ထောင်တွေဆိုတာ ရာဇဝတ်သားတွေကို အပြစ်ပေးရာနေရာတစ်ခုဖြစ်တယ်လို့ လူအများကသိထားကြပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အပြစ်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး ပြစ်ဒဏ်စေ့သွားတဲ့အခါ ကောင်းကောင်းမွန်မွန်နေထိုင်အောင် ပြုပြင်ပေးတဲ့ နေရာတစ်ခုပါ။
ဒါပေမယ့် သင်အနေနဲ့ ကံကောင်းခဲ့မယ်ဆိုရင် UK ရဲ့ HMP Berwyn အကျည်းထောင်မှာ နေထိုင်ခွင့်ရမှာပါ။ အင်္ဂလန်နဲ့ ဝေးလ်စ် နှစ်နိုင်ငံမှာ အကြီးမားဆုံးအကျဉ်း ထောင်တစ်ခုဖြစ်တဲ့ ရက်ဆန် (Wrexham) မြို့က HMP Berwyn အကျဉ်းထောင်မှာ အကျဉ်းသားတွေကို ကိုယ်ပိုင်အခန်း၊ ကိုယ်ပိုင်အိပ်ရာနဲ့ထားရှိပေးထားပြီး ကိုယ်ပိုင်သော့နဲ့ ကိုယ်ပိုင်လက်ပ်တော့တွေ ပေးအပ်ထားပါတယ်။

Source: Small Joys
ဒါ့အပြင် ကိုယ့်အခန်းကိုယ် သော့ခတ်ထားခွင့်လည်းပေးထားပြီး ထောင်အရာရှိတွေအနေနဲ့ အကျဉ်းသားတွေရဲ့အခန်းထဲကိုမဝင်ခင် တံခါးခေါက်ပြီး ဝင်ရောက်ဖို့ရာ လေးစားသမှုဆက်ဆံရေးစနစ်ကိုပါ ကျင့်သုံးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် အရေးပေါ်အခြေအနေနဲ့ သံသယဖြစ်ဖွယ်ရာ ရှာဖွေဖို့အတွက် အခန်းထဲကို အသိမပေးဘဲ ဝင်ရောက်ခွင့်ရှိပါတယ်။

Source: LADbible
ထောင်အတွင်းမှာ ကျန်းမာရေးအတွက် gym လည်းထားရှိပေးထားပြီး နေထိုင်ရာ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ထောင်ဆိုတာထက် တက္ကသိုလ်နဲ့တောင် ပိုတူနေပါသေးတယ်။ ဒီထောင်ထဲမှာ C အမျိုးအစား ထောင်သားတွေ (ထောင်ဖောက်ပြေးဖို့ကြိုးစားခြင်းမရှိဘူးလို့ ထင်ရသူ၊ ဒါပေမယ့် လုံးဝထွက်မပြေးဘူးလို့ ယုံကြည်လို့မရသူများ) ကို ထိန်းသိမ်းထားပါတယ်။ Berwyn အကျဉ်းထောင်ရဲ့ စနစ်သစ်ကို UK မှာရှိတဲ့ နောက်ထပ် အကျဉ်းထောင် (၆) ခုမှာကျင့်သုံးသွားအုန်းမှာပါ။

Source: Daily Mail
ဒါဟာ ဥရောပမြောက်ပိုင်းက စကင်ဒီနေးဗီးယန်းနိုင်ငံတွေရဲ့ အကျဉ်းထောင်မူဝါဒအတိုင်း ကျင့်သုံးလာတာဖြစ်ပြီး အကျဉ်းသားတွေဟာ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ အတူ အနှောင့်အယှက်ကင်းကင်းနဲ့ တစ်ကိုယ်ရည် ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မှာဖြစ်ပါတယ်။
“ထောင်သားတွေကို လေးလေးစားစား ဆက်ဆံသင့်ပါတယ်။ ဒါပေမယ့် သူတို့ကို အခန်းသော့တွေပေးထားတာ အခန်းထဲမဝင်ခင် တံခါးခေါက်ရတာတွေက ဥပဒေနဲ့ မညီတဲ့ ပစ္စည်းတွေ ဥပမာ ဖုန်း (သို့) မူးယစ်ဆေးဝါးတွေ ဖွတ်ချိန်ပေးသလို ဖြစ်သွားနိုင်ပါတယ်” Victims’ Rights Campaign ရဲ့ ဒါရိုက်တာဖြစ်သူ Harry Fletcher သုံးသပ်ထားပါတယ်။
