အမျိုးသားများအနေနဲ့ အသက်အရွယ်အရ ဆံပင်ဖြူပေါက်ခြင်းကို လွန်ဆန်လို့မရနိုင်ပါဘူး။ သို့သော် အရွယ်မတိုင်ခင်မှာပဲ ဆံပင်ဖြူတွေပေါက်နေပြီဆိုရင်တော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကို ပြန်ပြီး စစ်ဆေးဖို့လိုလာပါပြီ။ ဒီတစ်ခေါက်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုနည်းအောင်နေပါ

Man relaxing on sofa

Photo : Depositphotos

လေ့လာမှုများအရ ဆံပင်ဖြူခြင်းဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ ဆက်စပ်မှုရှိနေပါတယ်။ စိတ်ဖိစီးမှုတွေဟာ ခန္ဓာကိုယ်ရှိ antioxidants နဲ့ free radicals တွေကိုမညီမျှမှုဖြစ်စေပြီး ၎င်းက တစ်ရှူးနဲ့ ဆဲလ်များကိုပျက်စီးစေကာ အိုမင်းရင့်ရော်မှု မြန်ဆန်စေတာပဲဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုများသူတွေမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူပေါက်တာမျိုးတွေအဖြစ်များတာပါ။

(၂) အာဟာရပြည့်ဝအောင်စားပါ

 Man mixing fruits with blender

Photo : Freepik

အာဟာရပြည့်ဝလုံလောက်စွာ မစားခြင်း ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာများစားခြင်း ဟာလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူပေါက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဆံပင်ဖြူခြင်းကို ကာကွယ်ဖို့ အာဟာရပြည့်ဝအောင်စားတော့မယ်ဆိုရင် antioxidants , ဗီတာမင် E , ဗီတာမင် D , ဗီတာမင် A , ဗီတာမင် B12 , ဇင့် , သံဓာတ် , သတ္တုဓာတ်တွေကြွယ်ဝတဲ့အစားအစာတွေ လက်ဆတ်တဲ့အသီးအနှံတွေ များများစားပေးပါ။ ရေဓာတ်လုံလောက်စွာသောက်သုံးပေးဖို့လည်းလိုအပ်ပါတယ်။ ဆံသားပျက်စီးစေပြီး ဆံပင်ဖြူဖို့တွန်းအားဖြစ်စေတဲ့ ဆီကြော်တွေ ၊ သကြားပါဝင်မှုများတဲ့ အစားအစာတွေနဲ့ ပြုပြင်ထားတဲ့အသားတွေကိုတော့ ရှောင်ကြဉ်ပေးဖို့လိုပါတယ်။

(၃) ဆံသားကျန်းမာရေးကိုဂရုစိုက်ပါ

 Handsome Young Man Touching His Hair With Hand And Smiling

Photo : Cosmetics Business

ဆံပင်နဲ့ပတ်သတ်ပြီး အမြဲဂရုတစိုက်ရှိဖို့ကလည်း အရေးကြီးပါတယ်။ ဆံသားပျက်စီးစေမယ့် အပူပေးတာတွေ ၊ chemical ပစ္စည်းတွေနဲ့ မကြာခဏထိတွေ့မှုလုပ်တာတွေ ၊ ဆံပင်အရောင်ချွတ်ခြင်း ၊ မကြာခဏဆံပင်အရောင်ဆိုးခြင်း ၊ မကြာခဏခေါင်းလျော်ခြင်း ၊ ဆံပင်စိုစွတ်နေချိန် ခေါင်းဖြီးခြင်း စသည်ဖြင့် ဆံသားကျန်းမာရေးကိုထိခိုက်စေမယ့် အလေ့အထတွေကို တက်နိုင်သလောက်ရှောင်ပေးဖို့လိုပါတယ်။

အမျိုးသားတွေအနေနဲ့ အရေးကြီးတဲ့အချက်က ဆေးလိပ်သောက်ခြင်းကို ရှောင်ဖို့ပါပဲ။ ဆေးလိပ်သောက်ခြင်းဟာ ဆံသားအဆီအနှစ်တွေကိုခမ်းခြောက်စေပြီး ဆံပင်ဖြူနိုင်ခြေပိုများပါတယ်။

အရွယ်မတိုင်ခင် ဆံပင်ဖြူပေါက်ခြင်းကို ကာကွယ်နိုင်သိထားဖို့မယ့် နောက်ထပ်အချက်လေးကတော့ ဓာတုပစ္စည်းများပါဝင်တဲ့ Hair Care Products တွေသုံးတာမျိုးတက်နိုင်သလောက်ရှောင်ကြဉ်ပါ။ နေရောင်အောက်သွားတဲ့အခါ ဆံသားကိုနေရောင်တိုက်ရိုက်မထိစေဖို့ ထီး ၊ ဦးထုပ်စတဲ့ အကာကွယ်တစ်ခုခုဆောင်းသွားပါ။ ဦးရေပြားကိုအားဖြည့်ပေးပြီး ဆံသားနက်မှောင်တောက်ပစေဖို့ သံလွင်ဆီ ၊ အုန်းဆီ ၊ ဗီတာမင် E လိမ်းတာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း အိပ်ရေးဝဝအိပ်စက်ခြင်းတွေကလည်း ဆံသားကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။

Featured Photo : Men’s Health