နဂါးပုံတက်တူးများသည် အမျိုးသားများအကြား ရေပန်းအစားဆုံး တက်တူးဒီဇိုင်းတွေထဲက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ အားကြီးခြင်း၊ သန်မာခြင်း၊ လျှို့ဝှက်ခြင်း စတဲ့ ဂုဏ်သတ္တိများကို ဒီဒဏ္ဍာရီလာ သတ္တဝါကြီးထံမှ တွေ့မြင်ရပါတယ်။ နဂါးပုံတက်တူးရဲ့ နောက်ကွယ်မှာလည်း စွမ်းအားကြီးခြင်း၊ ဉာဏ်အမျှော်အမြင်ကြီးခြင်းအပြင် ခွန်အားဗလရှိခြင်းတို့ ကိန်းအောင်းနေပါသေးတယ်။

နဂါးပုံတက်တူး ထိုးလို့အကောင်းဆုံးနေရာများကတော့ ခြေသလုံး၊ ကျောကုန်းနှင့် လက်မောင်းတို့ပဲဖြစ်ပါတယ်။ သင့် နဂါးပုံတက်တူးက သေးသေး ကြီးကြီး သူ့ဒီဇိုင်းနဲ့သူ ကြည့်ကောင်းနေတာတော့ အမှန်ပါပဲ။

သင့်အနေနဲ့ နဂါးပုံတက်တူး ထိုးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် တက်တူးဒီဇိုင်းလေးများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

ရိုးရာနဂါးပုံတက်တူး

dragon tattoos for men

ဒီတက်တူးကတော့ ကံကောင်းခြင်းကို ကိုယ်စားပြုပါတယ်။ လက်မောင်း (သို့) လက်ဖျံမှာ ထိုးလို့အကောင်းဆုံးတက်တူးပါ

ရောင်စုံတက်တူး

dragon tattoos for men

ပုခုံးကနေ လက်ကောက်ဝတ်အထိ တောက်လျှောက် တက်တူးရေးထိုးချင်တယ်ဆိုရင်တော့ ဒီလိုဒီဇိုင်းမျိုးက အသင့်အတော်ဆုံးပါပဲ။ ဒီတက်တူးကတော့ တရုတ်ရိုးရာနဲ့ ဂျပန်ရိုးရာနှစ်ခုကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။

နောက်ကျောပြင်တစ်ခုလုံး ရေးထိုးထားတဲ့ တက်တူး

dragon tattoos for men

နောက်ကျောပြင်တစ်ခုလုံး ရေးထိုးထားတဲ့ နဂါးပုံတက်တူးကတော့ သင့်ရဲ ယောကျာ်းပီသမှုကို လှစ်ဟပြနေသယောင် ဖော်ကျူးနေပါတယ်။

နဂါးပုံတက်တူးအသေးစား

dragon tattoos for men

နဂါးပုံတက်တူးအသေးကတော့ လက်ကောက်ဝတ် (သို့) လည်ပင်း စတဲ့ နေရာသေးတဲ့တစ်ဝိုက်မှာ ရေးထိုးထားဖို့ အသင့်တော်ဆုံးပါပဲ။

ကျားနှင့် နဂါးပုံတက်တူး

dragon tattoos for men

ကျားနဲ့ နဂါးကတော့ ဆန့်ကျင်ဘက် အားနှစ်ခုကို ရည်ညွှန်းပါတယ်။ အာရှနိုင်ငံရှိ အမျိုးသားများအကြား အထိုးအများဆုံး တက်တူးဒီဇိုင်းတွေပဲဖြစ်ပါတယ်။

နဂါးနှင့် ဖီးနစ်ပုံတက်တူး

dragon tattoos for men

ဖီးနစ်ငှက်နှင့် နဂါးကလည်း လိုက်ဖက်တဲ့ အတွဲအစပ်ပဲဖြစ်ပါတယ်။ ဒဏ္ဍာရီထဲမှာ အားအကြီးဆုံး သတ္တဝါတွေပဲဖြစ်ပါတယ်။ သူတို့နှစ်ခုကို ပေါင်းစပ်လိုက်တဲ့အခါ စွမ်းအင်နှစ်ခုပေါင်းစပ်သွားပြီး ညီမျှတဲ့အားအသစ်တစ်ခု ထွက်ပေါ်လာခြင်းကို ရည်ညွှန်းပါတယ်။

တချို့ကျတော့ ထိုတက်တူးက ချစ်ခြင်းတရားနှင့် လက်ထပ်ထိမ်းမြားခြင်းကို ကိုယ်စားပြုတာကြောင့် လက်ထပ်ပြီးခါစ အမျိုးသားများအကြား ထိုးလေ့ရှိကြတယ်လို့ ပြောကြပါတယ်။

Source: Thetrendspotter.net