ပီအက်စ်ဂျီအသင်းဟာ နွေရာသီအပြောင်းအရွှေ့မတိုင်မီ ယူနိုက်တက်တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဆက်သွယ်မှုတွေ ရှိနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ဒီရာသီမှာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရပြီး သူရဲ့ ဒီရာသီပရီးမီးယားလိဂ် ၁၁ ပွဲမှာ ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။

Photo : The Independent
ဒါပေမဲ့ ဒီ ၂ ဂိုးဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲမှာ သွင်းခဲ့တာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ နောက်ဆုံးမိနစ် အနိုင်ဂိုးဟာ သူ့ကို ယုံကြည်မှုပြန်လည် ရရှိစေခဲ့ပါတယ်။
ဒါပေမယ့် ပြင်သစ်အခြေစိုက် Independent သတင်းစာရဲ့ ဂျာနယ်လစ်တွေဖြစ်တဲ့ ဟာဒရီယန် ဂရီနီယာနဲ့ အက်ဘ်ဒယ် လာဘူလ်မာတို့က လီဂူးဝမ်းထိပ်သီး ပီအက်စ်ဂျီဟာ အင်္ဂလန် တိုက်စစ်မှူးကို အိုးလ်ထရက်ဖို့ဒ်ကနေ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုခဲ့ကြပါတယ်။
သတင်းတွေအရ ရက်ရှ်ဖို့ဒ်ဟာ နေမာနဲ့ မက်ဆီတို့လို အရည်အချင်းရှိတဲ့ ကစားသမားတွေရှိနေတဲ့ ပြင်သစ်ကလပ်ကို ပြောင်းရွေ့ဖို့ ဆွဲဆောင်မှုတွေ ရရှိထားတယ်လို့ ဖော်ပြထားပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီမက်ပီဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတာကြောင့် ပီအက်စ်ဂျီအသင်းက ပြီးခဲ့တဲ့ နွေရာသီကတည်းက ရက်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

Photo : Manchester Evening News
အသက် ၂၃ နှစ်အရွယ် မက်ပီဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ဒီနှစ်အတွင်းမှာ အသင်းကနေ ပြောင်းရွှေ့နိုင်ခြေရှိနေတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာလည်း၂၀၁၉ က ယူနိုက်တက်အသင်းနဲ့ ချုပ်ဆိုခဲ့တဲ့ တစ်ပတ်ပေါင် ၂၀၀၀၀၀ တန်စာချုပ်ဟာ ၁၈ လလောက်သာ ကျန်ရှိတော့သော်လည်း ယူနိုက်တက်အနေနဲ့ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်ကြယ်ပွင့်ဟာ နည်းပြဟောင်းလူးဝစ်ဗန်ဟားလက်ထက် ၂၀၁၅-၁၆ ဘောလုံးရာသီအတွင်း ယူနိုက်တက်အသင်းကိုရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၂၈၈ ပွဲကစားထားကာ သွင်းဂိုး ၉၃ ဂိုး သွင်းယူ ပေးထားပါတယ်။
Featured Photo : Daily Mail
