ကော်ဖီသောက်တာက ကျန်းမာရေးအတွက်ကောင်းတာလား ဒါမှမဟုတ် ခန္ဓာကိုယ်အတွက်ဆိုးကျိုးဖြစ်စေတာလားဆိုတာ ယနေ့အထိ အငြင်းအခုံဖြစ်နေကြဆဲပါ။ အခု ဒီဆောင်းပါးမှာ ကော်ဖီကြိုက်သူတိုင်းသိထားသင့်တဲ့ ကော်ဖီရဲ့ကောင်းကျိုးနဲ့ ဆိုးကျိုးလေးတွေကို ပြောပြပေးသွားမှာပါ။

Man in blue shirt using laptop for work, typing on keyboard. indoor portrait of male hands on computer and cup of coffee on table

ရောက်လေရာ ကော်ဖီသောက်တတ်တဲ့ အကျင့်ရှိတဲ့သူတွေ တနေ့ကို ကော်ဖီ ၅ ခွက်လောက်သောက်လေ့ရှိတဲ့သူတွေဟာ ရူးသွပ်ခြင်း နဲ့ Alzheimer’s (မှတ်ညဏ်ချွတ်ယွင်းခြင်း) ရောဂါဖြစ်ခြင်း ကိုလျှော့ကျစေတယ်။ လေ့လောမှုတွေအရ အရွယ်ရောက်ပြီးလူတယောက်ဟာ တနေ့ကို ကော်ဖီ ၃-၅ ခွက်ထိသောက်မယ်ဆိုရင် နောက်ပိုင်းအသက်ကြီးလာတဲ့အချိန်မှာ ရူးသွပ်ခြင်း နဲ့ Alzheimer’s (မှတ်ညဏ်ချွတ်ယွင်းခြင်း) ရောဂါဖြစ်ခြင်း ကို ၆၅% လောက် လျှော့ကျစေတယ်လို ဆိုထားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကျွမ်းကျင်သူတွေဟာ ကော်ဖီကို ဆီးရွှင်ဆေး ဆိုပြီးနာမည်ပေးထားပါသေးတယ်။ ဘာလို့လဲ ဆိုတော့ ကော်ဖီသောက်များတဲ့သူတွေဟာ မကြာခဏဆီးသွားကြလို့ပါ။ ဒါပေမယ့် နောက်ပိုင်းလေ့လာမှုတွေမှာတော့ ကော်ဖီမှာ ဆီးသွားစေတဲ့ ပစ္စည်းတွေ မပါဝင်တာကိုတွေ့ခဲ့ရပါတယ်။ ဆိုလိုတာကတော့ ကော်ဖီများများသောက်ရင် ဆီးများများသွားမယ်လို့ပြောချင်တာပါ။ ကော်ဖီတခွက်လောက် သောက်ရုံနဲ့ ဆီးရွှင်စေတာ မဟုတ်ပါဘူး။

People drinking cappuccino inside vintage cafeteria

American Cancer Society (အမေရီကန် ကင်ဆာအဖွဲ့အစည်း) ကနေထုတ်ပြန်ချက်အရ ကော်ဖီဟာ ကင်ဆာရောဂါတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာ အမှန်ပါ။ ကော်ဖီမှာတွေ့ရတဲ့ ကဖိန်းဓာက်၊ flavonoids နဲ့ အခြား ဒြပ်စင်တွေဟာ ရင်သားကင်ဆာ၊ ခေါင်း နဲ့ လည်ပင်းကင်ဆာ၊ အသည်းကင်ဆာ စတဲ့ ကင်ဆာရောဂါ တွေဖြစ်ပွားမှုနှုန်းကိုလျှော့ ကျစေပါတယ်။ဒါက ကော်ဖီကို တနေ့တခွက် ပုံမှန်သောက်ရုံနဲ့ ရလာမယ့် အကျိုးကျေးဇူးပါ။

ကော်ဖီမှာ ကဖိန်းဓာက် ပမာဏ အများကြီးပါဝင်ပါတယ်။ ကောဖီတခွတ် မှာ ကဖိန်းပမာဏ ၉၅ ဂရမ်လောက်ကို ပါဝင်ပါတယ်။တကယ်တော့ ကဖိန်းဟာ မူးယစ်ဆေးတမျိုးပါ။ ဒါကြောင့် ကော်ဖီ သောက်တာဟာ စွဲစေပါတယ်။ ဆေးကျွမ်းကျင်သူတွေကတောင် ကော်ဖီးစွဲလမ်းမှုကို Caffeine Use Disorder ဆိုပြီးနာမည်ပေးထားပါသေးတယ်။ ကော်ဖီစွဲလမ်းမှုဟာ တခြားမူးယစ်ဆေး စွဲနေတာနဲ့ ပုံစံတူတယ်လို့လည်း ဖော်ပြထားပါသေးတယ်။

Senior man holding green reusable cup

အများအားဖြင့် ကဖိန်းဓာက်ကို ခန္ဓာကိုယ်ကို လှုံဆော်ပေးဖို့ အတွက် သုံးကြတာပါ။ တချို့ လူတွေကတော့ ခုကော်ဖီသောက်တာတောင် ခုချက်ချင်းအိပ်ပျော်တယ်လို့ ပြောကြပါတယ်။ လေ့လာမှုများအရ အိပ်ယာမဝင်ခင် ၆ နာရီအလိုမှာ ကဖိန်း သောက်ထားမယ်ဆိုရင် အိပ်ချိန်တနာရီလျှော့ကျစေတယ်လို့ ဆိုထားပါတယ်။ အသက်ကြီးတဲ့ သူတွေမှာ ပိုပြီး သတ်ရောက်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ကဖိန်းဓာက်ကို ချေဖျတ်ဖို့ ပိုပြီး အချိန်ယူရလို့ပါပဲ။