ပီအက်စ်ဂျီအသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ခရစ္စတီယာနို ရော်နယ်ဒို ပြန်လည်ပြောင်းရွှေ့သွားခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ခဲ့မှုက အပြောင်းအရွှေ့စျေးကွက်ရဲ့ အကြီးမားဆုံးအပြောင်းအရွှေ့ဖြစ်တယ်လို့ ခံစားနေရပါတယ်။

ဘလွန်းဒီအော်ဆုကို ၁၁ ကြိမ်အထိ မျှဝေ ရယူခဲ့ကြတဲ့ ပါရမီရှင် ထိပ်တန်းကစားသမား ၂ ဦးဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ ယခုနွေရာသီမှာ စိတ်လှုပ်ရှားဖွယ် အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့ကြပြီး စိတ်လှုပ်ရှားစရာ အပြောင်းအရွှေ့စျေးကွက် ဖြစ်လာစေခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက စာချုပ်သစ် မချုပ်ဆိုနိုင်တာကြောင့် မက်ဆီက အရင်ဆုံး အသင်းကနေ အလွတ်နဲ့ ထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီအသင်းမှာ အသင်းဖော်ဟောင်း နေမာနဲ့ ပြန်လည်ဆုံစည်းနိုင်ခဲ့တာဖြစ်ပါတယ်။

Lionel Messi of PSG

Photo: Metro

အဲဒီအပြောင်းအရွှေ့ဟာ ဘောလုံးပရိသတ်တွေအတွက် ကြီးသင့်သလောက် မကြီးမားခဲ့ဘူးလား မသိပေမယ့် ၂ ပတ်အကြာမှာတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်ကို စွန့်ခွာဖို့ ရွေးချယ်ခဲ့ပြီးနောက် ယူနိုက်တက်ကို ပြန်သွားဖို့ အံ့အားသင့်ဖွယ် သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့သွားခဲ့တာက ဘောလုံးပရိသတ်တွေအားလုံးကြားမှာ အခုအထိ ပြောစရာတွေ မကုန်နိုင်ဖြစ်နေသေးပေမယ့် ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီကို ခေါ်ယူနိုင်ခဲ့တဲ့ ၎င်းတို့ရဲ့ အပြောင်းအရွှေ့ဟာ တွစ်တာသမိုင်းမှာ လူပြောအများဆုံး အပြောင်းအရွှေ့အဖြစ် မှတ်တိုင်ထူနိုင်ခဲ့တယ်လို့ ယုံကြည်နေကြောင်း The Athletic က ဖော်ပြခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အဲဒီအဖြေကို ရရှိနိုင်ဖို့အတွက် အသင်းတွင်း တွက်ချက်မှုတွေ လုပ်ဆောင်ခဲ့ပြီး မက်ဆီနဲ့ ပီအက်စ်ဂျီအကြောင်းကို မန်းရှင်းခေါ်တဲ့ ကိန်းဂဏန်းက ရော်နယ်ဒိုနဲ့ ယူနိုက်တက်ထက် ပိုများတယ်ဆိုတာကို မက်ဆီကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာတဲ့နေ့ကနေ ၇ ရက်အတွင်း တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ အာရေဗျနဲ့ လက်တင်အက္ခရာသုံးတဲ့ ဘာသာစကားအားလုံးနဲ့ မန်းရှင်းခေါ်ခဲ့တာကို အခြေခံပြီး ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။

Ronaldo-how-the-deal-was-done

Photo: theathletic

ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ကျောနံပါတ် ၇ ကိုပဲ ပြန်လည်ဝတ်ဆင်မယ်လို့ အတည်ပြုခဲ့ပြီးကတည်းက ၎င်းရဲ့ ဂျာစီရောင်းချရမှုဟာ စံချိန်တင်ခဲ့တာဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်းရဲ့ စီးပွားရေးဌာနက ဘတ်ပီနဲ့အတူ နေမာနဲ့ မက်ဆီ ပြန်လည်ပေါင်းထုပ်မှုက စိတ်လှုပ်ရှားစရာ စျေးကွက်ထိုးဖောက်မှုနဲ့ စပွန်ဆာရရှိမှု အခွင့်အလမ်းတွေအားလုံးကို ယူဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ယခုရာသီမှာ ချန်ပီယံလိဂ်ဖလားကို အရယူဖို့ ဆုံးဖြတ်ထားကြောင်း ပြသတဲ့အနေနဲ့ ဘတ်ပီကို ရီးရဲလ်မက်ဒရစ်အသင်းက ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀၀ နဲ့ ကမ်းလှမ်းခဲ့တာတောင် ငြင်းပယ်ထားခဲ့တာဖြစ်ပါတယ်။

Featured Photo: bein sports