အိန်ဂျယ် ဒီမာရီယာနဲ့ လီယွန်နယ် မက်ဆီတိုဟာ နောက်ဆုံးမှာတော့ တူညီတဲ့ ကလပ်အသင်းတစ်သင်းတည်းမှာ အတူတူတွဲကစားခဲ့ရပြီဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ နိုင်ငံတကာပွဲစဉ်ကစားပေးရမယ့် တာဝန်နဲ့ အာဂျင်တီးနားအသင်းမှာ လာရောက်ပူးပေါင်းနေတဲ့ ဒီမာရီယာနဲ့ မက်ဆီတို့ နှစ်ဦးစလုံးဟာ ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိကြသူတွေဖြစ်ပါတယ်။ TyC Sports နဲ့ အင်တာဗျူး ဖြေကြားခဲ့ရာမှာ ပီအက်စ်ဂျီကြယ်ပွင့် ဒီမာရီယာက မက်ဆီနဲ့ နောက်ဆုံးမှာ တူညီတဲ့ကလပ်အသင်းတစ်ခုတည်းအတွက် ကစားပေးရမယ့်အပေါ် ဝမ်းမြောက်ပျော်ရွှင်မှုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

PSG's Angel Di Maria opens up on his relationship with Lionel Messi

Photo: sportskeeda

“ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ပိုပြီးကောင်းမွန်လာဖို့ လိုအပ်တဲ့အရာတစ်ခုကို ပျောက်ဆုံးနေခဲ့ပါတယ်။ အဲဒါက ကလပ်အသင်းအဆင့်မှာ မက်ဆီနဲ့ အတူတူ တွဲကစားတာပါ။ ကျွန်တော် ဘာကာကို သွားဖို့ အခွင့်အရေးတွေ အများအပြား ရရှိခဲ့တယ်။ သူနဲ့အတူတူ နေ့တိုင်း ရှိနေရပြီး သူ ကစားနေတာကို မြင်နေရတာက ကျွန်တော့်ကို ပျော်ရွှင်စေပြီး အာဂျင်တီးနားအသင်းနဲ့အတူတူ ရှိနေတဲ့အချိန်တစ်ခုတည်းတင် မဟုတ်ပါဘူး”

မက်ဆီနဲ့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးအကြောင်း ပြောကြားရာမှာ ဒီမာရီယာက ၎င်းတို့ ၂ ဦးဟာ တောင်အမေရိကကော်ဖီ နှစ်သက်ပုံချင်း တူပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ချစ်စရာကောင်းတဲ့ နာမည်ပြောင်တွေ ပေးထားတဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့က လေ့ကျင့်ရေးကို ပထမဆုံးရောက်တဲ့ကစားသမား ၂ ယောက်ပါ။ အဲဒါ အမှန်ပါပဲ။ ကျွန်တော်က ပထမဆုံးရောက်တယ်။ သူ မရောက်ခင် မိနစ်အနည်းငယ်အလိုမှာ ကျွန်တော် လေ့ကျင့်ရေးကွင်းထဲရောက်နေပြီး ပြီးတော့ သူ ရောက်လာတယ်။ ကျွန်တော်တို့ ကော်ဖီသောက်ဖို့ ပြင်ဆင်ကြတယ်”

“ကျွန်တော် သူ့ကို အမြဲတမ်း ဂျပုလို့ ခေါ်တယ်။ အစပိုင်းမှာ မခေါ်ပေမယ့် ရင်းနှီးတဲ့ ခင်မင်မှု စတင်တဲ့အချိန်မှာ အဲဒီလို စပြီး ခေါ်ခဲ့တာပါ။ အဲဒါက သူ ကျွန်တော့်ကို ခေါက်ဆွဲလို့ ခေါ်လို့ သူ့ကို ဂျပုလို့ ပြန်ခေါ်တာလို့ ထင်ပါတယ်။ အဲဒီလို ပြန်ခေါ်တာ ခဏလေးအတွင်းဖြစ်ခဲ့ပြီး အဲဒီနာမည်တွေက အမြဲတမ်း တွင်သွားတော့တာပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: football-espana