အဆိုးမြင်စိတ်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အကောင်းမြင် စိတ်ထက်စာရင် အဆိုးမြင်စိတ်ကို ပိုပြီးဖက်တွယ်မိတာကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ လူ့သဘော သဘာဝလို့ ပြောရမှာပါ။ ဒါပေမယ့် Negative ဆန်တဲ့ အဆိုးမြင်စိတ်တွေကို ဘယ်တော့မှ ယဉ်ပါးအောင် မလုပ်မိဖို့ အရေးကြီးပါတယ်။ ဘာလို့ဆို အဆိုးမြင်စိတ်ဆိုတာ သင့်ဘဝအတွက် အဆိပ်အတောက်တစ်ခု ဖြစ်နေလို့ပါပဲ။ သင်ဟာ အဆိုးမြင်စိတ်တွေကို ဖက်တွယ်မိမှန်းမသိ ဖက်တွယ်နေမိတယ်ဆိုရင်တော့ အခုပြောတဲ့ နည်းလမ်းတွေသုံးပြီး Negative နွံထဲက ရုန်းထွက်လိုက်ဖို့ အကြံပြုချင်ပါတယ်။

(၁) ဖြေရှင်းနည်းကို အာရုံစိုက်ပါ

Hand connecting jigsaw puzzle

Photo : Freepik

အဆိုးမြင်စိတ်များသူတွေဟာ ဖြေရှင်းဖို့ နည်းလမ်းတွေထက် ပြဿနာအပေါ်ကိုပဲ Focus လုပ်ကြတာ များပါတယ်။ ဥပမာအားဖြင့် ပြဿနာတစ်ခုကြုံတွေ့ချိန်မှာ ညည်းညူတာ၊ အပြစ်တင်တာ ၊ မကျေနပ်တာတွေနဲ့ အချိန်ကုန်နေတက်ပြီး ပြဿနာကိုပြေလည်အောင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို မစဉ်းစားကြတာ များပါတယ်။ တကယ်တော့ ပြဿနာကို ပြေလည်သွားစေနိုင်မယ့် တစ်ခုတည်းသောနည်းက ဖြေရှင်းဖို့ နည်းလမ်းရှာတာပါ။ အဆိုးမြင်နိုင်စွမ်းတွေ ထိန်းချုပ်ချင်တယ်ဆိုရင် ကိုယ်ဘယ်အရာတွေအပေါ် အာရုံစိုက်နေလဲဆိုတာ သုံးသပ်မိဖို့ အရေးကြီးပါတယ်။

(၂) ပတ်ဝန်းကျင်ကို ပြန်ဆန်းစစ်ကြည့်ပါ

 Three people join hands together

Photo : Freepik

အဆိုးမြင်စိတ်ဆိုတာ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးတစ်ခုလို့ ပြောနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်ရှိတဲ့ လူတချို့မှာ အဆိုးမြင်စိတ်များတဲ့ အဆိပ်အတောက်လို လူတွေရှိနေရင် အဆိုးမြင်စိတ်နဲ့ အပျက်သဘောဆောင်တဲ့ စွမ်းအားတွေဟာ သင့်ဆီကို သေချာပေါက်ဆင့်ပွားကူးစက်လာနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကိုယ့်ပတ်ဝန်းကျင်က ဆက်ဆံရေးတချို့ကို ပြန်လည်ဆန်းစစ်ပြီး အဆိပ်အတောက်ဆန်တဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်လိုက်ပါ။ အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်မှာပဲ ရှင်သန်ဖို့ အကြံပြုချင်ပါတယ်။

(၃) အရာအားလုံးကို ပြုပြင်ဖို့ ကြိုးစားနေတာ ရပ်လိုက်ပါ

Stop Trying to Fix Everyone
Photo : Cylient

လောကမှာ ကိုယ်နဲ့ အံဝင်ဂွင်ကျမဖြစ်တဲ့အရာတွေ လက်ချိုးမရေနိုင်အောင် ရှိပါတယ်။ အရာရာကို ကိုယ့်စိတ်ကြိုက် ၊ ကိုယ့်သဘောဆန္ဒအတိုင်းဖြစ်အောင် ပြုပြင်ပြောင်းလဲလို့ မရနိုင်ဘူးဆိုတာကိုလည်း လက်ခံထားဖို့ လိုပါတယ်။ အရာအားလုံးကို ပြုပြင်ဖို့ ကြိုးစားနေတာဟာ တစ်ချိန်မှာ ခြေကုန်လက်ပမ်းကျပြီး အဆိုးမြင်နိုင်စွမ်းအားတွေ ပိုများလာရုံကလွဲရင် တခြားမရှိနိုင်ပါဘူး။ ပြောင်းလဲလို့မရတဲ့အရာတွေကို လက်ခံနိုင်အောင်ကြိုးစားခြင်းဖြင့်သာ ရှင်သန်နေခြင်းဟာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

(၄) ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

Thinking Of You

Photo : Unsplash

ကိုယ့်ကိုယ်ကို ချစ်တာ ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်တာ ၊ ကိုယ့်ရဲ့ပျော်ရွှင်မှုကို အလေးထားဟာ တစ်ကိုယ်ကောင်းဆန်ခြင်းလို့ ပြောလို့ မရပါဘူး။ ကိုယ့်ကိုယ်ကို ဂရုမစိုက်သ၍ တခြားသူတွေကိုလည်း သင်ဘယ်တော့မှ ဂရုစိုက်နိုင်မှာ မဟုတ်လို့ပါပဲ။ မိမိကိုယ်ကို ဂရုစိုက်ခြင်း ၊ မိမိကိုယ်ကိုချစ်မြတ်နိုးခြင်းတွေကို သင်ယူလေ့ကျင့်ထားမယ်ဆိုရင် သင်အနေနဲ့ အပျက်သဘောဆောင်တဲ့ စွမ်းအင်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကြံ့ခိုင်သန်မာမှုအပြည့်ရှိနေမှာ ဖြစ်ပါတယ်။ အဆိုးမြင်စိတ်တွေနည်းပြီး ဘဝမှာပျော်ရွှင်တဲ့အချိန်တွေကို ရရှိပိုင်ဆိုင်ချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကို ဂရုစိုက်တက်ဖို့ လိုပါလိမ့်မယ်။

Photo : Medium