လက်ရှိအောင်မြင်နေတဲ့ ကျော်ကြားသူတွေအားလုံးဟာ တစ်ချိန်က ကျရှုံးမှုတွေနဲ့ မလွဲမသွေ ရင်းနှီးခဲ့ကြရဖူးပါတယ်။ အောင်မြင်ချင်တယ်ဆိုရင် ကျရှုံးခြင်းတွေစပြီးနားလည်ထားဖို့လိုမှာပါ။ ဒီတစ်ခေါက်မှာတော့ ကျရှုံးမှုတွေကနေ ဘာတွေလေ့လာသင်ယူလို့ရနိုင်မလဲ ကျရှုံးခြင်းတွေကနေ အောင်မြင်မှုကို ဘယ်လိုပြောင်းလဲနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) အမှားတွေကနေ လေ့လာပါ

Learn From Your Mistakes

Photo : The LimitlessX

အမှားတွေဟာ တကယ်တော့ ပြဿနာမဟုတ်ပါဘူး။ လူတိုင်းလည်း အမှားတွေလုပ်မိနိုင်ကြပါတယ်။ ဒါပေမယ့် အမှားတစ်ခုလုပ်မိရင် အဲ့ဒီအမှားတွေကနေ နာလည်းပြီး သင်ယူလေ့လာမှသာ ကောင်းမွန်တဲ့အမှန်ကို ပြင်ဆင်ကြရမှာပါ။ ဒါမှလည်း ထပ်ခါထပ်ခါ အမှားလုပ်မိတာမျိုးနည်းပြီး အမှန်ကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်။

(၂) ရှေ့ဆက်ရမယ့်အရာကို အာရုံစိုက်ပါ

Focus

Photo : Working Den

အတိတ်မှာအမှားတွေလုပ်မိခဲ့မယ် ၊ ကျရှုံးမှုတွေရှိခဲ့တယ်ဆိုရင်တောင် အကောင်းဆုံး ပြင်ဆင်ပြီး ရှေ့ဆက်ရမယ့်အရာကို အာရုံစိုက်ဖို့လိုပါတယ်။ အောင်မြင်မှုဆိုတာ လက်လျော့အရှုံးပေးသွားသူတွေအတွက် မဟုတ်ဘူးဆိုတာ နားလည်ထားပါ။ အတိတ်ကအမှားတွေကို အကောင်းဆုံး သင်ခန်းစာယူပြီး ရှေ့ဆက်အကောင်းဆုံးလုပ်ဆောင်ဖို့က အဓိကကျပါတယ်။

(၃) ကျရှုံးမှာမကြောက်ပါနဲ့

you can do it Focus

Photo : The Saturday Evening Post

အောင်မြင်ခြင်းအတွက်အကြီးဆုံးရန်သူဟာ ကျရှုံးမှာကိုကြောက်တဲ့စိတ်ပါပဲ။ အကြောက်တရားတွေက ကြီးစိုးထားရင် အောင်မြင်မှုရဲ့အသီးအပွင့် ခံစားရနိုင်မှာမဟုတ်ပါဘူး။ ကြောက်ရွံစိတ်ဟာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေကို ယိုင်နဲ့စေပြီး ကျရှုံးခြင်းတွေကိုပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကျရှုံးမှာမကြောက်ပါနဲ့။ ကျရှုံးမှုတွေကြုံလာခဲ့ရင်လည်း အကောင်းဆုံးပြန်လည် ရုန်းထလိုက်ပါ။

(၄) ခွန်အားတွေ စုဆောင်းပါ

Strength

Photo : Imgur

ခွန်အားဆိုတာ ကျွန်တော်တို့လုပ်နိုင်တဲ့အရာတွေက နေရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ မလုပ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေကို တစိုက်မတ်မတ်လုပ်ဆောင်ရင်း အောင်မြင်မှုရလာတဲ့အခါမှသာ ခွန်အားတွေရရှိစေတာပါ။ ဒီတော့ မလုပ်နိုင်ဘူးထင်ထားတဲ့အရာတွေကို တစ်ကြိမ် မအောင်ရင် နောက်တစ်ကြိမ်ထပ်ပြီး ကြိုးစားလုပ်ဆောင််ခြင်းဖြင် ခွန်အားသစ်တွေ အောင်မြင်မှုတွေရှာဖွေစုဆောင်းလို့ရနိုင်မှာဖြစ်ပါတယ်။

Featured Photo : Inc. Magazine