PSG အသင်းက နေမာကို လာမဲ့ နွေရာသီမှာ ရောင်းထုတ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

အဆိုပါ ဘရာဇီးတိုက်စစ်မှူးနေမာဟာ ဘာစီလိုနာအသင်းကနေပြီးတော့ PSG အသင်းကို (၂၀၁၇) ကတည်းက ပြောင်းရွေ့ကစားနေတာပါ။ နေမာက PSG အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့သိရပါတယ်။

Source: The Local

PSG အသင်းကတော့ နေမာကို ရောင်းချလိုခြင်းမရှိဘူးလို့ ပြောဆိုနေခဲ့ပေမဲ့ ပြင်သစ်သတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ နေမာနေရာမှာ အခြားကစားသမားတယောက်ကို အစားထိုးခေါ်ယူနိုင်ခဲ့ရင် လာမဲ့နွေရာသီမှာ နေမာကို ရောင်းထုတ်တော့မှာဖြစ်ကြောင်းသိရပါတယ်။

ဘရာဇီးသား နေမာက PSG အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဆီ ပြန်သွားချင်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။ နေမာဟာ ဘာစီလိုနာအသင်းမှာ ပြိုင်ပွဲစုံ (၁၈၆) ပါဝင်ကစားပေးထားပြီး ဂိုးပေါင်း (၁၀၅) သွင်းယူပေးထားပါတယ်။ လာလီဂါအမှတ်ပေးချန်ပီယံ (၂) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်၊ Copa Del Rey ဖလား (၃) ကြိမ်တိတိ ရယူထားနိုင်ခဲ့ပါတယ်။

Source: Youtube

နေမာဟာ PSG အသင်းမှာ (၅၈) ပွဲကစားထားပြီး ဂိုးပေါင်း (၅၁) ထိသွင်းယူထားက ခြေစွမ်းပြကစားနေပေမဲ့ ဥရောပ အဆင့်ပြိုင်ပွဲတွေမှာ အသင်းအနေနဲ့ အောင်မြင်မူ မရရှိတာကြောင့် အသင်းပြောင်းရွေ့လိုနေခြင်းဖြစ်ပါတယ်။ အဆိုပါကစားသမားကို ရီးရဲမက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တတ် အသင်းတို့ကလည်း ခေါ်ယူရန်ကြိုးစားခဲ့ဖူးပါတယ်။

Source: Joe.co.uk

လက်ရှိမှာတော့ နေမာဟာ ခြေထောက်ဒဏ်ရာကြောင့် အနားယူနေရပါတယ်။