လိင်မှုရေးရာ ကိစ္စဆိုတာ စာရေးသူတို့ သက်ရှိလူသားတွေရဲ့ နေ့စဉ်ဘဝထဲက အရေးပါတဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပေမယ့်လည်း တချို့ကတော့ ၎င်းတို့ရဲ့ Productivity ကို မြှင့်တင်ဖို့အတွက် လိင်ကိစ္စ ကို စွန့်လွှတ်ဖို့ ဆန္ဒရှိနေကြပါတယ်။

Sex and Work Productivity

Photo : UNILAD

နိုင်ငံတကာ Dating App တစ်ခုမှာ ကောက်ယူခဲ့တဲ့ လေ့လာမှု စစ်တမ်းတစ်ခုအရ အရွယ်ရောက်ပြီးသူ User ၁၀ ယောက်မှာ ၆ ယောက်နှုန်းက လိင်မှုကိစ္စကို ရှောင်ရှားဖို့ စဉ်းစားနေကြပြီး User ၄ ယောက်မှာ ၁ နှုန်းက ၎င်းတို့ရဲ့ Productivity ကို မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ဖို့ ရွေးချယ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ မေးခွန်ထုတ်စရာ ရှိတာကတော့ လိင်ကိစ္စကို ရှောင်လိုက်ရင် တကယ်ပဲ သင်တို့ရဲ့ နေ့စဉ်ဘဝထဲက Productivity တိုးတက်လာမှာလား ? ဆိုတာပါ။ စိတ်ပညာနဲ့ လိင်မှုဆိုင်ရာကျွမ်းကျင်ပညာရှင် တစ်ယောက်ကတော့ ” လိင်ဆက်ဆံခြင်းကို လုံးဝရှောင်ရှားလိုက်ခြင်းက သင့်ရဲ့ Productivity ကို ပိုပြီး ထက်သန်အားကောင်းစေတယ်ဆိုတဲ့ အယူအဆက လက်တွေ့မဆန်တဲ့ မှားယွင်တဲ့ ယူဆချက်တစ်ခု” လို့ ဆိုထားပါတယ်။

လိင်မှုကိစ္စဟာ လူတစ်ယောက်ရဲ့ ဘဝပျော်ရွှင်မှုနဲ့ တိုက်ရိုက် အချိုးမကျပေမယ့်လည်း သွယ်ဝိုက်သောနည်းနဲ့ ဘဝရဲ့ အခြားသောနယ်ပယ်များစွာ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများစွာ ပေးစွမ်းနိုင်တယ်ဆိုတာတော့ ငြင်းလို့မရတာ အမှန်ပါ။ လိင်မှုဆိုင်ရာ လှုပ်ရှားမှုတွေ ကနေတဆင့် စိတ်ခံစားချက်ဆိုင်ရာ လန်းဆန်းရွှင်ပြခြင်း ၊ စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကို သက်သာစေခြင်း ၊ ကိုယ်ခံအားစနစ်ကို ကောင်းမွန်အောင် ထောက်ပံ့ပေးခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိခံစားနိုင်ပြီး လိင်မှုကိစ္စလုပ်ဆောင်ပြီးချိန်မှာလည်း စိတ်ကျေနပ်ပျော်ရွှင်မှုနဲ့ အာရုံစူးစိုက်မှုတွေ ပိုရလာစေတာ ဖြစ်ပါတယ်။ တကယ်တော့ လူတစ်ယောက်ရဲ့ Productivity ဟာ လိင်ကိစ္စ နဲ့ တိုက်ရိုက်ကြီး သက်ဆိုင်နေတာတော့ မဟုတ်ပဲ တကယ့် ပြဿနာက ၎င်းတို့ရဲ့ နေ့စဉ်ဘဝထဲက အလုပ်နဲ့ ဘဝရဲ့ ဟန်ချက်မညီမျှမှုကြောင့် ဖြစ်နိုင်ပါတယ်။

Sex and Work Productivity
Photo : New York Post

လိင်ကိစ္စကို အာရုံစိုက်လွန်းတာ ဒါမှမဟုတ် စွဲစွဲလမ်းလမ်း ဖြစ်လာမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးအနေနဲ့ သက်ရောက်မှု အချို့ ရှိနိုင်ပေမယ့်လည်း ယေဘုယျအားဖြင့် သင့်ရဲ့ နေ့စဉ်ဘဝ စွမ်းဆောင်ရည်ကို ပိုမြင့်မားစေဖို့အတွက်နဲ့တော့ လိင်ကိစ္စ ကို ရှောင်ရှားဖို့ မလိုအပ်ပါဘူး။ ကျန်းမာပျော်ရွှင်ဖွယ်ရာ လိင်မှုဘဝဟာ Balance ဖြစ်တဲ့ Life ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး သင့်ကိုသင် လုပ်နိုင်ကိုင်နိုင်စွမ်းတွေ တိုးတက်လာစေဖို့ Productivity ပိုကောင်းလာစေဖို့အတွက် ရည်ရွယ်ချက်နဲ့ လိင်ကိစ္စကို သင့်ဘဝထဲကနေ ဖယ်ထုတ်လိုက်မယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုဆိုးသွားစေနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

ကွီးတို့အနေနဲ့ Productivity ကို အမှန်တကယ် တိုးတက်ချင်တယ်ဆိုရင်တော့ ကျန်းမာမျှတတဲ့ လိင်မှုဘဝကို ထိန်းသိမ်းထားဖို့ လိုသလို အစာအာဟာရ ၊ ကိုယ်လက်လှုပ်ရှားမှု ၊ အိပ်ချိန် ၊ စိတ်ဖိစီးမှုနဲ့ ဖိအားတွေ စတဲ့ သင့်ရဲ့နေ့စဉ်ဘဝထဲက ဖြတ်သန်းမှုပုံစံတွေကို သေချာလေး စီမံခန့်ခွဲ Plan ချပြီး စိတ်ပိုင်းဆိုင်ရာ / ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေဖို့ အကောင်းဆုံး တည်ဆောက်သွားရမှာ ဖြစ်ပါတယ်။

Source : VICE

Featured Photo : VICE