ဘဝမှာအရာရာပျောက်ဆုံးနေသလို ခံစားနေရပြီး ပျော်ရွှင်မှုက ကိုယ့်အတွက်မရှိတော့သလို လမ်းပျောက်နေသလိုခံစားနေရလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက် အားတက်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဘဝရဲ့စစ်မှန်တဲ့ ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်ဖန်တီးယူရတယ်ဆိုတာ သက်သေပြနေတဲ့သူတစ်ဦးနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ မွေးရာပါခြေရောလက်ရော မပါလာခဲ့ပေမဲ့ ဘဝကိုအကျိုးရှိရှိ ဖြတ်သန်းရင်း ပျော်ရွှင်စွာရှင်သန်နေတဲ့ Nick Vujicic ပဲဖြစ်ပါတယ်။ Nick ဟာ သူကိုယ်တိုင်သာမက လက်လှမ်းမှီနိုင်သမျှ သူများတွေကိုပါ ဘဝမှာနေပျော်စေဖို့ Inspiration ပေးချင်တဲ့ စေတနာလဲအပြည့်ရှိ သူတစ်ဦးပါ။ ဒါကြောင့်သူ့ရဲ့  Life Without Limits ဆိုတဲ့ စာအုပ်ထဲက ကောက်နုတ်ချက်လေးများကို ဖော်ပြပေးလိုက်ရပါတယ်။

Nick Vujicic

Photo : Liberty University

(၁) သူငယ်ချင်းမိတ်ဆွေလိုချင်ရင် အရင်ဆုံးကိုယ်ကမိတ်ဆွေကောင်းဖြစ်ဖို့ကြိုးစားပါ။ မျှော်လင့်ချက်မဲ့နေသလိုခံစားရရင် သူတစ်ပါးရဲ့မျှော်လင့်အားကိုးရာဖြစ်ဖို့ အရင်ကြိုးစားလိုက်ပါ။
(၂) လူတိုင်းမှာ မပြည့်စုံမှုအပြစ်အနာအဆာတွေ ရှိတတ်တာဟာ သဘာဝမို့ ကောင်းတဲ့အရာတွေကိုပဲ တန်ဖိုးထားသိမြင်တတ်ဖို့က အလွန်အရေးကြီးလှပါတယ်။
(၃) ကိုယ်ကိုယ့်ကိုလေးစားမိစေမယ့် လုပ်ရပ်မျိုးကိုသာ ရွေးချယ်ပြုမူပါ။

Nick Vujicic

Photo : Guven Business Group

(၄) တစ်ခါတလေမှာ ကျွန်တော်တို့လိုချင်တဲ့ အဖြေမျိုးကို ချက်ချင်းသိရဖို့ မဖြစ်နိုင်ဘူးဆိုတာ နားလည်ထားသင့်တယ်။
(၅) ကိုယ့်ကိုယ်ကိုတောင် အကြွင်းမဲ့လက်မခံနိုင်သေးရင် သူတစ်ပါးကို လက်ခံပေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။
(၆) လောကမှာကျွန်တော်မတွေ့ကြုံဖူးတဲ့ ပြသနာပေါင်းသောင်းခြောက်ထောင် ရှိနေမြဲပါ။ ဒါကြောင့် အဲ့ပြဿနာပေါင်းထောင်ချီ ရင်ဆိုင်နေရတဲ့သူတွေထပ်တော့ ကျွန်တော့်ဘဝက အဆပေါင်းများစွာ လွယ်ကူနေဦးမယ်ဆိုတာ သေချာပါတယ်။
(၇) ကျွန်တော့်ဘဝမှာ ပထမဆုံးသင်ယူခဲ့ရတာ တစ်ခုကတော့ သူတစ်ပါးအကူညီကိုတောင်းဆိုတတ်ဖို့ပါပဲ။ ခြေလက်အင်္ဂါစုံလင်သည်ဖြစ်စေ၊ မစုံလင်သည်ဖြစ်စေ ကျွန်တော်တို့တစ်ယောက်ထဲ မလုပ်နိုင်တဲ့အရာတွေဆိုတာ ရှိနေစမြဲဖို့ အကူညီတောင်းဖို့တွန့်ဆုတ်နေဖို့ မလိုအပ်လှပါဘူး။

Nick Vujicic

Photo : Fearless Motivation

(၈) သေခြင်းတရားဆိုတာကို မမေ့ထားပဲ ဘဝကိုနောက်ဆုံးနေ့ရက်တွေလို အကျိုးရှိရှိဖြတ်သန်းနေမယ်ဆိုရင် ဘဝရဲ့နောက်ဆုံးအချိန်မှာ နောင်တကင်းစွာနဲ့ သေခြင်းတရားဆိုတာကို ရင်ဆိုင်ဖို့ တုန်လှုပ်နေမှာမဟုတ်ဘူးဆိုတာ သေချာတယ်။
(၉) အချစ်ဆိုတာကို ပိုင်ဆိုင်ရဖို့ မင်းရဲ့ နာမည်ဂုဏ်သတင်း၊ အရည်အချင်း စတာတွေ မရှိမဖြစ်မလိုအပ်ပါဘူး။အချစ်စစ်မှန်ရင် မင်းရဲ့နှလုံးသားကသာ တန်ဖိုးမဖြတ်နိုင်မယ့်အရာတစ်ခုဖြစ်လာမှာပါ။
(၁ဝ) ကိုယ့်ကိုယ်ကို အရှုံးသမားလို့ ထင်မြင်နေတတ်ကြတဲ့သူတွေဟာ သူတို့ပန်းတိုင်နဲ့ဘယ်လောက်နီးစပ်နေပြီလဲဆိုတာကို မသိပဲလက်လျော့ခဲ့ကြတဲ့သူတွေမို့ပါ။

Featured Photo : Poznan.pl