လူတွေ သဘောကျလာအောင် စကားပြောတတ်ဖို့က မခက်ခဲပါဘူး။ သေချာလေ့ကျင့်ပြီး ကျင့်သုံးမယ်ဆိုရင် လွယ်ကူပါတယ်။ ဒီနေ့ kwee page က လူတွေ မိမိကိုသဘောကျလာစေမယ့် ပြောဆိုနေထိုင်နည်းတွေကို ဖော်ပြပေးသွားမှာပါ။

အစကတည်းက မိမိကိုသဘောကျနေအောင် ပြုလုပ်ပါ

Source: Shutterstock

စတွေ့ကတည်းက မိမိကိုသဘောကျအောင်လုပ်ဖို့ အာရုံစိုက်ပါ။ ဒီလို လုပ်ဖို့အတွက်ကတော့ ဟန်ဆောင်မှုကင်းတဲ့ အပြုံးက အဓိကကျပါတယ်။ ဒါပေမယ့် အပြုံးနဲ့ပဲ လုံလောက်ပြီလားဆိုတော့ မလုံလောက်သေးပါဘူး။ လက်ဆွဲနှုတ်ဆက်တာ၊ ပုခုံးကို မသိမသာ ပုတ်ပေးတာ စတာတွေကလည်း အရေးပါပါတယ်။

သူတို့အကြောင်း များများပြောနိုင်အောင် စကားလမ်းကြောင်းရှင်းပေးပါ

Source: Bustle

လူတော်တော်များများက ကိုယ့်အကြောင်းပြောရတာ သဘောကျကြပါတယ်။ ဒါကြောင့် သူတို့အကြောင်းကို များများပြောနိုင်အောင် စကားလမ်းကြောင်း တည့်ပေးပါ။ သူတို့ သွားလည်ခဲ့တဲ့ နေရာတွေ (သို့) သွားချင်တဲ့နေရာတွေ၊ ပိတ်ရက်မှာ လုပ်မယ့် အရာတွေ စသဖြင့် မေးလို့ရပါတယ်။ ဒါပေမယ့် အရမ်းကြီး ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့မေးခွန်းတွေ မမေးဖို့တော့ လိုပါတယ်။ တစ်ချို့လူတွေက ဒါကို မနှစ်သက်ကြပါဘူး။

မေးခွန်းမေးရာမှာလည်း “yes, no” ပဲဖြေလို့ရမယ့် မေးခွန်းမျိုးမမေးပါနဲ့။ “ဘာကြောင့်လဲ၊ ဘယ်လိုလဲ” စတဲ့မေးခွန်းတွေက တဖက်သားကို သူတို့အကြောင်းတွေ များများပြောနိုင်စေမယ့် မေးခွန်းမျိုးတွေဖြစ်တာကြောင့် ဒီမေးခွန်းတွေကို ထည့်သွင်းပြီးမေးပေးပါ။

Body Language ကိုသတိထားပါ

Source: The Tribune

လက်ပိုက်နေတာ၊ ခြေထောက်တွေ ကြက်ခြေခတ်ထိုင်နေတာတွေက ကိုယ်ဟာယုံကြည်လို့မရဘူးဆိုတဲ့ အဓိပ္ပာယ် သက်ရောက်စေပါတယ်။ လူတော်တော်များများက ဒါကိုသတိမထားမိကြပါဘူး။

အကောင်းဆုံးကတော့ လက်တွေခြေထောက်တွေကို ခပ်ရှင်းရှင်းထာပြီး သက်သောင့်သက်သာနေပါ။ ဒီလိုလုပ်ခြင်းအားဖြင့် တဖက်လူက ကိုယ့်ရဲ့မျက်နှာကိုပဲ ဂရုစိုက်ပြီး ကြည့်လာအောင်ပြုလုပ်ပါ။ ဒါက တဖက်လူကို သက်သောင့်သက်သာဖြစ်စေပါတယ်။

မိမိကစပြီး ရယ်စရာဟာသတွေ ပြောပါ

Source: Adam Christing

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ရယ်စရာဟာသတွေကို မိမိက အရင်စပြောပါ။ ကိုယ့်နဲ့ ခင်မင်လာတာ အချိန်ကြာလာပြီဖြစ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ဆိုရင်တော့ သူတို့တွေကို စနောက်လို့ အဆင်ပြေပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲလို့မရတဲ့ အရာတွေအကြောင်းနဲ့ ပတ်သက်တဲ့ ဟာသတွေမပြောမိဖို့တော့ အထူးသတိပြုသင့်ပါတယ်။

တခြားလူတွေပြောတဲ့ဟာသတွေကို ရယ်ပေးပါ

Source: The Guardian

တခြားလူတွေ ပြောတဲ့ဟာသတွေကို လိုက်ပြီးရယ်မောပေးပါ။ သူတို့ပြောတဲ့ စကားတွေကို လိုက်ထောက်ပေးခြင်းဖြင့် သူတို့ပြောနေတာတွေကို နားထောင်နေတယ်ဆိုတာ သိပါစေ။ ဆိုးဝါးတဲ့ ဟာသတွေကိုတောင် ရယ်မောပေးခြင်းဖြင့် ဟာသအဖြစ်သို့ ပြောင်းလဲပစ်နိုင်ပါတယ်။ ဒီလိုနည်းနဲ့ တခြားလူတွေ မိမိကို သဘောကျလာအောင် ပြုလုပ်နိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းနေဖို့အတွက် တခြားလူကိုစိတ်ဝင်စားပေးပါ

Source: Conversation

လူတော်တော်များများက နားထောင်ပေးဖို့ထက် ကိုယ်ကချည်းပြောချင်နေကြတာ များပါတယ်။ လူတွေက မိမိပြောတာ နားထောင်ပေးတဲ့သူတွေကို သဘောကျကြပါတယ်။ ကိုယ်ကသူတို့ပြောတာတွေကို ဂရုတစိုက်နားထောင်နေတယ်ဆိုတာကို သိစေဖို့အတွက်သူတို့ပြောခဲ့တဲ့ စကားတချို့ကို ပြန်လည်ပြောဆိုပေးပါ။ ဥပမာ “ဟုတ်တာပေါ့၊ သိပ်မှန်တာပေါ့၊ မင်းပြောသလို ဖြစ်သင့်တာပေါ့” စသဖြင့် ထည့်သွင်းပြောကြားပေးခြင်းက တဖက်သားစကားပြောခြင်းကို သက်သောင့်သက်သာဖြစ်စေပါတယ်။