ထောပတ်သီးတွေဟာ ထူးခြားတဲ့အသီးတမျိုးဖြစ်ပါတယ်။ သစ်သီးအများစုမှာ အဓိကအားဖြင့် ကာဗိုဟိုက်ဒ ရိတ်ပါဝင်မှုများပေမယ့် ထောပတ်သီးမှာကတော့ ကျန်းမာတဲ့အဆီပါဝင်မှုများတာဖြစ်ပါတယ်။ လေ့လာမှုများစွာကလည်း ထောပတ်သီးတွေက ကျန်းမာရေးကိုအကျိုးပြုတယ်လို့ဆိုထားပါတယ်။ ဆေးသိပ္ပံဆိုင်ရာ သုတေသနပြု ချက်တွေအရ ထောပတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိတဲ့အနက် ၄ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။

(၁) ထောပတ်သီးပုံမှန်စားသုံးသူတွေဟာ ကျန်းမာရေးပိုကောင်းလေ့ရှိတယ်

Source : Cleveland Clinic Health Essentials

၂၀၁၃ ခုနှစ်က ထုတ်ဝေတဲ့ Nutrition ဂျာနယ်ရဲ့လေ့လာမှုတခုအရ ထောပတ်သီးစားသုံးသူတွေဟာ အဟာရ ဓါတ်ရရှိမှုပိုမိုမြင့်မားပြီး ခန္တာကိုယ်ရဲ့ဇီဝဖြစ်စဉ်နှေးကွေးမှုရောဂါဖြစ်နှုန်းလျော့ကျတာလဲတွေ့ရပါတယ်။ ဒါ့အပြင် ထောပတ်သီးပုံမှန်စားသုံးသူတွေမှာ ကိုယ်အလေးချိန်လျော့နည်းတာ၊ ဝမ်းဗိုက်အဆီကျတာနဲ့ ခန္တာကိုယ် အတွက်လိုအပ်တဲ့ကောင်းသောကိုလက်စထရောတွေရှိရစေပါတယ်။ တချို့အာဟာရဓါတ်တွေဟာ အဆီမှာပျော်ဝင်နိုင်တဲ့အတွက် ထောပတ်သီးမှာပါတဲ့အဆီက ခန္တာကိုယ်ကစုပ်ယူမှုကိုတိုးစေတဲ့အတွက် စားပေးသင့်ပါတယ်။

(၂) နှလုံးရောဂါဖြစ်နိုင်ခြေကိုလျော့ချပေးတယ်

Source : Whole Foods Market

အမေရိကန် Heart Associate ဂျာနယ်ရဲ့ ၂၀၁၅ ခုနှစ်လေ့လာမှုအရ တရက်ကိုထောပတ်သီးတလုံးစားပေး တာက ကိုလက်စထရောလျော့ကျစေပြီး သွေးပေါင်ချိန်မြင့်တဲ့ လူနာတွေအတွက် စိတ်ချရသောအစားအစာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ နှလုံးကျန်းမာရေးကိုကောင်းစေပြီး လေဖြတ်ခြင်းအန္တရာယ် ကိုလဲလျော့နည်းစေနိုင်တဲ့ antioxidants နဲ့ monoaturaturated fats တွေလဲပါဝင်ပါသေးတယ်။

(၃) ရောင်ရမ်းခြင်းကိုသက်သာစေတယ်

Source : Pinterest

ထောပတ်သီးတွေဟာ ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ဂုဏ်သတ္တိကြွယ်ဝတဲ့အတွက် အဆစ်အမြစ်နာကျင်မှု တွေကိုလဲသက်သာစေပါတယ်။ ဒါက အဆစ်တွေကိုချောမွေ့စေရန်နဲ့ နာကျင်မှုကိုသက်သာစေတဲ့ Omega 3 fatty acid တွေ ထောပတ်သီးမှာကြွယ်ဝစွာပါဝင်နေတာကြောင့်ပါ။ DK Publishing ကထုတ်ဝေတဲ့စာအုပ်အရ ထောပတ်သီးမှာပါတဲ့အဆီဟာ ထူးခြားပြီး တခြားကောင်းမွန်တဲ့ဗီတာမင်နဲ့ သတ္တုများစွာလဲပါဝင်နေပါသေးတယ်။

(၄) မျက်စိကျန်းမာရေးအတွက်ကောင်းတယ်

Source : Linvilla Orchards

သင်စားတဲ့အစားအစာထဲမှာ ထောပတ်သီးပါအောင်စားတာက သင့်ရဲ့မျက်စိအမြင်အာရုံကိုတိုးတက်စေမှာပါ။ ထောပတ်သီးမှာ မျက်စိအားကောင်းစေတဲ့ Beta – carotene နဲ့ antioxidants များစွာပါရှိပြီး အမြင်အာရုံအတွက်အကျိုးရှိစေပါတယ်။ ဒါ့အပြင် lutein နဲ့ zeaxanthin ဓါတ်တွေပါဝင်ပြီး ဒီအဟာရဓါတ်၂မျိုးစလုံးက ကောင်းမွန်တဲ့အမြင်အာရုံ၊ ညဘက်အမြင်အာရုံကိုထိန်းသိမ်းရန်နဲ့ ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်ပျက်စီးမှုတွေကိုလျော့နည်းစေပါတယ်။ ဗီတာမင်အေပါဝင်မှုကြောင့်လဲ အသက်အရွယ်ကြီးလာတာကြောင့် ကြွက်သားယိုယွင်းလာမှုကိုကာကွယ်ပေးပါတယ်။