မဟာအင်အားကြီးနိုင်ငံတစ်ခုကို ဦးဆောင်မယ့်သူဟာ ထက်မြက်ထူးချွန်မှာတော့ အမှန်ပါပဲ။ University of California, Davis တက္ကသိုလ်မှ သုတေသီနဲ့ စိတ်ပညာရှင် ဒင်းန်ဆင်မွန်တန်ဟာ အမေရိကန်သမ္မတတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးအတိုင်းအတာကို လေ့လာနေသူ ဖြစ်ပါတယ်။ သူ့ရဲ့ တွေ့ရှိချက်ကို အခြေပြုပြီး IQ Levels အများဆုံးအမေရိကန်သမ္မတတွေအကြောင်း မျှဝေလိုက်ရပါတယ်။

(၁) ဂျွန်ကွင်စီအဒမ်

Photo: Reader’s Digest

ဟားဗတ်ကျောင်းဆင်း ဂျွန်ကွင်စီအဒမ်ကို အမေရိကန်သမ္မတတွေထဲမှာ IQ အမြင့်ဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပါတယ်။ သူ့ရဲ့ IQ Score ဟာ ၁၇၅ မှတ် ရှိပါတယ်။ အဒမ်ဟာ တစ်ကမ္ဘာလုံး ပတ်ပြီး သင်ယူမှု လုပ်ခဲ့သူဖြစ်ပါတယ်။ ဘာသာစကား ၇ မျိုး ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။ ဥပဒေကျောင်းမပြီးခဲ့တာတောင် ရှေ့နေလုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

(၂) သောမတ်စ်ဂျက်ဖာဆင်

Photo: Reader’s Digest

လွတ်လပ်ရေးကြေညာစာတမ်းရေးခဲ့သူ သောမတ်စ်ဂျက်ဖာဆင်ဟာ ၁၈၀၃ ခုနှစ်မှာ လူဝီဆီယားနားပြည်နယ်ကို ဝယ်ယူပြီး အမေရိကန်ပြည်ထောင်စုရဲ့ အရွယ်အစားကို နှစ်ဆတိုးချဲ့ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ရီနေဆွန်းခေတ် ရှေ့တန်းရောက် ဉာဏပညာရှင်တစ်ဦးလည်း ဖြစ်တဲ့သူဟာ ဘောဂဗေဒ ၊ ဗိသုကာ ၊ အစားအသောက်နဲ့ ဝိုင် ၊ စိုက်ပျိုးရေး ၊ ကျောက်ခေတ်လေ့လာရေးနယ်ပယ် ၊ ဂီတနဲ့ စာအရေးအသားအပြင် နက္ခတဗေဒနယ်ပယ်မှာလည်း အောင်မြင်ထင်ရှားပါတယ်။ သူ့ IQ ရမှတ်ဟာ ၁၆၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

(၃) ဂျိမ်းစ်မက်ဒီဆင်

Photo: Reader’s Digest

အမေရိကန်သမ္မတတွေထဲမှာ အရပ်အပုဆုံး သမ္မတကတော့ ဂျိမ်းစ်မက်ဒီဆင်ဖြစ်ပါတယ်။ အရပ် ၅ ပေ ၄ လက်မပဲရှိတဲ့သူဟာ IQ Score အနေနဲ့ ၁၆၀ မှတ်ထိ ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ပရင်စတန်ရဲ့ ပထမဆုံးဘွဲ့ရကျောင်းသားအဖြစ် သတ်မှတ်ထားပေမယ့် ဘွဲ့လက်မှတ် မရှိဘူးလို့ ဆိုပါတယ်။ သူ့ကို ဖွဲ့စည်းပုံအခြေခံဥပ‌ဒေရဲ့ ဖခင်အဖြစ်ရော အခြေခံအခွင့်အရေး ၁၀ ချက်ကိုပါ ပြုစုခဲ့သူအဖြစ် ထင်ရှားပါတယ်။

(၄) ဂျွန်အက်ဖ် ကနေဒီ

Photo: Reader’s Digest

သူငယ်ငယ်က တော်တဲ့ကျောင်းသားတစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။ ကြီးလာမှ အစွမ်းအစ ပြလာတယ်လို့ ဆိုပါတယ်။ ၁၉၄၀ မှာ ဟားဗတ်ကနေ ဘွဲ့ရခဲ့သလို ဒုတိယကမ္ဘာစစ်အတွင်းက တောင်ပစိဖိတ်သမုဒ္ဓရာထဲမှာ သူ့ရဲ့ ရဲရင့်တဲ့ လုပ်ဆောင်ချက်တွေကြောင့် ခရမ်းရောင်နှလုံးသားဆုပါ ရခဲ့ပါတယ်။ အမေရိကန်သမိုင်းမှာ တစ်ဦးတည်းသော ကတ်သလစ်ဘာသာဝင် သမ္မတဖြစ်သလို ဒုတိယအသက်အငယ်ဆုံး သမ္မတလည်း ဖြစ်ပါတယ်။ သူ့ IQ က ၁၅၉.၈ ပါတဲ့။

(၅) ဘီလ်ကလင်တန်

Photo: Reader’s Digest

ဘီလ်ကလင်တန်ရဲ့ IQ ကို ၁၅၉ ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အလက်စကားမှာ မွေးခဲ့ပေမယ့် နောက်ပိုင်းမှာ ဂျော့ချ်တောင်း ၊ အောက်စဖို့ဒ်နဲ့ ယေးလ်တက္ကသိုလ်တွေ တက်ခဲ့ပါတယ်။ မိုနီကာ လီဝင်စကီနဲ့ ငြိစွန်းခဲ့တဲ့ ကိစ္စကြောင့် ကွန်ဂရက်က ကလင်တန်ကို စွပ်စွဲပြစ်တင်ရှုံ့ချခဲ့ပါတယ်။