ယနေ့ခေတ်မှာ လူတွေတော်တော်များများက relationship ဆိုတဲ့အရာကြီးကို ကြောက်ရွံ့နေကြပြီး။ တော်တော်များများက တစ်ယောက်ထဲနေရတာကို ပိုပြီးနှစ်သက်သဘောကြလာတယ်။ စိတ်ပညာရှင်တွေကလည်း ဒီလိုမျိုး Single ဖြစ်နေရခြင်းက ကောင်းကျိုးတွေ အများကြီးရှိကြောင်း ထောက်ပြထားကြတယ်။ ဘာတွေလဲဆိုတာကိုတော့ ဒီနေ့ kwee ကပြောပြပေးသွားမှာပါ။

မကောင်းတဲ့ စိတ်ခံစားချက်တွေနည်းသွားမယ်

Source: BetterHelp

Single တွေက သူတို့ကိုယ်သူတို့ အဆင်ပြေအောင်နေနိူင်ကြတယ်။ သူတို့ရဲ့ပြသာနာကို သူတို့ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းကြပြီး သင်ခန်းစာတွေ ယူကြတယ်။ ဒါတွေက သူတို့ရဲ့ပျော်ရွှင်မူကို မြှင့်တတ်စေပါတယ်။ ကျွမ်းကျင်သူတွေကတော့ တစ်ယောက်ထဲနေတဲ့သူတွေဟာ မကောင်းတဲ့ စိတ်ခံစားချက်တွေနည်းတယ်လို့ ထောက်ပြထားကြပါတယ်။

နေရာတိုင်းမှာ အခွင့်အရေးအသစ်တွေ ရှာဖွေနိူင်တယ်

Source: Pinterest

Single တွေက ပွင့်လင်းကြတယ်။ ပြီးတော့တနေရာထဲမှာ သံယောဇဉ်တွယ်ပြီး အကြာကြီးမနေကြဘူး။ သူတို့တွေဟာ အနှောင်အဖွဲ့ကင်းကင်းဖြင့် နေရာတကာ သွားပြီး အတွေ့အကြုံအသစ်တွေ ရှာဖွေနိူင်ကြတယ်။ မိမိဘဝတိုးတတ်ဖို့ကို အပြည့်အဝ အာရုံစိုက်နိူင်ကြတယ်။ သူတို့ဆီမှာ နောက်ဆံတင်းစရာမရှိတာကြောင့် လွတ်လွတ်လပ်လပ် ပျံသန်းနိူင်ကြပြီး နေရာတိုင်းမှာ အခွင့်အရေးအသစ်တွေ ရှာဖွေနိူင်ကြတယ်။

အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ အောင်မြင်ကြတယ်

Source: Brian Tracy

Single တွေက သူတို့တွေရဲ့ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေမှာ ပိုပြီးအာရုံစိုက်နိူင်တာကြောင့် အောင်မြင်မူ ရရှိကြတာများပါတယ်။ သူတို့တွေဟာ မတူညီတဲ့ လူမူရေးနယ်ပယ်တွေမှာ ဝင်ဆန့်နိူင်ကြပြီး ပရဟိတလုပ်ငန်းတွေ အဖွဲ့အစည်းတွေနဲ့ လုပ်ရတဲ့လုပ်ငန်းတွေမှာ အချိန်ပေးနိူင်ကြတယ်။ ဒီလိုနဲ့ အဆက်အသွယ်တွေအများကြီး တည်ဆောင်နိူင်ကြပြီး အခွင့်အရေးအသစ်တွေကို လွယ်လွယ်ကူကူရှာဖွေနိူင်ကြတယ်။

ပိုပြီးကျန်းမာကြတယ်

Source: Adventisit Health

Single တွေမှာ လူနေမူဘဝ ကျန်းမာရေးကောင်းကျိုးတွေ အများကြီးရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြေားထားကြပါတယ်။ သူတို့တွေဟာ အားကစားလုပ်ဖို့ အချိန်တွေပေးနိူင်တာကြောင့် ဖြစ်တယ်လို့လည်း လေ့လာသူတွေက ထောက်ပြကြတယ်။ စိတ်ပညာရှင်တွေကတော့ rs ရှိတဲ့သူတွေဟာ အနည်းနဲ့အများ စိတ်ညစ်စရာတွေကြုံရတတ်ပြီး ဒါတွေကပဲ သူတို့ကို မကျန်းမမာဖြစ်စေပါတယ်။ Single တွေကတော့ ပူပင်သောက မရှိတစ်ယောက်ထဲ လွတ်လပ်စွာနေနိူင်ကြပြီး ကျန်းမာရေးကိုလည်း ပိုပြီး ဂရုစိုက်နိူင်ကြတယ်။

သူတို့ကိုယ်သူတို့ဘာလိုချင်လဲဆိုတာ သိကြတယ်

Source: Tiny Buddha

Single တွေဟာ သူတို့ရဲ့ကိုယ်ပိုင်ပုံစံနဲ့နေဖို့ မကြောက်ကြဘူး။ rs ရှိတဲ့သူတွေကြတော့ တစ်ဖက်လူစိတ်ဆိုးမှာ ကြောက်တဲ့အတွက်ကြောင့် ကိုယ်မဟုတ်တဲ့ တခြားလူအဖြစ် ဟန်ဆောင်နေပေးရတဲ့ အချိန်တွေရှိတတ်ကြပါတယ်။ သူတို့တွေက တခြားလူရဲ့လိုအင်ဆန္ဒတွေကို ဖြည့်စည်းပေးနေရတာကြောင့် သူတို့ကိုယ်သူတို့ ဘာလိုချင်လဲဆိုတာကိုတောင် စဉ်းစားချိန်မရှိတတ်ကြဘူး။ Single တွေကတော့ သူတို့ကိုယ်သူတို့ ဘာလိုအပ်လဲ ဘာလိုချင်လဲဆိုတာ သိကြတယ်။ ဒါကြောင့်လည်း ပျော်ရွှင်မူကို ရှာဖွေနိူင်ကြတာပါ။