တစ်ကိုယ်ရည် သန့်ရှင်းရေးသည် အင်မတန်မှ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ နွေရာသီပဲဖြစ်ဖြစ်၊ မိုးရာသီပဲဖြစ်ဖြစ်၊ ဆောင်းရာသီပဲဖြစ်ဖြစ်၊ ဥတုသုံးပါး မရွေး တစ်ကိုယ်ရည် သန့်ရှင်းရေးရှိဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် ပြင်ပမှ မလိုလားအပ်တဲ့ ရောဂါလက္ခဏာများ ဝင်ရောက်မလာမှာပဲဖြစ်ပါတယ်။ စိုစွတ်တဲ့ရာသီမှာဆိုရင် ပိုလို့တောင် ဂရုစိုက်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် စိုစွတ်တဲ့ မိုးရာသီမှာ ကွီးတို့ရဲ့ Private Area ရဲ့ သန့်ရှင်းရေးကို သေချာဂရုစိုက်ရမှာဖြစ်ပါတယ်။ နို့မဟုတ်ရင် ပြင်ပမှ ရောဂါဘယများ ဝင်ရောက်လာပြီး ယားယံခြင်း ဝေဒနာကို ခံစားရမှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ STI လို့ခေါ်တဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါများ ဖြစ်ပွားနိုင်ခြေလည်း ပိုမြင့်မားတတ်ပါတယ်။
အထက်ပါ ရောဂါများကို မခံစားချင်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ Private Area ကို ပိုးမွှေးသလို ဥထားပြီး စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။
ဘယ်လိုနည်းလမ်းများနဲ့ စောင့်ရှောက်နိုင်မလဲ။
ကွီးတို့ရဲ့ အောက်ခံအဝတ်အစားများကို နေ့စဥ် လျှော်ဖွတ်ပါ
အောက်ခံဘောင်းဘီများကို လျှော်ဖွတ်ထားခြင်းမရှိဘဲ ထပ်ဖန်တလဲလဲ ပြန်လည်ဝတ်ဆင်ခြင်းသည် အဆိုးရွားဆုံးသော ဗိုင်းရပ်စ်များ၊ မှိုရောဂါနှင့် ဘက်တီးရီးယားများကို လက်ယပ်ခေါ်နေတာနဲ့ အတူတူပါပဲ။ အပေါ်ဝတ် အဝတ်အစားများကိုတော့ လဲလှယ် ဝတ်ဆင်ပါရဲ့၊ အောက်ခံ ဘောင်းဘီတွေကတော့ ဘယ်သူမှ မမြင်ပါဘူးလေဆိုပြီး မလျှော်ဖွတ်ဘဲ ထပ်တလဲလဲ ဝတ်ဆင်နေမယ်ဆိုရင်တော့ ယားနာတွေက လာထား အာဘွား ဖြစ်နေပါလိမ့်မယ်။
သန့်ရှင်း ခြောက်သွေ့အောင် ထားပါ
ကွီးတို့ရဲ့ ဖွားဖက်တော်နေရာတစ်ဝိုက်သည် အထိအခိုက်မခံနိုင်တဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ထိုနေရာတစ်ဝိုက်ရဲ့ အရေပြားသည်လည်း ထိလွယ်ရှလွယ်တဲ့အတွက်ကြောင့် အမွှေးဆပ်ပြာတွေ အသုံးပြုတဲ့အခါ သေချာသတိထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ထိုနေရာအတွက် အဓိကထားကာ ထုတ်လုပ်ထားတဲ့ ဆပ်ပြာမျိုးကို အသုံးပြုသင့်ပါတယ်။ ဒါ့အပြင် ထိုဆပ်ပြာများကို အသုံးပြုတဲ့အခါမှာလည်း နေ့တိုင်း အသုံးပြုတာထက် တစ်ပတ်မှာ ၂ ကြိမ်၊ ၃ ကြိမ်လောက်သာ အသုံးပြုသင့်ပါတယ်။ တချို့ရက်တွေမှာတော့ ရေချိုးဆပ်ပြာဖြင့်သာ အစားထိုးအသုံးပြုရမှာဖြစ်ပါတယ်။ ဆေးကြော သန့်စင်ပြီးတဲ့အခါမှာလည်း ပုဝါနဲ့ အကြမ်းပတမ်း ပွတ်တိုက်ကာ အခြောက်ခံတာမျိုး မဟုတ်ဘဲ ခပ်ဖွဖွကလေး ပုတ်ကာ အခြောက်ခံရမှာဖြစ်ပါတယ်။
အမွှေးအမျှင်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပါ
သဘာဝအမွှေးအမျှင်များသည် ကွီးတို့ရဲ့ ဖွားဖက်တော်နေရာကို နွေးနွေးထွေးထွေးနဲ့ အပူ အအေး မျှတနေအောင် ကူညီပေးတာပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုအမွှေးအမျှင်များကြောင့် ချွေးထွက်များကာ ယားယံခြင်းလည်း ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ သဘာဝအမွှေးအမျှင်များကို ပုံမှန်အတိုင်း ညှပ်ပစ်ဖို့ လိုအပ်ပါတယ်။
သဘာဝနည်းလမ်းဖြင့် အစိုဓာတ် ထိန်းသိမ်းပါ
ဖွားဖက်တော်နေရာတစ်ဝိုက်ကာ အသားအရေကို အစိုဓာတ်ထိန်းထားဖို့သည်လည်း အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုအစိုဓာတ် ထိန်းထားဖို့ဆိုရင် ကွီးတို့သည် ကွာလတီကောင်းတဲ့ Moisturizer များကို အသုံးပြုရမှာပဲဖြစ်ပါတယ်။ ဒါမှသာလျှင် Sensitive ဖြစ်တဲ့ အရေပြားကို မပျက်စီးစေဘဲ အသားအရေ ထိန်းသိမ်းရာရောက်မှာပါ။
ကိစ္စ ဝိစ္စများအားလုံး ပြီးသွားပါက ရေဆေး သန့်စင်ပါ
ကိုယ့်ရဲ့ ပါတနာနဲ့ ပျော်ပါးမြူးတူးပြီးတဲ့နောက်မှာ ကွီးတို့ရဲ့ ညီလေးကို ဆေးကြောသန့်စင်ပေးတဲ့ အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီအလေ့အကျင့်သည် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အလေ့အကျင့်ဖြစ်ရုံသာမကဘဲ ဆွဲဆောင်မှုရှိတဲ့ အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဖွားဖက်တော်က အနံ့အသက် ကင်းနေမှ ကွီးတို့ရဲ့ ပါတနာကလည်း စိတ်ကျေနပ်မှာ မဟုတ်လား။
ကွီးတို့ရော ကိုယ့်ရဲ့ ဖွားဖက်တော်ကို ဘယ်လိုနည်းလမ်းများနဲ့ ဂရုစိုက်လေ့ရှိပါသလဲ။
Source: India
Featured Image: Freepik