ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေသည့်ဆိုတဲ့ သတိပေးစာသားကို နေရာတိုင်းလိုလိုမှာ တွေ့နိုင်ပါတယ်။ ဒါပေမဲ့ သောက်တဲ့သူတွေကတော့ ဆက်ပြီးသောက်နေကြဆဲပါ။ ဆေးလိပ်သောက်ခြင်းဟာ သောက်တဲ့သူရဲ့ ကျန်းမာရေးကို ထိခိုက်စေရုံသာမက အနီးအနားမှာ ဆေးလိပ်ငွေ့ရှုရှိုက်မိ သူများရဲ့ ကျန်းမာရေးကိုပါ ဆိုးဝါးစွာထိခိုက်စေပါတယ်။ ဆေးလိပ်ဟာ စွဲသွားရင် ဖြတ်ရတာ ခတ်ခဲပါတယ်။ဒီနေ့ ဆောင်းပါးမှာတော့ ဆေးလိပ်ဖြတ်နည်းလေးတွေကို ပြေပြပေးသွားမှာပါ။

ဘာပဲလုပ်လုပ် ပထမဆုံးလိုအပ်တာက အစီအစဉ် ချဖို့ပါပဲ။ ဆေးလိပ်ဖြတ်တော့မယ်လို့ စိတ်ကူးလိုက်တာနဲ့ ဆေးလိပ်စဖြတ်မဲ့ ရက်ကို သတ်မှတ်လိုက်ပါ။ အကောင်းဆုံးကတော့ ဆေးလိပ် အရမ်းကြီးမသောက်ဖြစ်တဲ့ နေ့မှာစတင်ပါ။ ပြီးတော့ အစားအသောက်တွေဟာ စီးကရက်နဲ့ ဆေးရွက်ကြီးစွဲလမ်းမှုကို လျှော့ကျစေပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ diet အစီအစဉ်ကို တခါတည်းစတင်ပါ။ ဟင်းသီးဟင်းရွတ်နဲ့ အသီးအနှံတွေကို များများစားပေးပါ။

Human hand breaking cigarette in front of window

ဆေးလိပ်ဖြတ်တာက တယောက်တည်း ကြိတ်ပြီးလုပ်မယ်ဆိုရင် အောင်မြင်မှုရာခိုင်နှုန်းနည်းပါမယ်။ ဒါကြောင့် လုပ်ဖော်ကိုင်ဖက် နဲ့ မိတ်ဆွေအပေါင်းအသင်း ဒါမှမဟုတ် မိသားစုဝင်တွေရဲ့ အကူအညီ ရယူပါ။ သူတို့ဆီက အကူအညီတွေ အားပေးထောက်ခံမှုတွေကိုရယူပြီးခွန်အားတွေမွေးပါ။မိမိသိတဲ့သူတွေထဲမှာ ဆေးလိပ်ဖြတ်ဖူးတဲ့ အတွေ့အကြုံ ရှိတဲ့သူတွေဆီကနေ အကြံဉာဏ်ရယူပါ။

ဆေးလိပ်သောက်တဲ့ လူတော်တော်များများဟာ ပျင်းတဲ့အချိန် ဒါမှမဟုတ် စိတ်ရှုပ်တဲ့ အချိန်တွေမှာ ဆေးလိပ်ကို ပိုမိုသောက်လေ့ရှိကြတယ်။ တချို့ဆေးလိပ်သောက်တဲ့ သူတွေကတော့ စိတ်ဖိစီးမှုကို သက်သာစေဖို့ သောက်ကြတယ်လို့ပြေကြပါတယ်။စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ တခြားနည်းလမ်းတွေအများကြီးရှိပါတယ်။ နီကိုတင်းကိုတော့ စိတ်ဖိစီးမှုကို ဖြေဖျောက်ဖို့ အသုံးမပြုကြပါနဲ့။ အလုပ်မရှိပဲ အားနေပြီဆိုရင် အားကစားတခုခု လုပ်ပါ။ ဒါမှမဟုတ် စာအုပ်ဖြစ်ဖြစ် ဖတ်နေလိုက်ပါ။

broken cigarette in hand

ဆေးလိပ်သောက်တတ်တဲ့ မိတ်ဆွေတွေနဲ့ မကြာခဏတွေ့ခြင်းမှ ရှောင်ပါ။ သူငယ်ချင်းတွေ ပေးသောက်လို့ ပြန်သောက်သွားတာမျိုးဖြစ်တတ်ပါတယ်။ သတိထားပါ။ဆေးလိပ်နဲ့ ပတ်သက်တဲ့ အရာမှန်သမျှ ကိုလွှင့်ပစ်လိုက်ပါ။ ဆေးလိပ်သောက်တဲ့သူတွေကို တွေ့ရင်လည်း ရှောင်ကျဉ်သွားပါ။ ဆေးလိပ်နံ့ကို မရှုမိအောင် သတိထားပါ။

ဆေးလိပ်ဟာ စွဲသွားရင် ဖြတ်ဖို့ အင်မတန်ခတ်ခဲပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ခြင်းကို စမ်းပြီး မလုပ်မိဖို့ အရေးကြီးပါတယ်။တကယ်လို့ အပေါ်ကနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပါ။ သူတို့ရဲ့ လမ်းညွှန်မှုကို သေချာစွာလိုက်နာ ကျင့်သုံးပါ။

Photo : Freepik