ပြီးခဲ့တဲ့ ဧပြီ (၁၅) ရက်နေ့ မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နှစ်ပေါင်း (၈၅၀) သက်တမ်းရှိ Notre Dame ဘုရားကျောင်းကြီးအတွက် PSG အသင်းအေနနဲ့ ကူညီထောက်ပံ့မှုများ လှူဒါန်းမှုများ ပြုလုပ်သွားမယ်လို့သိရပါတယ်။ PSG အသင်းဟာ အဆိုပါ လှူဒါန်းမှုအတွက် ရန်ပုံငွေပွဲတစ်ပွဲ ပြုလုပ်ကျင်းပခဲ့တာဖြစ်ပြီး အဆိုရန်ပုံငွေပွဲမှာတော့ PSG အသင်းအင်္ကျီများကို ရန်ပုံငွေအဖြစ် ရောင်းချသွားခဲ့တာဖြစ်တယ်လို့ ဧပြီလ (၂၂) ရက်နေ့မှာ PSG အသင်းတာဝန်ရှိသူများက ပြောပါတယ်။

Source : Paris Saint-Germain

အဆိုပါ ရန်ပုံငွေပွဲတွင် ရောင်းချခဲ့တဲ့ အင်္ကျီတွေကတော့ အင်္ကျီရင်ဘတ်နေရာမှာ Notre Dame ဘုရားရှိခိုးကျောင်းရဲ့ ပုံကိုထည့်သွင်း တံဆိပ်ရိုက်ထားတာဖြစ်ပါတယ်။ ဒါ့အပြင်အင်္ကျီနောက်ကျောမှာလည်း PSG အသင်းသား ကစားသမားတွေရဲ့ နာမည်နေရာမှာလည်း Notre Dame ဆိုတဲ့ ဘုရားကျောင်းနာမည်စာတန်းကို ရေးထိုးထားတာဖြစ်ပါတယ်။ အဆိုပါ ရန်ပုံငွေပွဲမှာရောင်းချခဲ့တဲ့ အင်္ကျီစုစုပေါင်းကတော့ အထည် (၁၀၀၀) ဖြစ်ပြီး တစ်ထည်လျှင် ယူရို (၁၀၀) ဖြင့် ရောင်းချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source : MSN.com

အံ့သြစရာကောင်းလောက်အောင်ပဲ ရန်ပုံငွေပွဲမှာရောင်းချခဲ့တဲ့ အင်္ကျီအထည် (၁၀၀၀) ဟာ မိနစ် (၃၀) အတွင်းမှာပဲ အားလုံးရောင်းကုန်သွားခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ရန်ပုံငွေပွဲမှ ရရှိလာတဲ့ အင်္ကျီရောင်းရငွေတွေအားလုံးကိုလည်း Notre Dame ဘုရားကျောင်းအတွက် သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။ PSG အသင်းဟာ Notre Dame ဘုရားကျောင်း မီးလောင်ကျွမ်းမှုအတွက် လှူဒါန်းမှုများနဲ့ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် တက်တက်ကြွကြွနဲ့ ဦးဆောင်တိုက်တွန်းမှုတွေ ပြုလုပ်ပေးနေတဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

Source : Sportstar – The Hindu