အောင်မြင်တဲ့လူအများစုက ကျေးဇူးတင်တတ်တဲ့စိတ်ရှိဖို့ကို လေ့ကျင့်ကြပါတယ်။ တကယ်တော့ ဘဝ ကပေးတဲ့ ဘယ်အရာကိုမဆိုကျေးဇူးမတင်တတ်ရင် မပျော်ရွှင်တတ်ရင် အောင်မြင်တယ်လို့ဘယ်ခေါ်မှာလဲ မဟုတ်ဘူးလား။ အမေရိကန်စာရေးဆရာမ Joyce Meyer ကတော့ အမှန်တကယ်ကျေးဇူးတင်စရာ၊ စိတ်ကျေနပ်စရာကောင်းသူတစ်ဦးထက်ပို၍ ပျော်ရွှင်သောသူမရှိပါ လို့ရေးထားပါတယ်။ ဒီနေ့မှာတော့ ကျေးဇူးတင်တတ်တဲ့စိတ်ကိုလေ့ကျင့်မွေးမြူဖို့ နည်းလမ်းတွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) ချရေးပါ

Source : Adventure Britain

ကျေးဇူးတင်ကြောင်းစာရင်းရေးပါ။ ရက် ၃၀ ကြာစမ်းကြည့်ပါ။ သင်ဘာအတွက်ကျေးဇူးတင်လဲဆိုတာကိုတိကျ ပါစေ။ အချိန်ကြာလာတဲ့အခါ သင့်အတွေးတွေဘယ်လိုတိုးတက်မှုရှိလာလဲဆိုတာ ကြည့်ကြည့်ပါ။ ရိုးရိုးလေးစ တင်တာပါပဲ ဒါပေမယ့်သင်တကယ်စိတ်နှစ်ပြီးရေးတဲ့အခါ ပိုအကျိုးရှိလာတာတွေ့ရပါလိမ့်မယ်။

(၂) ပြောပြပါ

Source : Business Insider

သင်ကျေးဇူးတင်တဲ့အရာကိုမျှဝေတာက ကျေးဇူးတုံ့ပြန်ရုံသာမဟုတ်ပါဘူး။ ကျေးဇူးတင်ကြောင်းပြောတာကို သင့်အနေနဲ့ အလေ့အကျင့်တခုဖြစ်အောင်လေ့ကျင့်တဲ့အခါ သင့်ရဲ့ကောင်းမွန်တဲ့ခံစားချက်တွေကိုပိုမိုခိုင်မာစေ ပါလိမ့်မယ်။

(၃) တရားထိုင်ပါ

Source : Shutterstock

သင်ပုံမှန်တရားထိုင်သည်ဖြစ်စေ မထိုင်သည်ဖြစ်စေ တနေ့ကိုအချိန်အနည်းငယ်ယူပြီးအနားယူပေးပါ။ မျက်လုံး မှိတ်ပြီး ကျေးဇူးတင်တဲ့စိတ်ကိုအာရုံပြုပါ။ သင်ဘယ်သူ့ကို ကျေးဇူးတင်တာလဲ? သင်ကျေးဇူးတင်တဲ့သူကို သင့် စိတ်ထဲမှာထည့်ပါ။ သင့်ဘဝကိုကောင်းတာတွေနဲ့ ဝန်းရံထားတယ်လို့မြင်ယောင်ကြည့်ပါ။

(၄) ဖော်ပြပါ

Source : Shutterstock

သင့်ဘဝကိုပြောင်းလဲစေခဲ့တဲ့ဆရာရှိရင် သူ့ကိုကျေးဇူးတင်ကြောင်းပြောပြပါ။ မတွေ့ရတော့တဲ့သူငယ်ချင်း မိတ် ဆွေတွေရှိရင်တောင် သူကသင့်အတွက်ဘယ်လိုသူငယ်ချင်းမျိုးဖြစ်ခဲ့တယ်ဆိုတာကို ပုဂ္ဂိုလ်ရေးမှတ်စုတခုရေးပါ။

(၅) ရှာဖွေပါ

Source : Shutterstock

တကယ်လို့ သင်လဲကျေးဇူးတင်တတ်တဲ့စိတ်ကိုအမှန်တကယ်လိုချင်တယ်ဆိုရင် ကျေးဇူးတင်တတ်တဲ့သူတွေ ကို သင့်အနားမှာထားပါ။ အဲ့ဒီသူတွေက ဘဝကိုစိတ်အားထက်သန်မှုနဲ့ ဘဝကပေးတဲ့အရာတွေကိုကျေးဇူးတင် တတ်တဲ့စိတ်ဖြင့်သာနေထိုင်ဖြတ်သန်းကြပါတယ်။