ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာ့ပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးပြိုင်ပွဲကြီးပါ။ ကမ္ဘာ့အရပ်ရပ်မှ ဘောလုံးပါရမီရှင်တွေက ပရီးမီးယားလိဂ်မိုးကောင်းကင်မှာ ထွန်းတောက်ချင်ကြပါတယ်။ ပရီးမီးယားလိဂ်မှာ မကစားဖူးတဲ့ နာမည်ကျော်ကစားသမားသုံးယောက်ကိုလည်း ဖော်ပြလိုက်ရပါတယယ်။
3. Diego Maradona
Source: sillyseason.com
မာရာဒိုနာနဲ့ ပီလီကိုတော့ (၁၉၀၀) မှ (၂၀၀၀) ခုနှစ်အတွင်းအကောင်းဆုံးဘောလုံးသမားတွေလို့ပြောလို့ရပါတယ်။ ဘောလုံးပါရမီအပြည့်ရှိတဲ့ မာရာဒိုနာဟာ ဘောလုံးလောကမိုးကောင်းကင်မှာ ကျော်ကြားခဲ့ဖူးပါတယ်။ သို့ပေမဲ့ သူဟာ ချန်ပီယံလိဂ်ဖလားကို မရဖူးတဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း မကစားသွားရပါဘူး။
2. Pelé
Source: sillyseason.com
ဘရာဇီးအကျော်အမော်ကစားသမားတစ်ယောက်ဖြစ်တဲ့ ပီလီသည်လည်း ပရီးမီးယာလိဂ်မှာမကစားသွားခဲ့ဖူးပါဘူး။ ဘရာဇီးမြေရဲ့ ပါရမီရှင် ပီလီဟာ ခေတ်ပြိုင်ပြိုင်ဘက် မာရာဒိုနာနဲံအတူ ကမ္ဘာ့ဘောလုံးဇာတ်ခုံကို အချိန်အတော်ကြာဦးဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ပွဲပေါင်း (၁၃၆၃) ပွဲမှာ ဂိုး (၁၂၈၁) ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။
1. Lionel Messi
Source: sillyseason.com
ယခုလက်ရှိရဲ့ ကမ္ဘာ့အကောင်းဆုံးပါရမီရှင်ဘောလုံးသမားလို့ဆိုနိုင်မယ့် မက်ဆီဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတွေမှာ မကစားဖူးတာဖြစ်ပါတယ်။ သူဟာ ဘာစီလိုနာအသင်းမှာပဲ ကစားဖူးတာဖြစ်ပါတယ်။ သူရဲ့ခေတ်ပြိုင်ပြိုင်ဘက် ရော်နယ်ဒိုကတော့ အင်္ဂလန်ကလပ် မန်ယူအသင်းမှာ ကစားခဲ့ဖူးပါတယ်။ အသက် (၃၀) ကျော်လာပြီဖြစ်တဲ့ မက်ဆီကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာတွေ့ရဖို့ဆို မလွယ်တော့ပါဘူး။