သင့်အိပ်ခန်းထဲမှာ ရေမွှေးပုလင်းတွေ အများကြီး စုဆောင်းထားလို့ရပါတယ်။ ဒါပေမဲ့ ထိုရေမွှေးပုလင်းများကို သေချာမသိမ်းဘဲ လက်လွတ်စပယ်ထားခြင်းသည် အလွန်ပဲ အန္တရာယ်ကြီးမားလွန်းလှပါတယ်။

ရေမွှေးများသည် အပူ၊ လျှပ်စစ်မီးပွားနှင့် အခြားသော လောင်ကျွမ်းစေနိုင်တဲ့အရာများနဲ့ ထိတွေ့မိတဲ့အခါ လောင်ကျွမ်းခြင်းကို အားပေးတဲ့အရည်တစ်မျိုးပါ။ ဒါ့ကြောင့် သင့်ရဲ့ရေမွှေးကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ကြာရှည်အသုံးပြုချင်တယ်ဆိုရင် အခုဖော်ပြပေးမယ့် အချက်များကို သေချာလိုက်နာသင့်ပါတယ်။

ရေမွှေးပုလင်းများကို သူ့ရဲ့ဘူးထဲမှာပဲ ထည့်ထားပါ

tips to store parfume for men

Photo Source: Pinterest.com

ရေမွှေးပုလင်းများကို စစချင်း ဝယ်ထားတဲ့အခါ ဘူးလေးထဲ ပါကင်ပိတ်ထားတာကို သင် တွေ့ရပါလိမ့်မယ်။ ဒီလိုပါကင် ပိတ်ထားခြင်းသည် နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ထားခြင်းဖြစ်ပြီး တစ်နေရာကနေ အခြားတစ်နေရာကို ပြောင်းရွေ့တဲ့အခါ ရေမွှေးပုလင်း လှုပ်ခါမသွားအောင် ကူညီပေးပါတယ်။ သင့်ရဲ့ကျောပိုးအိတ် (သို့) ခရီးဆောင်အိတ်ထဲ သယ်သွားတဲ့အခါမှာလည်း မမှောက်ကျအောင် ကူညီပေးပါတယ်။

ဒါ့ကြောင့် ရေမွှေးပုလင်း သုံးပြီးတိုင်း သူ့ပါကင်ဘူးထဲပဲ ပြန်ထည့်ထားပေးလိုက်ပါ။ သူ့ရဲ့အားနည်းချက်ကတော့ စက္ကူဘူးဖြစ်တဲ့အတွက်ကြောင့် နေရာတော့ ယူပါလိမ့်မယ်။

အမျိုးအစားအလိုက် ခွဲခြားထားပါ

tips to store parfume for men

Photo Source: Bespokeunit.com

ရေမွှေးပုလင်းပေါ်မှာ Eau De Toilette ၊ Eau De Parfum ဆိုပြီး အမျိုးအစား ခွဲခြားထားတာ တွေ့ရပါလိမ့်မယ်။ EDT ကတော့ ရနံ့က ပျော့တဲ့အတွက်တော့ နေ့စဉ်သုံး၊ ထသွားထလာများအတွက် သင့်တော်ပါတယ်။ သူ့မှာ ရေမွှေးအဆီ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိသာ ပါဝင်ပါတယ်။

Eau De Parfum ကတော့ စောစောကရေမွှေးထက် အနံ့ပိုပြင်းပြီး Luxury ဆန်ဆန်အသုံးပြုဖို့အတွက် သင့်တော်ပါတယ်။ သူ့မှာတော့ ရေမွှေးအဆီ ၁၅ ရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ရေမွှေးပုလင်းများကို သိမ်းတဲ့အခါ သူ့အမျိုးအစား တူရာအလိုက် သိမ်းထားသင့်ပါတယ်။

အဝတ်ဘီဒိုထဲ ထည့်သိမ်းပါ

tips to store parfume for men

ရေမွှေးပုလင်းများ ထည့်သိမ်းဖို့ရန်အတွက် အကောင်းဆုံးနေရာကတော့ အဝတ်ဘီဒိုပဲဖြစ်ပါတယ်။ အဝတ်ဘီဒိုထဲတွင် ဖုန်မှုန့်များ ကပ်ငြိမ်မနေဘဲ၊ နေရောင်ခြည်နဲ့လည်း တိုက်ရိုက်မထိတွေ့တဲ့အတွက်ကြောင့် သင့်ရေမွှေးလည်း ကြာကြာအသုံးခံမှာဖြစ်ပါတယ်။ အချို့ကလည်း အံဆွဲထဲ ထည့်သိမ်းလို့လည်း ရတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ အံဆွဲထဲ ထည့်သိမ်းတဲ့အခါ သင့်ရေမွှေးပုလင်း မမှောက်အောင်တော့ ဂရုစိုက်သင့်ပါတယ်။

ရေချိုးခန်းထဲတွင် (လုံးဝ) မထားပါနဲ့

tips to store parfume for men

Photo Source: Bestperfumes.reviews

ရေမွှေးများကို စိုစွတ်သောနေရာများတွင် ထည့်သိမ်းထားခြင်းသည် ကောင်းတဲ့အချက်တစ်ခုမဟုတ်ပါဘူး။ ရေချိုးခန်းက ရေငွေ့များတဲ့အတွက်ကြောင့် သင့်ရဲ့ရေမွှေးသည် ရေငွေ့များနဲ့ ရောသွားပြီး ရနံ့ပြယ်သွားခြင်း၊ တဖြည်းဖြည်း ရေမွှေးခမ်းခြောက်သွားခြင်းတို့ကို ကြုံတွေ့ရတတ်ပါတယ်။

ဖန်ပုလင်းထဲကနေတဆင့် ပလပ်စတစ်ပုလင်းထဲသို့ ပြောင်းလိုက်ပါ

tips to store parfume for men

Photo Source: Wikihow.com

သင်က အနည်းငယ် နမော်နမဲ့နိုင်တယ်ဆိုရင်တော့ သင့်ရေမွှေးကို ဖန်ပုလင်းထဲကနေ ပလပ်စတစ်ပုလင်းထဲသို့ ပြောင်းထည့်လိုက်ပါ။ ဒီလိုပြောင်းထည့်လိုက်တဲ့အခါ ပုလင်းကျကွဲသွားတာမျိုး ကြုံတွေ့ရတော့မှာမဟုတ်ပါဘူး။

Source: Gurusway.com

Featured Image Source: Tiege.com