၄) ယူရိုပြိုင်ပွဲ အသက် (၁၉) နှစ်အရွယ်မှာ သွင်းယူပေးခဲ့ပါတယ်။

Source: Goal

ပြိုင်ပွဲတွေအနေနဲ့ ယူရိုခြေစစ်ပွဲတွေမှာ (၃၁) ဂိုး၊ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ဂိုးပေါင်း (၃၀)၊ ခြေစမ်းပွဲတွေမှာ (၁၇) ဂိုး၊ ကမ္ဘာ့ဖလားနဲ့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့်တွေမှာ (၁၆) ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

တခြားပြိုင်ပွဲတွေအနေနဲ့ နေးရှင်းလိဂ်မှာ (၅) ဂိုး၊ ကွန်ဖက်ဒရေးရှင်းဖလားမှာ (၂) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။