ပရီးမီးယားလိဂ်ဆိုတာ ကမ္ဘာပေါ်မှာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးလိဂ်ပါ။ ပရီးမီးယားလိဂ်မှာ အသင်းတစ်သင်းအောင်မြင်ဖို့ဆိုတာက ထင်သလောက် မလွယ်ကူပါဘူး။ ငွေကြေးအင်အား၊ ကစားသမားအစုအဖွဲ့ကောင်းတွေနဲ့ နည်းပြကောင်းတွေရှိမှသာ အောင်မြင်နိုင်တာပါ။ ယခုနောက်ဆုံးခုနှစ်မှာတော့ မန်စီးတီးအသင်းက ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးသွားပါတယ်။
Source: www.totalsportek.com
ပရီးမီးယားလိဂ်ယှဉ်ပြိုင်လာတဲ့ (၁၂၃) နှစ်မှာ အသင်းပေါင်း (၂၃) သင်းက ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။ (၁၉၇၀) နဲ့ (၁၉၈၀) ကာလတွေမှာတော့ ပရီးမီးယားလိဂ်ကို လီဗာပူးအသင်းကဆွတ်ခူးခဲ့ပါတယ်။ (၁၉၉၂) ကနေ (၂၀၁၂) လောက်ထိကိုတော့ နည်းပြဖာဂူဆန်ရဲ့ မန်ယူအသင်း စိုးမိုးထားတာပါ။ ပရီးမီးယားလိဂ်ဖလားအများဆုံး ရရှိထားတဲ့အသင်းတွေကိုဖော်ပြပေးလိုက်ရပါတယ်။
(၁) မန်ချက်စတာယူနိုက်တတ် (ဖလားအရေအတွက် ၂၀)
(၂) လီဗာပူး (ဖလားအရေအတွက် ၁၈)
(၃) အာဆင်နယ် (ဖလားအရေအတွက် ၁၃)
(၄) အဲဗာတန် (ဖလားအရေအတွက် ၉)
(၅) အက်စတွန်ဗီလာ (ဖလားအရေအတွက် ၇)
(၆) ဆန်းဒါလန် (ဖလားအရေအတွက် ၆)
Source: www.premierleague.com
(၇) ချယ်ဆီး (ဖလားအရေအတွက် ၆)
(၈) မန်စီးတီး (ဖလားအရေအတွက် ၅)
(၉) နယူးကာဆယ် (ဖလားအရေအတွက် ၄)
(၁၀) ရှယ်ဖီး (ဖလားအရေအတွက် ၄)
(၁၁) လိဒ် (ဖလားအရေအတွက် ၃)
Source: www.premierleague.com
(၁၂) ၀ုဒ် (ဖလားအရေအတွက် ၃)
(၁၃) ဟက်စတာဖီး (ဖလားအရေအတွက် ၃)
(၁၄) ဘလက်ဘန်း (ဖလားအရေအတွက် ၃) တို့ဖြစ်ကြပါတယ်။
ပရီးမီိးယားလိဂ်မှာ ဘယ်သူချန်ပီယံဖြစ်မလဲဆိုတာက ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ဘာလို့လည်းဆိုရင် ပရီးမီးယားလိဂ်မှာ ဘာမဆိုဖြစ်သွားနိုင်လို့ပါ။