မိမိရဲ့ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးထိုင်ပြီး စခရင်မ်ကို ကြည့်နေရခြင်းက သင့်ကို ဇက်ကြောတက်စေပါတယ်။ ဒါ့အပြင် သင့်ရဲ့ထိုင်ပုံထိုင်နည်းမှားယွင်းခြင်း၊ လှဲလျောင်းမှုပုံစံ (သို့) မတ်တပ်ရပ်တဲ့ပုံစံက မမှန်ကန်ပါကလည်း ဇက်ကြောတက် ညောင်းညာခြင်းများကို ခံစားရတတ်ပါတယ်။

ဒါ့အပြင် ဖုန်းအသုံးများရင်လည်း လည်ပင်းတောင့်တင်းနေပြီး လည်ပင်းနာခြင်းကို ခံစားရတတ်ပါတယ်။

ဒီလိုမျိုး မကြာခဏဇက်ကြောတက်တတ်တဲ့ ယောကျာ်းများအတွက် နည်းလမ်းကောင်းအချို့ဝေမျှပေးချင်ပါတယ်။

ပုံစံအမျိုးမျိုး ပြောင်းလဲပေးပါ

tips to cure neck pain for men who have a lot of screen time

Photo Source: Healthjade.net

ထိုင်တဲ့အခါမှာလည်း ထိုင်တဲ့ပုံစံကို အမျိုးမျိုးပြောင်းလဲပေးပါ။ မိနစ် ၅၀ လျှင် တစ်ခါစီး အကြောလျော့ပေးပါ။ မျက်လုံးတစ်ဝိုက်ကို နှိပ်နယ်ပေးလိုက်ပါ။ လည်ပင်းလေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။ ကွန်ပျူတာကို အာရုံမစိုက်ဘဲ အခြားနေရာများသို့ ပြောင်းလဲကြည့်ရှုပေးပါ။

သင့်မျက်လုံး Level နဲ့ တန်းတူဖြစ်ရပါမယ်

tips to cure neck pain for men who have a lot of screen time

Photo Source: Freepik.com

သင့်ရဲ့ကွန်ပျူတာစခရင်မ်သည် သင့်ရဲ့မျက်လုံးနဲ့ ရေပြင်ညီတစ်တန်းတည်းဖြစ်နေရပါမယ်။ ကွန်ပျူတာက သင့်မျက်လုံး Level ထက် မြှင့်နေတာမျိုး (သို့) နိမ့်နေတာမျိုး မဖြစ်ရပါဘူး။

ခေါင်းအုံးအများကြီးနဲ့ မအိပ်ပါနဲ့

tips to cure neck pain for men who have a lot of screen time

Photo Source: Cornerstonephysio.com

အမှန်တကယ်တော့ ခေါင်းအုံးမပါဘဲ အိပ်စက်ခြင်းက သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးပါပဲ။ ဒါပေမဲ့ သင့်အနေနဲ့ ခေါင်းအုံးမပါဘဲ မအိပ်တတ်ဘူးဆိုရင်တော့ ခေါင်းအုံးတစ်ခုတည်းနဲ့ပဲ အိပ်စက်ရပါမယ်။ ခေါင်းအုံးက နိမ့်လို့ဆိုပြီး နှစ်လုံး၊ သုံးလုံး ဆင့်အိပ်တဲ့အခါ အချိန်ကြာလာပါက ကျီးပေါင်းရောဂါကို ခံစားရနိုင်ပါတယ်။ ပုံမှာဖော်ပြထားတဲ့ အိပ်စက်ပုံကလည်း မှန်ကန်တဲ့အနေအထားဖြင့် အိပ်စက်ခြင်းပဲဖြစ်ပါတယ်။

အိပ်ရေးဝဝ အိပ်စက်ပါ

tips to cure neck pain for men who have a lot of screen time

အိပ်ရေးဝဝ အိပ်စက်ခွင့်မရပါကလည်း ကြွက်သားများ နာကျင်ကိုက်ခဲတတ်ပြီး အလိုလိုနေရင်း ပင်းပန်းနွမ်းနယ်နေတတ်ပါတယ်။ ဒါ့ကြောင့် ညစဉ်ညတိုင်း အိပ်ရေးဝဝ အိပ်စက်ပေးဖို့လိုပါလိမ့်မယ်။

လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ

tips to cure neck pain for men who have a lot of screen time

သင်သည် ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ သင့်ရဲ့အသက်က ဘယ်အရွယ်မှာပဲ ရောက်နေပါစေ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ဖို့တော့ လိုပါလိမ့်မယ်။ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းအားဖြင့် အကြောပြေစေပြီး ဇက်ကြောတက်ခြင်းကိုလည်း သက်သာစေပါတယ်။

Source: Gurusway.com

Featured Image Source: Orthopedicassociates.org