PS5 မှာ ကစားလို့ရတဲ့ ဗီဒီယိုဂိမ်းတွေကတော့ အများကြီးမှ အများကြီးပါပဲ။ ဇာတ်လမ်းသွား ကောင်းကောင်း ၊ ဂရပ်ဖစ်အမိုက်စားနဲ့ အလန်းဆုံး ဂိမ်းတွေကို PS5 Platform မှာ ကွီးတို့ကစားလို့ ရပါတယ်။ ဒီတစ်ခေါက်မှာတော့ ရှယ်လန်းရှယ်မိုက်တဲ့ PS5 ဂိမ်းတွေထဲကမှ ကွီးတို့ နှစ်သက်လောက်မယ့် ဂိမ်းအချို့ကို ရွေးချယ်တင်ဆက် ပေးချင်ပါတယ်။
(၁) Marvel’s Spider-Man 2
Source : PlayStation
၂၀၂၃ မှာ ထွက်ခဲ့တဲ့ Spider-Man 2 ဂိမ်းဆိုရင် ဂိမ်းနယ်ပယ်ထဲမှာ တော်တော်များများ သိပြီးသား ဖြစ်မယ်ထင်ပါတယ်။ Marvel ရဲ့ Spider-Man 2 ဂိမ်းဟာ ဂရပ်ဖစ်တွေ အရမ်းမိုက်သလို ဂိမ်း Play ပုံစံလည်း တော်တော်လေး ကောင်းတဲ့အတွက် လူကြိုက်များခဲ့ပါတယ်။ Single Player ဂိမ်းဆိုပေမယ့်လည်း Peter Parker နဲ့ Miles Morales ဇာတ်ကောင် ၂ ခုလုံးကို ပြောင်းလဲကစားနိုင်မှာ ဖြစ်လို့ ကွီးတို့ သေချာပေါက် ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။
(၂) Demon’s Souls
Source : PlayStation
Demon’s Souls ဂိမ်းက ၂၀၂၀ ထဲမှာ ထွက်ခဲ့တာပါ။ Action Role-Playing ဂိမ်းတွေထဲမှာတော့ တော်တော်လေး နာမည်ကြီး လူကြိုက်များပါတယ်။ အဓိက ဒီဂိမ်းရဲ့ ခိုင်မာတဲ့ ဇာတ်အိမ်ဇာတ်လမ်းက တော်တော်လေး ဆွဲဆောင်မှုရှိတယ်လို့ ပြောရမှာဖြစ်ပြီး ရက်စက်မှုနဲ့ ဆန့်ကျင်ဘက် အလှတရား ၂ ကို ပေါင်းစပ်ထားတဲ့ ပုံစံပါ။ ဂရပ်ဖစ်ပိုင်း ၊ အသံပိုင်းဆိုင်ရာတွေလည်း တော်တော်လေး ကောင်းတာမလို့ ကွီးတို့ Try ကြည့်လိုက်ပါဦး။
(၃) Returnal
Source : PlayStation
ဒီဂိမ်းကတော့ ၂၀၂၁ ကထွက်ခဲ့တဲ့ Third-Person Shooter ဂိမ်းတစ်ခု ဖြစ်ပါတယ်။ ဗျူဟာကျကျ အမဲလိုက်ရတဲ့ ဂိမ်းပုံစံတွေကို ကြိုက်တယ် ၊ သိပ္ပံစိတ်ကူးယဉ် ခေတ်လွန်ဇာတ်လမ်းသွားတွေကို နှစ်သက်တယ်ဆိုရင်တော့ ကွီးတို့ ဒီဂိမ်းကို သေချာပေါက် ဆော့ကြည့်လိုက်ပါ။ ထူးဆန်းတဲ့ ခေတ်လွန်သတ္တဝါတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်ပြီး တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဂိမ်းအတွေ့အကြုံကို ပေးပါလိမ့်မယ်။
Source : Analytics Insight
Featured Photo : GodisaGeek.com