စာဖတ်သူဟာ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ သူတစ်ယောက်ဖြစ်ချင်ပါသလား။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ခင်မင်သူများတဲ့သူတစ်ယောက်ဖြစ်ဖို့ အခြေခံကျတဲ့အချက်လေးတွေသိထားဖို့လိုပါမယ်။
(၁) ပြုံးပါ

Source : Shutterstock
အပြုံးကနွေးထွေးတဲ့ချစ်ခြင်းမေတ္တာကို ခံစားရစေတဲ့အမူအရာတစ်ခုဖြစ်သလို နှစ်လိုဖွယ်လည်းကောင်းပါတယ်။ လူတော်တော်များများက အမြဲတမ်းပြုံးနေတက်တဲ့သူတွေကို ပိုပြီးခင်မင်ကြသလို အလေးလည်းထားကြပါတယ်။ ဒါကြောင့်လူချစ်လူခင်များဖို့ဆိုရင် ရင်ထဲကလာတဲ့အပြုံးတွေနဲ့ လူတွေကိုပြုံးပြလိုက်ပါ။
(၂) နားထောင်ပါ

Source : ELLE Man
လူတစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါ တဖက်လူစကားပြောတဲ့အခါ ဂရုတစိုက်နားထောင်ခြင်းက လေးစားမှုကိုပြသရာရောက်သလို ခင်မင်ရင်းနှီးတဲ့ခံစားမှုကိုလည်း ရရှိစေပါတယ်။ ဒါကြောင့် ဘယ်သူနဲ့စကားပြောပြော သေချာဂရုတစိုက်နားထောင်ပေးတက်တဲ့အကျင့်ကိုမွေးမြူသင့်ပါတယ်။
(၃) စိတ်ရင်းနဲ့ပေါင်းပါ

Source : 123RF.com
လူတစ်ယောက်က ကိုယ့်ကိုဟန်ဆောင်နေတာလား စိတ်ရင်းနဲ့ပေါင်းတာလားဆိုတာကို ခန့်မှန်းလို့ရပါတယ်။ ကိုယ်ကတကယ်ပဲ စိတ်ရင်းနဲ့ ခင်မင်းရင်းနှီးစွာပြောဆိုဆက်ဆံမယ်ဆိုရင် တစ်ခါမှမဆုံဖူးတဲ့လူတစ်ယောက်နဲ့တောင် အချိန်ခဏလေးအတွင်းမှာတင် ရင်းနှီးသွားစေနိုင်ပါတယ်။လူချစ်လူခင်များချင်ရင် မျက်နှာဖုံးတွေတပ်မထားဖို့တော့လိုပါလိမ့်မယ်။
(၄) ပျော်ပျော်နေပါ

Source : Martens Outplacement
ပျော်ပျော်နေတက်တဲ့လူ ဟာသတွေအမြဲပြောတက်တဲ့သူတွေဟာ လူတွေကြားမှာထင်ပေါ်ကျော်ကြားသလို လူတွေရဲ့ ခင်မင်မှုကိုလည်း ရရှိကြပါတယ်။ကိုယ့်ရဲ့စကားပေါ်မှာ တစ်ဖက်လူပျင်းမသွားစေဖို့ စကားပြောတဲ့အခါ ရယ်စရာဟာသလေးတွေ အနည်းငယ်ရောပြောပါ။ သင့်ကိုလူချစ်လူခင်မျေားလာမှာသေချာပါတယ်။
