လူတွေမှာ သိလို့ဖြစ်စေမသိလို့ဖြစ်စေ လုပ်ဆောင်မှုတခုကို ထပ်ခါထပ်ခါလုပ် ဆောင်တဲ့အခါ အလေ့အကျင့်တခုဖြစ်လာပါတယ်။ တယောက်နဲ့တယောက်မတူကြဘူးဆိုပေမယ့် ဘဝတိုးတက်ကောင်းမွန်ဖို့ဆိုရင် လိုအပ်တဲ့အလေ့အကျင့် ကောင်းတွေများများရှိဖို့လို အပ်ပါတယ်။ အခုပြောပြပေးမှာက သင့်အနေနဲ့ ဘဝကိုတိုးတက်ပြောင်းဖို့အတွက် လုပ်ကိုလုပ်သင့်တဲ့အပြုသဘောဆောင်တဲ့ အလေ့အကျင့် (၄)ခု အကြောင်းပါ။

(၁) အပြစ်တင်တာ၊ ညည်းညူတာတွေကိုရပ်လိုက်ပါ

Source : Freepik

ပထမဆုံးတချက်က သင့်ဘဝမှာရှိတဲ့အရာတွေကို အပြစ်တင်တာ၊ ညည်းညူနေမိတာတွေရှိရင်ရပ်လိုက်ပါ။ လူတိုင်းမှာ ပြဿနာတခုမဟုတ်တခုတော့ ရှိတက်ကြပါတယ်။ သင်ဘာလုပ်နိုင်လဲ သင့်မှာဘာတွေရှိလဲ၊ သင်ဘယ်လိုဖြေရှင်းလဲဆိုတဲ့အပေါ် မူတည်ပြီး ရလဒ်တွေကွာသွားတာပါ။ ပြဿနာတွေအားလုံးကို သင်ကထင်တာထက် ပိုကိုင်တွယ်နိုင်ပါတယ်။

(၂) စာဖတ်ပါ

Source : Shutterstock

နောက်တခုက စာဖတ်ဖို့ပါ။ စာဖတ်ဖို့ကို ခဏခဏကြားဖူးနေကြပေမယ့်လို့ နေ့တိုင်းစာဖတ်တဲ့သူကတော့ ရှားပါတယ်။ တကြိမ်ထဲ စာအုပ် ၁၀ လောက်ဖတ်တာထက် နေ့စဉ်စာမျက်နှာ နည်းနည်းစီဖတ်ပေးတာပိုကောင်းပါတယ်။ သင့်အနေနဲ့ စာအုပ်ထဲကနေ တစုံတယောက်ရဲ့ဘဝတစ်သက်တာ အတွေ့အကြုံတွေကို ယူလို့ရပါတယ်။

(၃) ကျေးဇူးတင်တတ်တဲ့စိတ်ကို မွေးပါ

Source : www.monstermindset.de

နံပါတ် ၃ အချက်ကတော့ သင့်ဘဝရဲ့နေ့ရက်တိုင်းကို ကျေးဇူးတင်တဲ့စိတ်မွေးမြူဖို့ပါ။ သင်ကသာသင်ရဲ့နေ့ရက်တိုင်းကို ကျေးဇူးမတင်ရင် နေ့ရက်တိုင်းကသင့်ကိုကျေနပ်စေမှာမဟုတ်ပါဘူး။ သင့်ရဲ့ဘဝကိုကျေးဇူးတင်တတ်တာ၊ သင့်မှာရှိတဲ့အရာအားလုံးကိုကျေးဇူးတင်တတ်တာက သင့်ကိုပိုပျော်ရွှင်တဲ့လူတယောက်ဖြစ်လာစေမှာ သေချာပါတယ်။

(၄) တရားထိုင်ပါ

Source : Medium

နေ့တိုင်းအချိန်ခဏပေးပြီး တရားထိုင်တာက သင့်ကိုပိုကောင်းကောင်းအိပ်ပျော်စေတယ်၊ စိတ်ဖိစီးမှုလျော့စေပါတယ်။ ဒါ့အပြင် စိတ်ကူးဉာဏ်ကွန့်မြူးစေတဲ့အတွက် လုပ်ငန်းဆောင်တာမှာလဲ ပိုအာရုံစိုက်နိုင်ပါတယ်။ အိပ်မပျော်တဲ့အခါ ဆိုရှယ်မီဒီယာမှာအချိန်ဖြုန်းမယ့်အစား မိနစ်အနည်းငယ် တရားထိုင်တာကသင့်စိတ်အတွက် သင့်ခန္ဓာကိုယ်အတွက် အကျိုးများစွာရစေပါတယ်။