တချို့သောနေ့စဉ်ဘဝထဲက လူတိုင်းလုပ်မိနေတက်တဲ့အလေအကျင့်တွေက ဦးနှောက်နဲ့မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာ အများစုသတိမေ့နေတက်ပါတယ်။ သိလို့ဖြစ်စေ သတိလက်လွတ်လုပ်မိတာဖြစ်စေ ရေရှည်မှာတော့ သင့်ရဲ့ မှတ်ဉာဏ်စွမ်းရည်အတွက် စိတ်ပူစရာရှိလာနိုင်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ သတိထားဆင်ခြင်သင့်တဲ့ မှတ်ဉာဏ်ပျက်စီးစေနိုင်တဲ့ အလေ့အကျင့်ဆိုးတွေပြောပြပေးချင်ပါတယ်။
(၁) မနက်စာမစားခြင်း

Source : wishqatar.org
နေ့တစ်နေ့ကိုစတင်ချိန်မှာ အာဟာရပြည့်ဝတဲ့မနက်စာကိုမဖြစ်မနေစားသုံးပေးသင့်ပါတယ်။ မနက်စားဟာ ခန္ဓာကိုယ်အတွက်စွမ်းအင်တွေကိုမြှင့်တင်ပေးပြီး စိတ်ကြည်လင်လန်းဆန်းစေကာ တစ်နေ့တာကိုအားအင်အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ ကူညီပေးပါတယ်။ အကယ်၍မနက်စာမစားဘူးဆိုရင် သင့်ရဲ့ခန္ဓာကိုယ်မှာရှိသင့်တဲ့ စွမ်းအင်တွေလည်းရှိလာနိုင်မှာမဟုတ်သလို ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပျက်စီးလာစေမှာဖြစ်ပါတယ်။
(၂) စိတ်ပိုင်းဆိုင်ရာခံစားမှုများခြင်း

Source : wishqatar.org
စိတ်ခံစားမှုနဲ့ဆိုင်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကလည်း မှတ်ဉာဏ်စွမ်းရည်ကိုဆုံးရှုံးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများခြင်း စိတ်ဓာတ်ကျခြင်း စိုးရိမ်စိတ်လွန်ကဲခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေခံစားနေရရင် အာရုံစူးစိုက်ဖို့လည်းခက်ခဲလာပြီး မှတ်ဉာဏ်ကိုထိခိုက်လာမှာဖြစ်ပါတယ်။ဒါကြောင့် စိတ်ကျန်းမာရေးကိုအထူးဂရုစိုက်ပြီး စိတ်ဖိစီးမှုကင်းစေဖို့ ယောဂကစားခြင်းကဲ့သို့ အလေ့ကျင့်မျိုးတွေလုပ်ဆောင်ပေးသင့်ပါတယ်။
(၃) ဆေးလိပ်သောက်ခြင်း

Source : ABC
လေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေဟာ လူတွေရဲ့ နာမည်တွေနဲ့မျက်နှာတွေကို မှတ်သားရခက်ကြတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုရင်ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကိုအောက်ဆီဂျင်ပေးပို့မှုလျော့နည်းသွားပြီး မှတ်ဉာဏ်စွမ်းရည်ကိုထိခိုက်လာစေလို့ပါ။ ဆေးလိပ်မှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကလည်း မှတ်ဉာဏ်ကိုဆိုးဆိုးရွှားရွှားပျက်စီးစေတာဖြစ်ပါတယ်။
(၄) အိပ်ရေးပျက်ခြင်း

Source : CDC
မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်ပျက်စီးစေတဲ့အရာတွေထဲမှာ အကြီးမားဆုံးကတော့ အိပ်ရေးပျက်တာပါပဲ။ အိပ်ရေးပျက်တဲ့ရက်တွေများလာတဲ့အခါ စိတ်မရွှင်မလန်းဖြစ်လာပြီး ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကိုပါထိုးကျစေပါတယ်။ အိပ်စက်ချိန်နည်းလွန်းခြင်း ညဘက်တွေမကြာခဏလန့်နိုးခြင်း စတဲ့အရာတွေကလည်း ဦးနှောက်နဲ့ မှတ်ဉာဏ်ကိုထိခိုက်စေတာကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေမယ့် အလေ့အကျင့်ကောင်းတွေကိုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။
