COVID-19 ကြောင့် ရပ်နားထားရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေ ဇွန်လ (၁၇) ရက်နေမှစတင်ကာ ပြန်လည်ကျင်းပတော့မည်ဖြစ်ကြောင်း အတည်ပြုလိုက်ပါပြီ။ ပထမဆုံးပွဲစဉ်ကတော့ ဇွန်လ (၁၇) မန်စီးတီး-အာဆင်နယ်ဖြစ်ပြီး ကျန်တဲ့ ပွဲစဉ် (၉၂) ပွဲကိုလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။
Source: Goal.com
“EFL ဖိုင်နယ်ပွဲစဉ်ကြောင့် ရွှေ့ဆိုင်းထားခဲ့ရတဲ့ အက်စတွန်ဗီလာ – ရှက်ဖီးယူနိုက်တတ် နဲ့ မန်စီးတီး – အာဆင်နယ် ပွဲစဉ်တွေကို ဇွန်လ (၁၇) ရက်နေ့မှာ ပြန်လည်ကျင်းပမှာဖြစ်ပြီး ကျန်တဲ့ပွဲစဉ်တွေကိုတော့ ဇွန်လ (၁၉) ရက်နေ့မှာပြန်လည်ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဗိုင်းရပ်စ်အန္တာရာယ်ကြောင့် ပွဲစဉ်တွေကို တံခါးပိတ်ကစားသွားမှာပါ။” ဟု တာဝန်ရှိသူတွေက ပြောကြားသွားခဲ့ပါတယ်။
Source: AS English
ပွဲစဉ်တွေအားလုံးကို Sky Sports, BT Sport, BBC နဲ့ Amazon Prime တို့ကနေ တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်းလည်းသိရပါတယ်။ (၂၀၁၉-၂၀၂၀) ပရီးမီးယားလိဂ် ဘောလုံးရာသီကို ဩဂုက်လ (၂) ရက်နေ့မှာ အဆုံးသက်နိူင်ဖို့မျှော်လင့်နေပြီး ပြိုင်ပွဲတွေပြီးဆုံးပြီး တစ်ပက်အကြာမှာ အက်ဖ်အေ ဖိုင်နယ်ပွဲစဉ်ကို ကျင်းပနိူင်ဖို့ စီစဉ်နေကြပါတယ်။
လက်ရှိပရီးမီးယားလိဂ်ဇယားကို ဦးဆောင်နေတဲ့ လီဗာပူးအသင်းဟာ ဖလားကိုင်မြောက်နိူင်ဖို့အတွက် (၆) မှက်သာရယူဖို့ လိုအပ်ပါတော့တယ်။ ချန်ပီယံအသင်းကတော့ သေချာသလောက်ဖြစ်နေပေမယ့် ထိပ်ဆုံးလေးသင်းစားရင်းဝင်ဖို့ကတော့ ချဲလ်ဆီး၊လက်စတာနဲ့မန်ယူတို့ကြားမှာ ပြိုင်ဆိုင်မူပြင်းထန်နေအုံးမှာပါ။
Source: Internewscast
လက်စတာက ရမှက် (၅၃) မှက်ဖြင့် တတိယနေရာတွင်ရပ်တည်နေပြီး ချဲလ်ဆီက ရမှက် (၄၈) မှက်ဖြင့် စတုတ္တနေရာတွင်ရပ်တည်နေပါတယ်။ အဆင့် (၅) နေရာမှာတော့ နည်းပြဆိုးရှားရဲ့မန်ယူအသင်းက ရမှက် (၄၅) မှက်ဖြင့်ရပ်တည်နေပါတယ်။
အခြားသတင်းများအရ အီတလီစီးရီးအေ ပြိုင်ပွဲတွေကို ဇွန်လ (၂၀) ရက်နေ့မှာ ပြန်လည်ကျင်းပသွားမှာဖြစ်ကြောင်း အီတလီအားကစားဝန်ကြီး စပါဒါဖိုရာက အတည်ပြုပြောကြားသွားကြောင်း သိရပါတယ်။