PSG တိုက်စစ်မှူး ဘာပေးဟာ (၂၀၁၉-၂၀၂၀) ရာသီ လီဂူးရွှေဖိနပ်ဆုအား မိမိနှင့်အတူ ပူးတွဲပိုင်ရှင်အဖြစ် လက်ခံရန် မိုနာကိုတိုက်စစ်မှူး ဘန်ယက်ဒါအား ဖိတ်ခေါ်လိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယခုရာသီ လီဂူးပြိုင်ပွဲကို ဖျက်သိမ်းခဲ့ပြီး လီဂူးအဖွဲ့ချုပ် (LFP)က PSG အသင်းကို ချန်ပီယံအဖြစ် ကြေညာခဲ့သည်။ လီဂူးဝမ်း ရွှေဖိနပ်ဆုရှင်အဖြစ် PSG တိုက်စစ်မှူး ဘာပေးကို LFP က ထပ်မံကြေညာခဲ့ပါတယ်။

Source: Sky Sports

လီဂူးဝမ်း မှာဂိုးသွင်းအများဆုံးအဖြစ် ဘာပေးနှင့်မိုနာကိုတိုက်စစ်မူး ဘန်ယက်ဒါတို့က (၁၈) ဂိုးစီပူတွဲရပ်တည်နေတာပါ။ ဒါပေမယ့် ဘာပေးက ဂိုးအားလုံးကို Open Play မှ သွင်းယူခဲ့ပြီး ဘန်ယက်ဒါက ပယ်နယ်တီသွင်းဂိုး(၃) ဂိုး ပါဝင်ခဲ့ခြင်းကြောင့် ဘာပေးကို ဂိုးသွင်းဘုရင်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

Source: Sky Sports

ဘာပေးဟာ ဘန်ယက်ဒါကိုလည်း ရွှေဖိနပ်ဆုကို ပူးတွဲပိုင်ရှင်အဖြစ် သတ်မှက်ပေးသင့်ကြောင်း (၂၀၁၈-၂၀၁၉) ပရီးမီးယားလိဂ် ဘောလုံးရာသီတုန်းက မာနေး၊ ဆာလာ့ နဲ့ အူဘာမီယန် တို့ ရွှေဖိနပ်ဆုကို ပူတွဲရရှိခဲ့တဲ့ အဖြစ်အပျက်ကို ထောက်ပြသွားပါတယ်။

Source: Yahoo Sport UK

“ကျွန်တော့ဆီ မက်ဆေ့ပို့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘန်ယက်ဒါနေနဲ့လည်း ရွှေဖိနပ်ဆုနဲ့ ထိုက်တန်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီမှာတုန်းကလည်း ရွှေဖိနပ်ဆုကို ပူတွဲပိုင်ရှင် အဖြစ် ကြေညာခဲ့သေးတာပဲ။ ဒါကြောင့် ဘန်ယက်ဒါကိုလည်း ရွှေဖိနပ် ပူတွဲပိုင်ရှင်အဖြစ် လက်ခံစေချင်ပါတယ်။” ဟု ပြောဆိုသွားခဲ့ပါတယ်။