ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) အဖြစ် ခရစ္စတယ်ပဲလေ့စ် အိမ်ကွင်း ဆဲလ်ဟာ့စ်ပါ့ခ် ကွင်းထဲမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းက အိမ်ရှင်အသင်းကို (၂) ဂိုး ဂိုးမရှိရလဒ်နဲ့ ဂိုးပြတ်အနိုင်ရလဒ်ကိုဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဖိုဆူမန်ဆာနဲ့ တွမ်မီနေးတို့ကို ထည့်သွင်းကစားစေခဲ့ပြီး ကျန်ကစားသမားတွေကိုတော့ ယခင်ပွဲစဉ်တွေကအတိုင်းအပြောင်းအလဲမရှိပွဲထွက်လာခဲ့ပါတယ်။

Source : Evening Standard

ပထမပိုင်းပွဲစဉ်စတင်ချိန်မှာတော့ အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ ဦးဆောင်တိုက်စစ်ဆင်ကစားခဲ့မှုအပေါ် ယူနိုက်တက်အသင်းလိုက်ပါကစားခဲ့ရတာကြောင့် ယူနိုက်တက်အသင်းအတွက်အတော်လေး ခက်ခဲခဲ့တယ်လို့ ဆိုရပါမယ်။ အိမ်ရှင်အသင်းအနေနဲ့ ဦးဆောင်ဂိုးရရှိမယ့် အခွင့်အရေးတွေလည်း များစွာရခဲ့ပြီး ဒီဂီယာရဲ့ လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့သာ ယူနိုက်တက်အသင်း ဦးဆောင်ဂိုး စတင်ခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ပထမပိုင်းပွဲကစားချိန် ပြီးဆုံးခါနီး နာကျင်အချိန်ပို မိနစ်အတွင်းမှာတော့ ယူနိုက်တက်အသင်းဘက်ကနေစတင်ပြီး ဦးဆောင်ဂိုးရရှိသွားခဲ့ကာအဆိုပါ သွင်းဂိုးကိုတော့ ရပ်ရှ်ဖို့ဒ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Source : Evening Standard

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ချေပဂိုးရယူဖို့အတွက် အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်အသင်းကပဲ ဆက်လက်ဖိအားပေးကစားလာခဲ့ပါတယ်။ ပွဲကစားချိန် (၅၅) မိနစ်ကိုရောက်ရှိလာချိန်မှာတော့ ဇာယာရဲ့ ပေးပို့မှုကနေ တဆင့် ဂျော်ဒန်အယူးက အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် VAR အဆုံးအဖြတ်အရ လူကျွံဘောဖြစ်နေခဲ့တာကြောင့် ဂိုးအဖြစ်သတ်မှတ်ခြင်းမရှိခဲ့ပါဘူး။ ပွဲကစားချိန်ကြာလာနဲ့အမျှ ယူနိုက်တက်ရဲ့ကစားပုံပြန်လည်ကောင်းမွန်လာခဲ့ပြီး ပွဲချိန် (၇၈) မိနစ်ကိုရောက်ရှိလာချိန်မှာတော့ ယူနိုက်တက်အသင်းအတွက် ဒုတိယမြောက်ဂိုးကို ရပ်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကနေတဆင့် မာစီယဲလ်အကောင်းဆုံး ကန်သွင်းယူခဲ့ပြီး ပွဲပြီးရလဒ်အနေနဲ့ ပဲလေ့စ်ကို (၂-ဝ) ဂိုးဖြင့် ခက်ခက်ခဲခဲအနိုင်ရရှိကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလားအလာကောင်းတွေဆက်လက်ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။

Source : Evening Standard