[Unicode]

မဲပေးနိုင်သည့်အချိန်ကာလ – နိုဝင်ဘာ ၈ ရက် ၂၀၁၉ မှ ဖေဖော်ဝါရီ ၇ ရက် ၂၀၂၀

ဆုရွေးချယ်ပေးအပ်မည့်ကဏ္ဍ ၉ ခုဖြစ်သော အားကစား၊ အနုပညာနှင့်ဓါတ်ပုံ၊ လူမှုအကျိုးပြု၊ ရုပ်ရှင်၊ ဖက်ရှင်ဒီဇိုင်း၊ အလှမယ်နှင့်မော်ဒယ်၊ တေးဂီတ၊ စီးပွားရေးနှင့် လူမှုဦးဆောင် အစရှိသည့် ကဏ္ဍများအတွက် ဆန်ကာတင်အမည်စာရင်းကို Myanmar’s Pride Awards 2019 မှ ထုတ်ပြန်လိုက်ပါတယ်။ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသော အကဲဖြတ်ဒိုင် လူကြီးမင်းများက ထူးချွန်အောင်မြင်သူ ၃၆ ယောက်ကို ရွေးချယ်ခဲ့ပြီး အဆိုပါ အမည်စာရင်းကို အုပ်ချုပ်ရေးအဖွဲ့မှ အတည်ပြုပေးခဲ့ပါတယ်။

အသက် ၁၈ နှစ်နှင့် အထက်ရှိမည်သူမဆို မဲပေးနိုင်မည်ဖြစ်ပြီး မဲပေးခြင်းကို နိုဝင်ဘာ ၈ ရက်၊ ၂၀၁၉ မှစတင်၍ ဖေဖော်ဝါရီ ၇ ရက်၊ ၂၀၂၀ အထိ မဲပေးနိုင်မည်ဖြစ်ပါသည်။ Myanmar’s Pride Awards တွင် ပွင့်လင်းမြင်သာမှုရှိပြီး တင်းကြပ်သော ရွေးချယ်ရေးလုပ်ငန်းစဉ်များရှိရန်အတွက် နိုင်ငံတကာအတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော Deloitte မှ အကြံပေးအဖြစ်လုပ်ဆောင်နေသဖြင့် အရည်အသွေး အာမခံချက်ရှိသော အစီအစဉ်တစ်ခုဖြစ်ပါတယ်။

ဆန်ကာတင်စာရင်းတွင်ပါဝင်သော အမည်စာရင်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ ဆန်ကာတင်စာရင်းဝင် များနှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက Myanmar’s Pride Awards ၏ တရားဝင် website www.myanmarsprideawards.com/en/nominees/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

အားကစားကဏ္ဍ

● သက်ထားသူဇာ
● နေသွေးဦး
● ရန်နိုင်စိုး
● ငြိမ်းချမ်းကိုကို

အနုပညာနှင့်ဓါတ်ပုံကဏ္ဍ

● အောင်ပြည့်စိုး
● ဉာဏ်ကျယ်စေ
● ကျော်ကျော်ဝင်း
● ဝဏ္ဏခွာနီး

စွန့်ဦးတီထွင်ကဏ္ဍ

● ဝေဖြိုးကျော်
● ရဲမြတ်မင်း
● ဇော်ရဲနောင်
● လှလှဝင်း

လူမှုအကျိုးပြုကဏ္ဍ

● ဒေါက်တာသန်းမင်းထွဋ်
● ဒေါက်တာမြတ်စန္ဒာသန့်
● ခင်နှစ်သစ်ဦး
● ညီလင်းဆက်

တေးဂီတကဏ္ဍ

● နီနီခင်ဇော်
● ဖြူဖြူကျော်သိန်း
● ဓီရာမိုရ်
● စိုင်းစိုင်းခမ်းလှိုင်

ရုပ်ရှင်အနုပညာကဏ္ဍ

● နေတိုး
● ဝတ်မှုန်ရွှေရည်
● ပိုင်ဖြိုးသု
● ဒေါင်း

ဖက်ရှင်ဒီဇိုင်းကဏ္ဍ


● မေမြတ်ဝါဆို
● သွင်စုထွေး
● မင်းခန့်
● လဇိန်ဂမ်ထွဲ

အလှမယ်နှင့်မော်ဒယ်ကဏ္ဍ

● ဟန်တီ
● သက်သက်သင်း @ Beauty
● အောန်ဆိုင်း
● မေဘရဏီသော်

လူမှုဦးဆောင်ကဏ္ဍ

● လာဖာဒီး (Dee Dee Burmese Vlog)
● ဝင်းမင်းသန်း (Yangon in My Heart)
● ခင်မြတ်မြတ်နိုင် @ Chilli (My Khayee)
● မီရှဲလ် (ရန်ကုန်သူမီရှဲ)

ဆုပေးပွဲအတွက် အနိုင်ရရှိသူကို အများပြည်သူတို့၏မဲများ (SMS စာတိုမှတဆင့်ပေးသောမဲမှ ၄၀%၊ Facebook Chatbot မှတဆင့်ပေးသောမဲမှ ၄၀%) နှင့် အကဲဖြတ်ဒိုင်လူကြီးတို့၏ မဲ (၂၀%) ကို ပေါင်းစပ်ကာ အဆုံးအဖြတ်ပြုရွေးချယ်မည်ဖြစ်ပါတယ်။ အမှတ်ပေးစနစ်အပေါ် အခြေခံသည့်မဲရလဒ်များနှင့် အချက်အလက် များကို Deloitte က စုစည်းကာ စိစစ်သုံးသပ်၍ ဆုရရှိသူများကို ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်ပါတယ်။

ပြည်သူလူထုအနေဖြင့် မဲပေးလိုသူ၏ နံပါတ်စဉ်ကို 09 969696 888 သို့ SMS စာတိုပေးပို့၍ သော်လည်းကောင်း၊ fb.com/myanmarsprideawards မှတဆင့် messenger chatbot သို့ ဝင်ရောက်၍သော်လည်းကောင်း မဲပေးနိုင်မှာဖြစ်ပါတယ်။ ကဏ္ဍတစ်ခုစီတိုင်းအတွက် အဆိုပြုခံရသူ တစ်ဦးစီကို တစ်ရက်လျှင် တစ်ကြိမ်ကျ မဲပေးနိုင်မှာပါ။ ထို့အပြင် Myanmar’s Pride Awards မှ အများပြည်သူ၏ ဆန္ဒမဲတစ်ခုစီတိုင်းအတွက် မြန်မာငွေ ၁၀ ကျပ်ကို မြန်မာ့စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များကို အထောက်အပံ့ဖြစ်စေသော ဖန်တီးရာအဖွဲ့အစည်း၏ အစီအစဉ်သို့ ပေးလှုသွားမှာဖြစ်ပါတယ်။ ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့အနေဖြင့် ဖန်တီးရာသို့ ကျပ် ၁၀ သန်း ပေးလှုရန် စီစဉ်ထားပါတယ်။

Myanmar’s Pride Awards ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့၏ ရည်ရွယ်ချက်မှာ ကဏ္ဍအသီးသီးတွင် အောင်မြင်ကျော်ကြား၊ ထင်ရှားသူများ၏ ကျွမ်းကျင်မှုကို အသုံးပြု၍ သက်ဆိုင်ရာကဏ္ဍများတွင် နိုင်ငံတကာက အသိအမှတ်ပြုလေးစားရသည်အထိ မြန်မာကို ကိုယ်စားပြုနိုင်သူများကို ရှာဖွေဖော်ထုတ် ဂုဏ်ပြုရန်ဖြစ်ပါတယ်။ ဤဆုရွေးချယ်ပေးအပ်ရေးအစီအစဉ်ကို Grand Royal Special Reserve မှ title sponsor အဖြစ် အဓိကကူညီပံ့ပိုးပေးထားပြီး Japan ရုပ်သံလိုင်းတစ်ခုဖြစ်သော NHK အပါအဝင် အခြားသောမိတ်ဖက်အဖွဲ့များ နှင့် လက်တွဲကာ Mango Advertising Co., Ltd. က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

Myanmar’s Pride Awards အကြောင်းနှင့် ဆန်ကာတင်စာရင်းဝင်များ၏အကြောင်းကို ပိုမိုပြည့်စုံစွာ သိရှိနိုင်ရန် ဆုရွေးချယ်ပွဲ၏ တရားဝင်စာမျက်နှာဖြစ်သော https://myanmarsprideawards.com/ ကို ဝင်ရောက်ကြည့်ရှု နိုင်သကဲ့သို့ အသေးစိတ်အချက်အလက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် Myanmar’s Pride Awards ၏ တရားဝင် Facebook စာမျက်နှာ www.facebook.com/myanmarsprideawards ကို like နှင့် follow လုပ်ထားနိုင်ပါသည်။

Myanmar’s Pride Awards အကြောင်း

Myanmar’s Pride Awards (MPA) သည်နိုင်ငံတကာက အသိအမှတ်ပြုရသည်အထိ ထူးချွန်အောင်မြင်ပြီး မြန်မာကဂုဏ်ယူရသည့် မြန်မာပြည်ဖွားများကိုအသိအမှတ်ပြုချီးမြှောက်သည့် မြန်မာပြည်၏ဂုဏ်သရေကြီးမားပြီး လူအများကယုံကြည်စိတ်ချရသော ဆုရွေးချယ်ပေးအပ်ရေးအဖွဲ့ တစ်ခုအဖြစ် ရပ်တည်ရန်ရည်ရွယ်ပါတယ်။ MPA သည် အရည်အချင်းစစ်မှန်မှုကိုအခြေခံသော ပွင့်လင်းမြင်သာမှုရှိသည့် ရွေးချယ်မှု စံနှုန်းများကိုအသုံးပြု၍ အသိအမှတ်ပြုခံထိုက်သည့် ထူးချွန်ထက်မြက်သောသူများကို ဆုရွေးချယ်ပေးအပ်သည့်အဖွဲ့ဖြစ်ရန် ကြိုးစားလျက် ရှိပါတယ်။ ထူးချွန်အောင်မြင်သူများကို ဆုရွေးချယ်ပေးအပ်ခြင်းဖြင့် အနာဂတ်တွင် မြန်မာကို နိုင်ငံတကာက အသိအမှတ်ပြုအောင် စွမ်းဆောင်နိုင်မည့် လူငယ်များ၏ တီထွင်ဖန်တီးလိုစိတ်နှင့် စိတ်အားထက်သန်မှုများကို မြှင့်တင်ပေးနိုင်သောဆုဖြစ်ရန် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ပါတယ်။ ဤဆုရွေးချယ်ပေးအပ်ရေး အစီအစဉ်ကို ၂၀၁၈ ခုနှစ်တွင် Pride of Myanmar အမည်ဖြင့်စတင်ခဲ့ပြီး ယခုနှစ်တွင် Myanmar’s Pride Awards အဖြစ် အမည်ပြောင်းလဲ ကျင်းပခြင်း ဖြစ်ပါတယ်။

[Zawgyi]

မဲေပးႏိုင္သည့္အခ်ိန္ကာလ – ႏိုဝင္ဘာ ၈ ရက္ ၂၀၁၉ မွ ေဖေဖာ္ဝါရီ ၇ ရက္ ၂၀၂၀

ဆုေ႐ြးခ်ယ္ေပးအပ္မည့္က႑ ၉ ခုျဖစ္ေသာ အားကစား၊ အႏုပညာႏွင့္ဓါတ္ပုံ၊ လူမႈအက်ိဳးျပဳ၊ ႐ုပ္ရွင္၊ ဖက္ရွင္ဒီဇိုင္း၊ အလွမယ္ႏွင့္ေမာ္ဒယ္၊ ေတးဂီတ၊ စီးပြားေရးႏွင့္ လူမႈဦးေဆာင္ အစရွိသည့္ က႑မ်ားအတြက္ ဆန္ကာတင္အမည္စာရင္းကို Myanmar’s Pride Awards 2019 မွ ထုတ္ျပန္လိုက္ပါတယ္။ သက္ဆိုင္ရာနယ္ပယ္အသီးသီးမွ ကြၽမ္းက်င္ပညာရွင္မ်ားျဖစ္ၾကေသာ အကဲျဖတ္ဒိုင္ လူႀကီးမင္းမ်ားက ထူးခြၽန္ေအာင္ျမင္သူ ၃၆ ေယာက္ကို ေ႐ြးခ်ယ္ခဲ့ၿပီး အဆိုပါ အမည္စာရင္းကို အုပ္ခ်ဳပ္ေရးအဖြဲ႕မွ အတည္ျပဳေပးခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္ႏွင့္ အထက္ရွိမည္သူမဆို မဲေပးႏိုင္မည္ျဖစ္ၿပီး မဲေပးျခင္းကို ႏိုဝင္ဘာ ၈ ရက္၊ ၂၀၁၉ မွစတင္၍ ေဖေဖာ္ဝါရီ ၇ ရက္၊ ၂၀၂၀ အထိ မဲေပးႏိုင္မည္ျဖစ္ပါသည္။ Myanmar’s Pride Awards တြင္ ပြင့္လင္းျမင္သာမႈရွိၿပီး တင္းၾကပ္ေသာ ေ႐ြးခ်ယ္ေရးလုပ္ငန္းစဥ္မ်ားရွိရန္အတြက္ ႏိုင္ငံတကာအတိုင္ပင္ခံကုမၸဏီတစ္ခုျဖစ္ေသာ Deloitte မွ အႀကံေပးအျဖစ္လုပ္ေဆာင္ေနသျဖင့္ အရည္အေသြး အာမခံခ်က္ရွိေသာ အစီအစဥ္တစ္ခုျဖစ္ပါတယ္။

ဆန္ကာတင္စာရင္းတြင္ပါဝင္ေသာ အမည္စာရင္းမ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါတယ္။ ဆန္ကာတင္စာရင္းဝင္ မ်ားႏွင့္ပတ္သက္၍ ပိုမိုသိရွိလိုပါက Myanmar’s Pride Awards ၏ တရားဝင္ website www.myanmarsprideawards.com/en/nominees/ တြင္ ဝင္ေရာက္ၾကည့္ရႈႏိုင္ပါတယ္။

အားကစားက႑

● သက္ထားသူဇာ
● ေနေသြးဦး
● ရန္ႏိုင္စိုး
● ၿငိမ္းခ်မ္းကိုကို

အႏုပညာႏွင့္ဓါတ္ပုံက႑

● ေအာင္ျပည့္စိုး
● ဉာဏ္က်ယ္ေစ
● ေက်ာ္ေက်ာ္ဝင္း
● ဝဏၰခြာနီး

စြန႔္ဦးတီထြင္က႑

● ေဝၿဖိဳးေက်ာ္
● ရဲျမတ္မင္း
● ေဇာ္ရဲေနာင္
● လွလွဝင္း

လူမႈအက်ိဳးျပဳက႑

● ေဒါက္တာသန္းမင္းထြဋ္
● ေဒါက္တာျမတ္စႏၵာသန႔္
● ခင္ႏွစ္သစ္ဦး
● ညီလင္းဆက္

ေတးဂီတက႑

● နီနီခင္ေဇာ္
● ျဖဴျဖဴေက်ာ္သိန္း
● ဓီရာမိုရ္
● စိုင္းစိုင္းခမ္းလႈိင္

႐ုပ္ရွင္အႏုပညာက႑

● ေနတိုး
● ဝတ္မႈန္ေ႐ႊရည္
● ပိုင္ၿဖိဳးသု
● ေဒါင္း

ဖက္ရွင္ဒီဇိုင္းက႑


● ေမျမတ္ဝါဆို
● သြင္စုေထြး
● မင္းခန႔္
● လဇိန္ဂမ္ထြဲ

အလွမယ္ႏွင့္ေမာ္ဒယ္က႑

● ဟန္တီ
● သက္သက္သင္း @ Beauty
● ေအာန္ဆိုင္း
● ေမဘရဏီေသာ္

လူမႈဦးေဆာင္က႑

● လာဖာဒီး (Dee Dee Burmese Vlog)
● ဝင္းမင္းသန္း (Yangon in My Heart)
● ခင္ျမတ္ျမတ္ႏိုင္ @ Chilli (My Khayee)
● မီရွဲလ္ (ရန္ကုန္သူမီရွဲ)

ဆုေပးပြဲအတြက္ အႏိုင္ရရွိသူကို အမ်ားျပည္သူတို႔၏မဲမ်ား (SMS စာတိုမွတဆင့္ေပးေသာမဲမွ ၄၀%၊ Facebook Chatbot မွတဆင့္ေပးေသာမဲမွ ၄၀%) ႏွင့္ အကဲျဖတ္ဒိုင္လူႀကီးတို႔၏ မဲ (၂၀%) ကို ေပါင္းစပ္ကာ အဆုံးအျဖတ္ျပဳေ႐ြးခ်ယ္မည္ျဖစ္ပါတယ္။ အမွတ္ေပးစနစ္အေပၚ အေျခခံသည့္မဲရလဒ္မ်ားႏွင့္ အခ်က္အလက္ မ်ားကို Deloitte က စုစည္းကာ စိစစ္သုံးသပ္၍ ဆုရရွိသူမ်ားကို ထုတ္ျပန္ေၾကျငာေပးသြားမွာျဖစ္ပါတယ္။

ျပည္သူလူထုအေနျဖင့္ မဲေပးလိုသူ၏ နံပါတ္စဥ္ကို 09 969696 888 သို႔ SMS စာတိုေပးပို႔၍ ေသာ္လည္းေကာင္း၊ fb.com/myanmarsprideawards မွတဆင့္ messenger chatbot သို႔ ဝင္ေရာက္၍ေသာ္လည္းေကာင္း မဲေပးႏိုင္မွာျဖစ္ပါတယ္။ က႑တစ္ခုစီတိုင္းအတြက္ အဆိုျပဳခံရသူ တစ္ဦးစီကို တစ္ရက္လွ်င္ တစ္ႀကိမ္က် မဲေပးႏိုင္မွာပါ။ ထို႔အျပင္ Myanmar’s Pride Awards မွ အမ်ားျပည္သူ၏ ဆႏၵမဲတစ္ခုစီတိုင္းအတြက္ ျမန္မာေငြ ၁၀ က်ပ္ကို ျမန္မာ့စြန႔္ဦးစီးပြားေရးလုပ္ငန္းရွင္မ်ားကို အေထာက္အပံ့ျဖစ္ေစေသာ ဖန္တီးရာအဖြဲ႕အစည္း၏ အစီအစဥ္သို႔ ေပးလႈသြားမွာျဖစ္ပါတယ္။ ဆုေ႐ြးခ်ယ္ေပးအပ္ေရးအဖြဲ႕အေနျဖင့္ ဖန္တီးရာသို႔ က်ပ္ ၁၀ သန္း ေပးလႈရန္ စီစဥ္ထားပါတယ္။

Myanmar’s Pride Awards ဆုေ႐ြးခ်ယ္ေပးအပ္ေရးအဖြဲ႕၏ ရည္႐ြယ္ခ်က္မွာ က႑အသီးသီးတြင္ ေအာင္ျမင္ေက်ာ္ၾကား၊ ထင္ရွားသူမ်ား၏ ကြၽမ္းက်င္မႈကို အသုံးျပဳ၍ သက္ဆိုင္ရာက႑မ်ားတြင္ ႏိုင္ငံတကာက အသိအမွတ္ျပဳေလးစားရသည္အထိ ျမန္မာကို ကိုယ္စားျပဳႏိုင္သူမ်ားကို ရွာေဖြေဖာ္ထုတ္ ဂုဏ္ျပဳရန္ျဖစ္ပါတယ္။ ဤဆုေ႐ြးခ်ယ္ေပးအပ္ေရးအစီအစဥ္ကို Grand Royal Special Reserve မွ title sponsor အျဖစ္ အဓိကကူညီပံ့ပိုးေပးထားၿပီး Japan ႐ုပ္သံလိုင္းတစ္ခုျဖစ္ေသာ NHK အပါအဝင္ အျခားေသာမိတ္ဖက္အဖြဲ႕မ်ား ႏွင့္ လက္တြဲကာ Mango Advertising Co., Ltd. က အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါတယ္။

Myanmar’s Pride Awards အေၾကာင္းႏွင့္ ဆန္ကာတင္စာရင္းဝင္မ်ား၏အေၾကာင္းကို ပိုမိုျပည့္စုံစြာ သိရွိႏိုင္ရန္ ဆုေ႐ြးခ်ယ္ပြဲ၏ တရားဝင္စာမ်က္ႏွာျဖစ္ေသာ https://myanmarsprideawards.com/ ကို ဝင္ေရာက္ၾကည့္ရႈ ႏိုင္သကဲ့သို႔ အေသးစိတ္အခ်က္အလက္မ်ားကို အခ်ိန္ႏွင့္တေျပးညီ သိရွိႏိုင္ရန္ Myanmar’s Pride Awards ၏ တရားဝင္ Facebook စာမ်က္ႏွာ www.facebook.com/myanmarsprideawards ကို like ႏွင့္ follow လုပ္ထားႏိုင္ပါသည္။

Myanmar’s Pride Awards အေၾကာင္း

Myanmar’s Pride Awards (MPA) သည္ႏိုင္ငံတကာက အသိအမွတ္ျပဳရသည္အထိ ထူးခြၽန္ေအာင္ျမင္ၿပီး ျမန္မာကဂုဏ္ယူရသည့္ ျမန္မာျပည္ဖြားမ်ားကိုအသိအမွတ္ျပဳခ်ီးေျမႇာက္သည့္ ျမန္မာျပည္၏ဂုဏ္သေရႀကီးမားၿပီး လူအမ်ားကယုံၾကည္စိတ္ခ်ရေသာ ဆုေ႐ြးခ်ယ္ေပးအပ္ေရးအဖြဲ႕ တစ္ခုအျဖစ္ ရပ္တည္ရန္ရည္႐ြယ္ပါတယ္။ MPA သည္ အရည္အခ်င္းစစ္မွန္မႈကိုအေျခခံေသာ ပြင့္လင္းျမင္သာမႈရွိသည့္ ေ႐ြးခ်ယ္မႈ စံႏႈန္းမ်ားကိုအသုံးျပဳ၍ အသိအမွတ္ျပဳခံထိုက္သည့္ ထူးခြၽန္ထက္ျမက္ေသာသူမ်ားကို ဆုေ႐ြးခ်ယ္ေပးအပ္သည့္အဖြဲ႕ျဖစ္ရန္ ႀကိဳးစားလ်က္ ရွိပါတယ္။ ထူးခြၽန္ေအာင္ျမင္သူမ်ားကို ဆုေ႐ြးခ်ယ္ေပးအပ္ျခင္းျဖင့္ အနာဂတ္တြင္ ျမန္မာကို ႏိုင္ငံတကာက အသိအမွတ္ျပဳေအာင္ စြမ္းေဆာင္ႏိုင္မည့္ လူငယ္မ်ား၏ တီထြင္ဖန္တီးလိုစိတ္ႏွင့္ စိတ္အားထက္သန္မႈမ်ားကို ျမႇင့္တင္ေပးႏိုင္ေသာဆုျဖစ္ရန္ ႀကိဳးပမ္းေဆာင္႐ြက္ သြားမွာျဖစ္ပါတယ္။ ဤဆုေ႐ြးခ်ယ္ေပးအပ္ေရး အစီအစဥ္ကို ၂၀၁၈ ခုႏွစ္တြင္ Pride of Myanmar အမည္ျဖင့္စတင္ခဲ့ၿပီး ယခုႏွစ္တြင္ Myanmar’s Pride Awards အျဖစ္ အမည္ေျပာင္းလဲ က်င္းပျခင္း ျဖစ္ပါတယ္။