နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တဲ့ ညတွေများနေပြီလား။ညဘက်တွေမှာကောင်းစွာအိပ်ပျော်မှသာ နောက်တစ်နေ့ကို အားအင်အပြည့်နဲ့လန်းဆန်းတက်ကြွစွာနိုးထနိုင်မှာပါ။သင့်အနေနဲ့ ညတွေမှာကောင်းစွာအိပ်ပျော်ဖို့ အခုပြောပြမယ့်နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) စိတ်ကိုသန့်ရှင်းရေးလုပ်ပါ

Source : Shutterstock

စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာအကြောင်းအရာတွေ ဆက်တိုက်တွေးမိနေခြင်းက အိပ်ပျော်ဖို့ခက်ခဲတဲ့အကြောင်းအရင်းတစ်ရပ်ပါ။ဒါကြောင့် အိပ်ယာထဲရောက်တာနဲ့ စိတ်ဖိစီးစရာကိစ္စတွေ စိတ်ညစ်စရာတွေကို လုံးဝမတွေးပါနဲ့။စိတ်ကိုသန့်ရှင်ရေးလုပ်ပြီး အိပ်ယာဝင်ခြင်းက နှစ်ခြိုက်စွာအိပ်ပျော်ဖို့ကူညီပေးမှာပါ။

(၂) လေ့ကျင့်ခန်းလုပ်ပါ

Source : Shutterstock

နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်သူတွေဟာ သာမာန်လူတွေထက် နှစ်ခြိုက်စွာအိပ်ပျော်လေ့ရှိကြပါတယ်။ ကြီးကြီးမားမားလေ့ကျင့်ခန်းတွေလုပ်ဖို့မလိုပါဘူး။ နာရီဝက်လောက်လမ်းလျောက်ခြင်း စက်ဘီးနင်းခြင်း အိမ်မှာဘဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။

(၃) ဖုန်း လက်တော့ တီဗီတွေပိတ်လိုက်ပါ

Source : Shutterstock

အိပ်စက်မှုကိုအနှောက်ယှက်ဖြစ်စေတဲ့ ပစ္စည်းတွေက ဖုန်း လက်တော့ တီဗီတွေစတဲ့အရာတွေပါ။ဒီအရာတွေကနေ ထွက်ပေါ်လာတဲ့ အပြာရောင်အလင်းတန်းတွေက သင့်ရဲ့ဦးနှောက်ကို နိုးကြားတက်ကြွစေနေမှာဖြစ်ပါတယ်။ဒါကြောင့် အိပ်ချိန်မတိုင်ခင် အနည်းဆုံး ၁နာရီလောက်အလိုကတည်းက ဖုန်း လက်တော့ တီဗီတွေပိတ်လိုက်ပါ။

(၄) ကဖိန်းဓာတ်ရှောင်ပါ

Source : Shutterstock

သင်က ကော်ဖီကြိုက်တဲ့သူလား ဒါမှမဟုတ် ကော်ဖီကို စွဲစွဲမြဲမြဲသောက်တက်သူတစ်ယောက်လား။ ကော်ဖီသောက်တာက ခန္ဓာကိုယ်အတွက်ကောင်းကျိုးတွေရှိပေမယ့် ညအိပ်ခါနီးကော်ဖီသောက်ကတော့ ပြဿနာဖြစ်လာနိုင်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က လူကိုနိုးကြားနေစေတယ်ဆို သတိပြုသင့်ပါတယ်။ဒါကြောင့် ညအိပ်ယာဝင်ခါနီး ကော်ဖီသောက်သုံးခြင်းကို ရှောင်ကျဉ်ဖို့ အကြံပြုချင်ပါတယ်။