ကမ္ဘာကျော် ဟောလီဝုဒ်သရုပ်ဆောင် အကျော်အမော်တွေထဲမှာ ဝီလ်စမစ်ဆိုရင် မသိသူ မရှိဘူးလို့ ထင်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ် နာမည်ကြီး ရက်ပါတစ်ဦးလည်း ဖြစ်တဲ့ ဝီလ်စမစ်ကို Newsweek က ၂၀၀၇ ခုနှစ်မှာ ဟောလီဝုဒ်ရဲ့ ဩဇာအကြီးဆုံး သရုပ်ဆောင်အဖြစ် ညွှန်းခဲ့ပါတယ်။

အကယ်ဒမီ ၂ ဆုနဲ့ ရွှေကမ္ဘာလုံး ဆု ၅ ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့သလို ဂရမ်မီဆု ၄ ဆုလည်း ရခဲ့တဲ့ ဝီလ်ကို အချမ်းသာဆုံး သရုပ်ဆောင်တွေထဲက တစ်ယောက် ၊ အပြောင်မြောက်ဆုံး သရုပ်ဆောင်နိုင်တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်အဖြစ်ပဲ လူသိများပါတယ်။ တကယ်က ဝီလ်ဟာ ထူးချွန်တဲ့ Motivational Speaker နဲ့ ဉာဏ်အမြော်အမြင် ကြီးသူဆိုလည်း မမှားပါဘူး။
အခုကောက်နှုတ်ထားတဲ့ စကားတွေထဲမှာ ဝီလ်ရဲ့ အတွေးအခေါ်တွေကို အရှင်းသား မြင်ရမှာပါ။

Photo: addicted2success

(၁) ငွေ

“လူတော်တော်များများဟာသူတို့ မကြိုက်တဲ့သူတွေ အထင်ကြီးအောင်လို့ သူတို့ မဝတ်နိုင်တဲ့ ပစ္စည်းတွေ ဝယ်ဖို့ ငွေသုံးကြတယ်”

(၂) ကိုယ်ထူးကိုယ်ချွန်

“လူတွေအကြိုက်နောက် လိုက်မလုပ်နဲ့။ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်ပါစေ။ ကိုယ်ပိုင်အရာတွေ ဖန်တီးပါ။ ဝီရိယထား ကြိုးစားပါ”

(၃) ပင်ကိုယ်အရည်အသွေး

“ကျွန်တော့်ကိုယ် ကျွန်တော် သိပ်ပြီး ထူးထူးကဲကဲ Talent ရှိတယ်လို့ မမြင်ပါဘူး။ ပုံမှန် ပင်ကိုယ်အရည်အသွေးထက် နည်းနည်းပဲ ရှိတယ်လို့ မြင်ပါတယ်။”

Photo: inspiredlifehq

(၄) အောင်မြင်ခြင်းနှင့် ငွေကြေးဥစ္စာ

“ငွေနဲ့အောင်မြင်ခြင်းဟာ လူတွေကို ပြောင်းလဲ မပေးနိုင်ပါဘူး။ သူတို့က နဂိုရှိရင်းစွဲ စိတ်နေစိတ်ထားကိုပဲ နည်းနည်းလေး ချဲ့ပေးလိုက်တာပါ”

(၅) လောက

“ဒီကမ္ဘာကြီးကို ပိုကောင်းတဲ့ ကမ္ဘာကြီး ဖြစ်စေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ဒီ(ကမ္ဘာ)မှာ နေထိုင်တာမို့ပါ”

ဝီလ်စမစ်ရဲ့ မှတ်သားဖွယ်စကားတွေထဲကနေ တစ်ခုခု ရသွားမယ် ထင်ပါတယ်။