ခဏခဏရန်ဖြစ်ကြတဲ့စုံတွဲတွေရှိလား။  ရန်ဖြစ်ရတာတွေ အချင်းများရတာတွေများလာတဲ့အခါ တစ်ယောက်ပေါ်တစ်ယောက် စိတ်ပျက်မှုတွေနဲ့ လမ်းခွဲပြတ်စဲတာတွေဖြစ်လာတာပါ။ Relationship တော်တော်များများက ပြဿနာတွေရဲ့ ဒဏ်ကို မခံနိုင်ကြတဲ့အတွက်လက်လျော့လိုက်ကြတာဖြစ်ပါတယ်။ဒီနေ့မှာတာ့ နေ့စဉ်မျိုးစုံသော ပြဿနာတွေဖြစ်နေကြတဲ့ စုံတွဲတွေအတွက် ပြဿနာတွေကြားက ရုန်းထွက်နိုင်မယ့်နည်းလမ်းကောင်းတွေ မျှဝေပေးချင်ပါတယ်။

ကိုယ့်ချစ်သူအပေါ် အပြစ်တင်စောခြင်းက ရန်ဖြစ်ဖို့အကြောင်းအရင်းကို ဖြစ်စေမယ့် လမ်းစတစ်ခုပါ။ သူ့ဘက်က တစ်ခုခုလွဲချော်ခဲ့သည်ရှိသော် ဥပမာချိန်းထားလို့ နောက်ကျတာဖြစ်ဖြစ် တစ်ခုခုဆိုရင် အကျိုးကြောင်းအရင်မေးပါ။ အကြောင်းပြချက်တစ်ခုခုရှိမှာပါဆိုတာတွေးပြီး ခဏစောင့်ကြည့်ပါ။ ဘာမှမမေးမမြန်းပဲတွေ့တာနဲ့ အပြစ်တင်ခြင်းက အပြစ်တင်ခံရတဲ့သူဘက်ကလည်း ဒေါသတွေပဲဖြစ်စေတာမို့ ပြဿနာကြီးထွားလာစေတာအပြင် ကျန်တာဘာမှမရှိပါဘူး။

Husband and wife having a fight indoors

Source : Freepik

တစ်ခါတစ်လေမှာ နှုတ်ဆိတ်နေခြင်းက အကောင်းဆုံး ငြိမ်းချမ်းရေးတစ်ခုလို့ ထင်ရပေမယ့်လည်း သူမဘာပြောပြော ဘယ်လိုစိတ်ကောက်ပြပြ ဖြေရှင်းတာချော့တာတွေမရှိပဲ လျစ်လျူရှု့သလိုမနေမိပါစေနဲ့။ သူမရဲ့ ခံစားချက်ကိုမေးမြန်းပါ။ မျက်နှာမကောင်းရင်မေးပါ။ မိန်းကလေးတွေက ပြောပြမှသိတာထက် အလိုက်တသိမေးမြန်းတာတွေက သူတို့ကိုပိုပြီး ဂရုစိုက်တယ်လို့ ခံစားကြရတာဖြစ်ပါတယ်။

ပြဿနာတစ်ခုဖြစ်လာတဲ့အခါ ကိုယ်ကယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံးတော့ အလျော့ပေးရပါမယ်။ မိန်းကလေးတွေက ကိုယ့်ချစ်သူအပေါ်အနိုင်လိုချင်တဲ့ စိတ်က သဘာဝတစ်ခုမလို့ အနိုင်ယူခွင့်ပေးလိုက်ပါ။ ကိုယ့်ချစ်သူနဲ့ လိုက်ပြိုင်ပြီး ငြင်းခုန်တာတွေမလုပ်ပါနဲ့။ သူမဘက်က မှားနေရင်လည်း အကျိုးသင့်အကြောင်းသင့် ရှင်းပြနိုင်အောင်ကြိုးစားပါ။

ယောကျာ်းလေးပဲဆိုပြီး အရာရာအထက်စီးက ဆက်ဆံလို့မရပါဘူး။ ဆုံးမတာမျိုး အမှန်ကို လမ်းညွှန်ပေးတာမျိုးက ကောင်းတဲ့လုပ်ရပ်တစ်ခုဖြစ်ပေမယ့် နေရာတိုင်းမှာ အာဏာပါဝါတွေ မပြသင့်ပါဘူး။ ပူးပေါင်းဆောင်ရွက်ခြင်းက အောင်မြင်ခြင်းတစ်ခုဖြစ်တဲ့အတွက် သူမနဲ့အတူတူ တိုင်ပင်ပါ။ ရှေ့တန်းတင်သင့်တဲ့နေရာလေးတွေမှာ ရှေ့တန်းတင်ပေးပါ။ တစ်ဖက်သက်လုပ်ရပ်မျိုးတွေ အတတ်နိုင်ဆုံး ရှောင်ကျဉ်ရပါမယ်။

Concerned wife being sad about family problems

Source : Freepik

အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကို အကြိမ်ကြိမ်အခါခါပြန်လည် တူးဆွနေခြင်းက အနာဂတ်မှာ ထိခိုက်နစ်နာမှုတွေဖြစ်လာစေပါတယ်။ အတိတ်ကအရာတွေကို အတိတ်မှာပဲ အပြီးသတ် ထားခဲ့တာကောင်းပါတယ်။ ပြဿနာတစ်စုံတစ်ရာဖြစ်တိုင်း အတိတ်ကအကြောင်းတွေကို ပြန်ပြောနေခြင်းက ပြဿနာကို ပိုမိုကြီးထွားစေနိုင်ပြီး စိတ်ဒဏ်ရာတွေလည်း အထပ်ထပ်ရစေတာမလို့ လုံးဝမပြုလုပ်သင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။