နာမည်ကြီးမင်းသား ကီအာနူရိဗ် နဲ့အတူ The Matrix စီးရီးရဲ့ နံပါတ် (၄) ကားမြောက်မှာ ဘောလိဝုဒ် နာမည်ကြီး မင်းသမီး ပရီရန်ကာချော့ပရာ ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်း သိရပါတယ်။ ဒီခန့်မှန်းချက်က လွန်ခဲ့တဲ့ ဇန်နဝါရီလကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး ဇူလိုင်လမှာ အတည်ပြုသွားပြီဖြစ်ပါတယ်။

Source: Finance Rewind

ဒါပေမဲ့ ပရီရန်ကာ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ကောင်နေရာအသေးစိတ်ကိုတော့ ထုတ်ပြောထားခြင်းမရှိသေးပါဘူး။ (၄) ကားမြောက် The Matrix ဇာတ်ကားမှာ အဓိကဇာတ်ဆောင်တွေအဖြစ် ကာရီ အန်နီ မော့စ်၊ နေးလ် ပတ်ထရစ် ဟဲရစ်တို့လည်း ပါဝင်မှာဖြစ်ပါတယ်။

ရိုက်ကူးရေးတွေက ပြီးခဲ့တဲ့လတွေတုန်းက ဘာလင်မှာစတင်ခဲ့ပေမယ့် ကပ်ရောဂါ အခြေအနေကြောင့် ရပ်နားထားရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်တွေကို ဖိုက်တင်ခန်းတွေအတွက် အချိန်အတော်ကြာ လေ့ကျင့်မှုတွေ ပြုလုပ်ပြီးတဲ့နောက်မှာ သူတို့က ရိုက်ကူးရေးကို အပိုအနေနဲ့ (၈) ပတ်လုပ်ပေးမယ်လို့ သဘောတူထားပြီးသားဖြစ်ပါတယ်။

Source: Collider

ဒီဇာက်ကားဟာ အစတုန်းက မေလ (၂၀၂၁) မှာထွက်ရှိလာမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် ကပ်ရောဂါအခြေနေကြောင့် ဧပြီလ (၂၀၂၂) မှထွက်ရှိတော့မှာပါ။ အဓိကဇာတ်ကောင် ဖြစ်တဲ့ နီရို ဟာအရင်ဇာတ်ကားတွေနဲ့မတူပဲ စရိုက်ပြောင်းထားတယ်လို့လည်း သိရပါတယ်။ အရင်ကားတွေတုန်းကလည်း ခပ်ကြမ်းကြမ်းတွေအပြင် ဒရာမာ ဆန်ဆန်တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

Source: mxdwn Movies

(၁၉၉၉) ခုနှစ်တွင် ပထမဆုံး The Matrix ဇာတ်ကား ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဒါ့ကြောင့် (၂၀၀၃) ခုနှစ်မှာ The Matrix (2),(3) ထွက်ရှိခဲ့ပြီး အောင်မြင်မူတွေ အများကြီးရရှိခဲ့ပါတယ်။ The Matrix 4 ဇာတ်ကားကိုတော့ လာနာ ဝါရှောစကီက ဒါရိုက်တာအဖြစ် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။