တစ်ချို့တွေက ဝိတ်ကျအောင် gym တွေကစားကြတယ်။ တစ်ချို့တွေက အစားရှောင်ကြတယ်။ ဒီလိုလုပ်လို အကျိုးရလဒ်တွေ ခံစားရတဲ့လူတွေရှိသလို ဝိတ်မကျတဲ့အပြင် ပိုပြီး ဝိတ်တက်လာတဲ့လူတွေရှိပါတယ်။ ဒါကတော့ နည်းလမ်းမှန်မှန်နဲ့ လုပ်ဆောင်ခြင်းမရှိလို့ပါပဲ။

ဒီနေ့ kwee page က ဝိတ်မြန်မြန်ကျစေမယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးသွားမှာပါ။

ကစီဓာတ်လျှော့စားပါ/ပရိုတင်းများများစားပေးပါ

Source: The Active Times

ကိုယ်အလေးချိန်ကျချင်တဲ့ သူတွေအတွက်တော့ ကစီဓာတ်က လျှော့စားပေးသင့်ပါတယ်။ ကိုယ်ခန္ဓာကြီးထွားမှုနဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးဖို့အတွက်ကတော့ ပရိုတင်းကို စားပေးသင့်ပါတယ်။ ကစီဓာတ်ထက် ပရိုတင်းက ကျန်းမာရေးနဲ့ အလှအပအတွက် ပိုကောင်းပါတယ်။

ပရိုတင်းဓာတ်က မကြာခဏ အစာစားချင်စိတ်ကို လျှော့ချပေးတယ်။ စားပြီးတာနဲ့ ဗိုက်ဝစေပြီး ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မပြောင်းလဲမှု ဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်။ ဒါကြောင့် တစ်ပတ်အတွင်းမှာ ကစီဓာတ်များတဲ့ အစားအစာတွေ ဖြစ်တဲ့ ထမင်း၊ ကန်စွန်းဥ၊ အာလူးတွေ လျှော့စားပေးပါ။ အချိုများတဲ့ မုန့်တွေ လုံးဝရှောင်ပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားငါး၊ ပဲအမျိုးမျိုးကို ပိုပြီး စားပေးပါ။

Junk food/Fast food တွေစားခြင်းကို ရှောင်ရှားပါ

Source: BabyCenter – Community

Junk food အစားအစာအများစုက ကျန်းမာရေးအတွက် ကောင်းကျိုးပေးလေ့မရှိပါဘူး။ ဒီအစားအစာတွေ များများစားရင် ကိုယ်အလေးချိန်ကို တက်စေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။

ဝိတ်မြန်မြန်ကျချင်တယ်ဆိုရင်တော့ အသင့်စား အစားအစာတွေဖြစ်တဲ့ အာလူးချောင်းကြော်၊ ဘာဂါ၊ ဝက်အူချောင်း၊ ဝက်သားပြား၊ ခေါက်ဆွဲခြောက် အစရှိတာတွေ ရှောင်ရှားပေးပါ။

လေ့ကျင့်ခန်းလုပ်ပေးပါ

Source: BusinessLIVE

ဝိတ်မြန်မြန်ကျဖို့အတွက် အစားအသောက်ဆင်ခြင်ဖို့ လိုအပ်သလို လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုအပ်ပါသေးတယ်။ လေ့ကျင့်ခန်းလုပ်ပေးမှ သွေးထဲက မကောင်းတဲ့ ကယ်လိုရီတွေ၊ ကိုလက်စထရောတွေ လျင်မြန်စွာ လောင်ကျွမ်းပြီး အဆီကျ ဗိုက်ချပ် သွယ်လျလာမှာပါ။

Gym ကစားတဲ့နေရာမှာလည်း ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုတည်းကို ကွက်ပြီး ဆော့တာထက် ကိုယ်ခန္ဓာအပေါ်ပိုင်း၊ အာက်ပိုင်း၊ လက်မောင်း၊ ပုခုံး၊ တင်၊ ခြေသလုံး နေရာအစုံကို ထိနိုင်မယ့် လေ့ကျင့်ခန်းတွေကို အဓိကဆော့ပေးပါ။ မနက်အိပ်ရာထတဲ့အခါ လမ်းလျှောက်ပါ။ ပြေးပါ။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ ဒိုက်ထိုးတာ၊ အိပ်ထ မတင်လုပ်တာ၊ ထိုင်ထလုပ်တာ အစရှိတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့လည်း ရပါတယ်။

ကယ်လိုရီစားသုံးမှု လျှော့ချပါ

Source: Garcinia Cambogia Extrace

ကစီဓာတ်လိုပါပဲ ကိုယ်အလေးချိန် ချချင်တဲ့သူတွေအတွက် ကယ်လိုရီဆိုတာ လျှော့စားပေးဖို့ လိုအပ်ပါတယ်။ ကယ်လိုရီအစား ပရိုတင်းဓာတ်တွေ၊ ဗီတာမင်နဲ့ အာဟာရဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေ ပိုစားပေးရင် ခန္ဓာကိုယ်ကလည်း သင့်ကို ပိုပြီးကျေးဇူးတင်မှာပါ။ တစ်နေ့တာကို ဟင်းသီးဟင်းရွက် များများစားပါ။ ညစာစားပြီးနောက်ပိုင်းနဲ့ အိပ်ခါနီးမှာ မုန့်ပဲသရေစာတွေ လုံးဝမစားသင့်ပါဘူး။ အဆီနည်းပြီး ပရိုတင်းဓာတ်များတဲ့ ကြက်သား၊ ငါးတွေကို ပိုစားပေးပါ။ ဆီများတဲ့ အကြော်အလှော်တွေကို ရှောင်ပါ။