ပရီးမီးယားလိဂ် အသင်းတွေဟာ ဇွန်လမှာ ပြိုင်ပွဲတွေ ပြန်လည်စတင်နိူင်ဖို့ တာဝန်ရှိသူတွေနဲ့ လာမယ့် သောကြာနေ့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ပရီးမီးယားလိပ် ပြိုင်ပွဲတွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မက်လ အလယ်လောက်မှ ရပ်နားထားခဲ့တာဖြစ်ပြီး လာမယ့် ဇွန်လ (၈) ရက်နေ့မှာ ပြန်လည်စတင်ဖို့ လုပ်ဆောင်နေကာ ဇူလှိုင်လ အကုန်လောက်မှာ ပြိုင်ပွဲတွေ ပြီးစီးနိူင်ဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

Source: Chase Your Sport

ကလပ်အသင်းတွေကတော့ မေလ အလယ်လောက်မှာ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိူင်ဖို့ မျှော်မှန်းနေကြပါတယ်။

တနင်္လာနေ့တွင် အာဆင်နယ်၊အဲဗာတမ် နဲ့ ဝက်စ်ဟမ်း အသင်းတို့ဟာ သူတို့ရဲ့ကစားသမားတွေကို လေ့ကျင့်ခန်း ပြန်ဆင်းစေခဲ့တယ်လို့သိရပါတယ်။ စပါးအသင်းဟာလည်း မကြာခင်ကာလအတွင်းမှာ အသင်းသားတွေရဲ့ လေ့ကျင့်ရေးအစီအစဉ်စတင်တော့မှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။

Source: Yahoo Sports

ပြိုင်ပွဲတွေကိုတော့ ကွင်းပိတ်ကစားဖွယ်ရှိပြီး ပွဲမစတင်မှီ ကစားသမားတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမူကို ခံယူရမှာဖြစ်ပါတယ်။

ဂျာမန် ဘွန်ဒက်လီဂါ ပြိုင်ပွဲတွေကိုတော့ မေလ (၉) ရက်နေ့မှာ ပြန်လည်စတင်ဖို့ စီစဉ်နေပါတယ်။ ဂျာမန် ရဲတာဝန်ရှိသူတွေကတော့ ပြိုင်ပွဲတွေကို ကွင်းပိတ်ကစားပေမယ့် ကွင်းပြင်ပမှာ လူစုလူဝေးတွေ ဖြစ်ပေါ်နိူင်ကြောင်း သတိပေးထားတယ်လို့ သိရပါတယ်။

Source: Goal.com

ကစားသမားတွေအနေနဲ့ ပွဲတွေဆက်တိုက်ကစားရဖွယ်ရှိနေကာ ကစားသမားတွေ ဒဏ်ရာပြသာနာကနေရှောင်းရှားနိူင်ဖို့အတွက် အသင်းတစ်သင်းဆီကို ကစားသမား (၅) ယောက်အထိ လဲလှယ်အသုံးပြုခွင့် ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။