စာဖတ်ခြင်းက လူကြီးလူငယ်မရွေး လုပ်ဆောင်သင့်တဲ့အလေ့အကျင့်ကောင်းတစ်ခုပါ။ စာဖတ်ခြင်းဟာ အပျင်းလည်းပြေသလို ဗဟုသုတလည်း တိုးပွားစေပါတယ်။ဒီနေ့မှာတော့ စာဖတ်တဲ့အလေ့အကျင့်ကိုမွေးမြူဖို့ အကောင်းဆုံးနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) အချိန်တစ်ခုသတ်မှတ်ပါ
Source : Shutterstock
ကိုယ့်ရဲ့တစ်နေ့တာမှာ စာဖတ်ဖို့အချိန်သီးသန့် ခွဲထားပါ။တစ်နေ့ကို တစ်နာရီလောက်ပဲ ပုံမှန်စာဖတ်ချိန်ထားရင် လုံလောက်ပါတယ်။ကိုယ်သတ်မှတ်ထားတဲ့အချိန်မှာတော့ တခြားအလုပ်တွေ ဖုန်းတွေလက်တော့တွေအားလုံးပိတ်ပြီး သေချာစိတ်နှစ်ကာစာဖတ်သင့်ပါတယ်။
(၂) ဘယ်သွားသွားစာအုပ်ဆောင်သွားပါ
Source : Freepik
စာအုပ်တစ်အုပ်ရဲ့ အလေးချိန်နဲ့ နေရာယူမှုက သိပ်မကြီးပါဘူး။အလွယ်တကူကိုယ့်ရဲ့ အိတ်ထဲစာအုပ်တစ်အုပ်ဆောင်သွားခြင်းက သင်ကိုစာဖတ်ဖို့ ပိုပြီးတွန်းအားဖြစ်စေမှာပါ။ပျင်းတဲ့အချိန်တိုင်း အားတဲ့အချိန်တိုင်း နေရာမရွေးစာအုပ်ထုတ်ဖတ်လို့ရပါတယ်။
(၃) တစ်လစာစာရင်းလုပ်ထားပါ
Source : Afripreneur Nation
ကိုယ်အနေနဲ့ ဒီလမှာ စာအုပ်သုံးအုပ်ပြည့်အောင်ဖတ်မယ်လို့ ဆုံးဖြတ်ထားရင် ကိုယ်ဖတ်မယ့်စာအုပ်စာရင်းကို သေချာစာရင်းပြုစုထားပါ။ပြီးရင် ကိုယ်ပြုလုပ်ထားတဲ့စာရင်းအတိုင်းစာအုပ်တွေကို အစီအစဉ်တကျ နေ့စဉ်ပုံမှန်လေးဖတ်သွားဖို့ အရေးကြီးပါတယ်။
(၄) စာဖတ်သူငယ်ချင်းထားပါ
Source : Depositphotos
စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းတွေနဲ့ အဆက်သွယ်မပြတ်အမြဲရှိနေခြင်းက စာဖတ်အလေ့အကျင့်ကိုမွေးမြူဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ကိုယ်မသိတဲ့စာအုပ်တွေကို သိလာနိုင်သလို ကိုယ်ဖတ်ဖူးတဲ့စာအုပ်ကောင်းတွေကိုလည်း သူငယ်ချင်းတွေထံပြန်ပြီးမျှဝေပေးလို့ရပါတယ်။ဒါကြောင့် စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်းထားသင့်ပါတယ်။