ပေါ်တူဂီ ၁-၀ နယ်သာလန်

ပေါ်တူဂီအသင်းဟာ ပေါ်တိုမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နေရှင်လိဂ် ဗိုလ်လုပွဲမှာ နယ်သာလန်အသင်းကို အနိုင်ယူပြီး ပထမဆုံး နေရှင်လိဂ် ချန်ပီယံအဖြစ် မှတ်တမ်းစိုက်ထူနိုင်ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာ ဖလားရခဲ့တဲ့အတွက်ကြောင့်လည်း ၂၀၂၀ မှာ ကျင်းပမဲ့ ယူရို ၂၀၂၀ ခြေစစ်ပွဲကို တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိသွားခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ၃ နှစ်အတွင်း ဒုတိယမြောက်ဖလားကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source: Evening Standard

ပေါ်တူဂီအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲကစားချိန် မိနစ် (၆၀) မှာ ဘာနန်ဒိုဆေးဗားရဲ့ ပါးနပ်တဲ့ ဖန်တီးပေးမှုကနေတဆင့် တောင်ပံကစားသမား ဂူးဒက်စ်က ဂိုးဧရိယာထိပ်ကနေ ကန်းသွင်းယူခဲ့တာပါ။ ဂူးဒက်စ်ဟာ ပေါ်တူဂီအသင်းအတွက် (၈) ပွဲမှာ (၃) ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Source: Off The Ball

ဂိုးပေးလိုက်ရပြီးနောက် နယ်သာလန်အသင်းက တိုက်စစ်ကို အားဖြည့်ပြီး ခြေပဂိုးရဖို့အတွက် ကြိုးစားခဲ့ပေမဲ့ မိနစ် (၉၀) ပြည့်တဲ့အထိ ဂိုးမသွင်းယူနိုင်ခဲ့တာကြောင့် ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

နာမည်ကြီး အင်္ဂလန်အသင်းကတော့ တတိယဗိုလ်လုပွဲမှာ ဆွစ်ဇာလန်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ ပထမဆုံးကျင်းပတဲ့ နေရှင်လိဂ်ဖလားကို ထိုက်ထိုက်တန်တန် ရယူခဲ့တာလည်းဖြစ်ပါတယ်။