ကွီးတို့အနေနဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်နေတာဖြစ်ဖြစ် လခစားလုပ်နေတာဖြစ်ဖြစ် ကိုယ်ရတဲ့ဝင်ငွေရဲ့ တစိတ်တပိုင်းကို စုစည်းထားသင့်ပါတယ်။ ရင်းနှီးမြုပ်နှ့မူ လုပ်နိူင်ရင်တော့ ပိုပြီးကောင်းပါတယ်။ ရင်းနှီးမြုပ်နှံမူဆိုရာမှာ ငွေးကြေးအမြောက်အမြား ရှိစရာမလိုပါဘူး။ ငွေးကြေးနည်းနည်းနဲ့ ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းထဲမှာ စတင်ပြီး ရင်းနှီးတာက ပိုပြီးအကျိုးရှိပါတယ်။

ဒီနေ့တော့ kwee ပရိသတ်တွေအတွက် သမိုင်းတလျှောက် အမြတ်အစွန်းများစွာရရှိခဲ့သော ရင်းနှီးမြှုပ်နှံမူအကြောင်းကို ပြောပြပေးသွားမှာပါ။

Ford Motor Co.

Source: The Balance Samall Business

(၁၉၀၃) ခုနှစ်တွင် Alexander Y. Malcomson ဟာ Henry Ford နှင့်အတူ ကား ကုမ္ပဏီတခု (ယခု Ford မော်တော်ကား ကုမ္ပဏီ) ထူထောင်ခဲ့ပါတယ်။

Malcomson ဟာသူ့ဦးလေးအပါအဝင် ရင်းနှီးမြုပ်နှံသူ (၁၂) ယောက်ကို စည်းရုံးနိူင်ခဲ့ပါတယ်။ သူ့ဦးလေးဖြစ်သူ John Gray ဟာ ကုမ္ပဏီမှာ ဒေါ်လာ (၁၀,၅၀၀) ရင်းနှီးခဲ့ပေမယ့် အမြတ်အစွန်းအများကြီးတော့မရရှိခဲ့ပါဘူး။ ဒါပေမယ့် (၁၉၁၉) ခုနှစ်တွင် Henry Ford ကရှယ်ယာတွေ ပြန်လည်ဝယ်ယူလိုက်ချိန်မှာတော့ ဒေါ်လာ (၂၆.၂၅) သန်းဖြင့် အမြတ်အစွန်း များစွာရရှိခဲ့ပါတယ်။ ဒါဟာ မူရင်းရင်းမြုပ်နှံမူရဲ့တန်ဖိုးထက် အဆပေါင်း (၂၅၀၀) ပိုပြီးရရှိခဲ့ပါတယ်။ ဒီနေ့ခေတ်ငွေးကြေးနှင့် ပြန်ပြီးတွတ်ချက်လိုက်မယ်ဆိုရင် ဒေါ်လာ (၁.၈) ဘီလီယံ ခန့်ရှိပါတယ်။

Coca-Cola

Source: Amazon UK

Coca-Cola ဟာ (၂၀၁၈) ခုနှစ်မှာ ကမ္ဘာ့တန်ဖိုးအကြီးဆုံး brands တွေထဲကတခုအဖြစ် သက်မှတ်ခံခဲ့ရပါတယ်။ ဒီအချိုရည်ရဲ့ ဖော်မြူလာကို ကုမ္ပဏီတခု ကဖော်ထုတ်ခဲ့တာမဟုတ်ဘဲ မထင်မရှား John Stith Pemberton လို့ခေါ်တဲ့ လူတစ်ယောက်က မထင်မှတ်ပဲ ရှာဖွေတွေ့ရှိခဲ့တာပါ။

Pemberton ဟာ Coca-Cola ကိုစီးပွားဖြစ် ထုတ်လုပ်နိူင်ခဲ့ခြင်းမရှိခဲ့ပဲ (၁၈၈၈) ခုနှစ်တွင် Asa Candler ကိုဒေါ်လာ (၁၇၅၀) ဖြင့်ရောင်းချခဲ့ပါတယ်။ (၁၉၂၃) ခုနှစ်တွင်Chandler ဟာအဆိုပါ ဖော်မြူလာကိုပဲ ရောင်းချခဲ့ရာမှာတော့ ဒေါ်လာ (၂၈) သန်းခန့် အမြတ်အစွန်းရရှိခဲ့ပါတယ်။

Facebook

Source: Hubtainment

Facebook ဆိုတဲ့ သေးငယ်တဲ့ ဆက်သွယ်ရေး ဝက်ဆိုက်ဒ် တခုကို အရင်က ဘယ်သူမှ ဒီလောက်ထိ အောင်မြင်လိမ့်မယ်လို့ မထင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ Facebook ဟာအောင်မြင်တဲ့ လူမူကွန်ယက် တခုဖြစ်နေပါပြီ။ ဒီထဲမှာ အကြီးအကျယ် အမြတ်အစွန်းရရှခဲ့တဲ့ သူကတော့ Peter Thiel ဖြစ်ပြီး (၂၀၀၅) ခုနှစ်တွင် ဒေါလာ (၅) သိန်းရင်းနှီးမြုပ်နှံခဲ့ပြီး (၂၀၁၂) ခုနှစ်မှာတော့ သူ့ရဲ့ရှယ်ယာတွေကို ဒေါ်လာ သန်း (၁) ဘီလီယံကျော် ဖြင့် ပြန်လည်ရောင်းချခဲ့ပါတယ်။

McDonald’s

Source: Encyclopedia Britannica

McDonald’s ဟာ fast-food ကုမ္ပဏီဆိုတာထက် အမေရီကန် ယဉ်ကျေးမူတခုအဖြစ် သက်မှတ်ရပါမယ်။ McDonald’s ကို (၁၉၆၁) ခုနှစ်တွင် Ray Kroc က ဒေါ်လာ (၂.၇) သန်းဖြင့် McDonald’s ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံမူ စတင်ခဲ့ပါတယ်။ သူဟာ McDonald’s ကိုပိုင်ဆိုင်တဲ့ ညီအကိုနှစ်ယောကို ကူညီပြီး ဆိုင်ခွဲတွေ ဖွင့်လှစ်ခဲ့ပါတယ်။

(၁၉၈၄) ခုနှစ်မှာတော့ သူဟာ ဒေါ်လာ သန်း (၅၀၀) အမြတ်အစွန်းရရှိခဲ့ပါတယ်။