ကမ္ဘာကြီးရဲ့ ဘယ်နေရာကိုပဲသွားသွား ဘဝမှာ အဆိပ်လိုလူစားမျိုးတွေကို တွေ့ရစမြဲပါ။ အထူးသဖြင့် လုပ်ငန်းခွင်မှာ တွေ့ရလေ့ ရှိပါတယ်။ ဒီလိုလူမျိုးတွေက သင်လုပ်ထားတဲ့အရာကို သူတို့လုပ်ထားသလိုမျိုး ဝင်ပြီးအမှတ်ယူမယ် (သို့) သင့်အကြောင်း သူများအကြောင်းတွေကို အလုပ်ထဲမှာ အတင်းစကားပြောတဲ့လူတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလူတွေက သင့်ရဲ့ စွမ်းဆောင်ရည်ကို အားနည်းအောင်ပြုလုပ်နိုင်ရုံသာမက အလုပ်လုပ်ချင်စိတ်ကုန်ဆုံးသွားအောင်လည်း လုပ်နိုင်စွမ်းရှိကြတယ်။ အကယ်၍ သင့်အနေနဲ့ သတိမထားဘူးဆိုရင် သူတို့က သင့်ရဲ့အလုပ်ခွင်ဘဝကို ဖျတ်စီးပစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လုပ်ငန်းခွင်အတွင်းမှာ အဆိပ်လို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်လုပ်ရတဲ့အခါ ဘယ်လိုမျိုးရှင်သန်နိုင်အောင် ကြိုးစားရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။

မိမိကိုယ်ကို ထိန်းချုပ်ဖို့ ကြိုးစားပါ

Source: Inlen

လုပ်ငန်းခွင်ထဲမှာ တခြားလုပ်ဖော်ကိုင်ဖက်တွေ (သို့) အထက်လူကြီးတွေကို ထိန်းချုပ်ဖို့ကြိုးစားတာက မဖြစ်နိုင်ပါဘူး။ ဒီလိုဖြစ်လာဖို့ မျှော်လင့်နေခြင်းကလည်း သင့်ရဲ့အချိန်နဲ့ အားအင်တွေကို ကုန်ဆုံးစေပါတယ်။ ဒီလိုအခြားလူတွေကို ထိန်းချုပ်လို့မရပေမယ့် သူတို့ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုတော့ သင့်ကိုယ်သင် ထိန်းချုပ်လို့ရပါတယ်။ အကောင်းဆုံးတုံ့ပြန်နည်းကတော့ ဘာမှမပြောဘဲနေဖို့ရယ် (သို့) ကိုယ့်အတွက်ကောင်းတဲ့ အရာတွေပေါ် အာရုံစိုက်ထားဖို့ပါပဲ။

စောဒကမတက်ပါနဲ့

Source: Monster Jobs

လူအမျိုးမျိုးမှာ စိတ်ပျက်စရာတွေကို စွန့်လွှတ်ဖို့ နည်းလမ်းအမျိုးမျိုးရှိကြတယ်။ ဒါပေမယ့် ပြဿနာကိုပဲ ပါရုံစိုက်နေမယ်ဆိုရင် အဖြေရှာဖို့အတွက် အတားအဆီးဖြစ်စေပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းရှင် သူဌေးကို စောဒကတက်မယ်ဆိုရင် သတိထားပါတယ်။ ဒါဟာ သင့်အနေနဲ့အခြေအနေကို မထိန်းချုပ်နိုင်ရာရောက်သလို သဘောထား သေးသိမ်ရာလည်းရောက်ပါတယ်။ ဒါ့ကြောင့် မညီမျှမှုတွေကို စောဒကတက်နေမယ့်အစား ပြဿနာအပေါ် ဘယ်လိုအဖြေရှာမလဲဆိုတာကိုပဲ စဉ်းစားပါ။

ခံစားချက်အပေါ်မူတည်ပြီး တာဝန်ယူမှုရှိပါ

Source: Wooded Glen Recovery Center

ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်ကြောင့် စိတ်ညစ်ရတယ် (သို့) သူဌေးကြောင့် စိတ်တိုရတယ်ဆိုတာတွေဟာ သူတို့တွေက သင့်ရဲ့ခံစားချက်အပေါ် လွှမ်းမိုးမှု ရှိနေတယ်ဆိုတာ ပြနေတာပါပဲ။ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်က ဘယ်လောက်ပဲဆိုးရွားနေပါစေ သူတို့ရဲ့အပြုအမူတွေက သင့်ရဲ့စိတ်ခံစားမှုအပေါ် သက်ရောက်မှုမရှိပါစေနဲ့။ သင့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တာ သင်ကိုယ်တိုင်ဖြစ်တယ်ဆိုတာ ခံယူထားပါတယ်။ တခြားလူတွေ ဘယ်လိုပြုမူနေတယ်ဆိုတာကို မေ့ထားလိုက်ပါ။