ခရီးသွားရတာနှစ်သက်တဲ့ သင့်ကောင်မလေးကို စပရိုက်တိုက်ချင်ပါသလား။ အခုဖော်ပြပေးမယ့် လက်ဆောင်ပစ္စည်းများနဲ့ စပရိုက်တိုက်ရင်း ကိုယ့်အပေါ်မှာထားရှိတဲ့ သူ(မ)ရဲ့အချစ်များကို တစ်စထက်တစ်စ ပိုပိုအချစ်တိုးလာအောင် ကြိုးစားနိုင်ပါတယ်။

အိတ်ဆောင် Power Bank

a gift for your girlfriend who loves travelling

Photo Source: Timeofindia.com

ယနေ့ခေတ်လိူ အရာရာတိုးတက်နေတဲ့ အိုင်တီခေတ်ကြီးမှာ စမတ်ဖုန်းများသည် မရှိမဖြစ်လိုအပ်သော နေ့စဉ်သုံးပစ္စည်းများပဲဖြစ်ပါတယ်။ ဘယ်နေရာသွားသွား မိမိရဲ့ဖုန်းများကို မပါမဖြစ်ယူသွားလေ့ရှိပါတယ်။

ခရီးသွားတဲ့အခါမှာလည်း ဖုန်းယူသွားကြပါတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်လိုက် ဖုန်းသုံးလိုက်နဲ့ ဖုန်းဘက္ထရီက ကြာကြာခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အိတ်ဆောင် Power Bank တစ်လုံး ဝယ်ပေးခြင်းအားဖြင့် ကိုယ့်ရဲ့ချစ်သူကောင်မလေးကို လက်ဆောင်ပေးနိုင်ပါတယ်။

ခရီးဆောင်ခေါင်းအုံး

a gift for your girlfriend who loves travelling

Photo Source: Aliexpress.com

ဒီခေါင်းအုံးလေးကတော့ ကားပေါ်မှာ အေးအေးဆေးဆေးအနားယူနိုင်ဖို့ရန်အတွက် ကူညီပေးပါတယ်။ ဒီ့ထက်ပိုပြီး သက်သောင့်သက်သာဖြစ်စေချင်တယ်ဆိုရင် မျက်လုံးအကာလေးပါ လက်ဆောင်ပေးလိုက်ပါ။

ပတ်စ်ပို့စ်အိတ်

a gift for your girlfriend who loves travelling

Photo Source: Imall.com

နိုင်ငံခြားခရီးသွားတဲ့အခါမှာတော့ ပတ်စ်ပို့စ်များသည် မပါမဖြစ်ပါပဲ။ သူ့ရဲ့ပတ်စ်ပို့စ်ကို အိတ်လှလှထည့်ထားစေချင်တယ်ဆိုရင်တော့ Passport Holder လှလှလေးတစ်လုံး ဝယ်ပေးလိုက်ပါ။ သူ့ရဲ့ Passport Holder ကို သူကြိုက်မယ်ထင်တဲ့ ဒီဇိုင်းများနဲ့ Customized လုပ်ထားမယ်ဆိုရင်တော့ သူ(မ) အင်မတန်သဘောတွေ့သွားမှာဖြစ်ပါတယ်။

နေကာမျက်မှန်တစ်လက်

a gift for your girlfriend who loves travelling

Photo Source: Misstrawicks.com

နေကာမျက်မှန်တစ်လက်သည် ခရီးသွားတဲ့အခါ ရှိုးထုတ်လို့အကောင်းဆုံးပါပဲ။ အရည်အသွေးကောင်းတဲ့နေကာမျက်မှန်တစ်လက် ဝယ်ပေးလိုက်မယ်ဆိုရင် သူလည်း သဘောကျ သင်လည်း သူပျော်နေတာကိုမြင်တော့ အပျော်တွေကူးစက်သွားပါလိမ့်မယ်။

ဒီဇိုင်းလှပသော ဦးထုပ်

a gift for your girlfriend who loves travelling

Photo Source: Jjshouse.com

ဖက်ရှင်အသုံးအဆောင်နဲ့ပတ်သက်လာရင် ကောင်မလေးများသည် အင်မတန်သဘောကျပြီး ဝယ်စုလေ့ရှိကြပါတယ်။ သင့်ကောင်မလေးက ဘယ်လိုဖက်ရှင်အသုံးအဆောင်မျိုးကို နှစ်သက်သလဲဆိုတာကိုတော့ သိထားဖို့လိုပါလိမ့်မယ်။ ဥပမာ လှပသော ဦးထုပ်များ၊ ဒီဇိုင်းဆန်းသော လည်စည်းပုဝါများကို ကြိုက်နှစ်သက်ပါက ခရီးသွားလက်ဆောင်အဖြစ် အမှတ်တရလက်ဆောင်ပေးနိုင်ပါတယ်။

Source: Theadventurousfeet.com

Featured Image Source: Winni.in