လူတစ်ချို့ရှိပါတယ်။ တခြားလူတွေအပေါ် လွှမ်းမိုးခြယ်လှယ်ချင်တဲ့ လူတွေရှိပါတယ်။ ကိုယ့်အနီးအနား ပတ်ဝန်းကျင်တွေမှာ အလွယ်တကူတွေ့မြင်နိုင်ပါတယ်။ ကွီးပရိသတ်တွေထဲကတောင် တပါးသူရဲ့ လွှမ်းမိုးခြယ်လှယ်မှုကို ခံနေရတဲ့လူတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုလူတွေက တခြားလူတွေအပေါ် အရာအရာလွှမ်းမိုးတက်တဲ့လူတွေပါ။ အပြစ်မရှိတာကိုလည်း အပြစ်ရှိတယ်လို့ခံစားရအောင် ပြုလုပ်နိုင်သလို မလုပ်ချင်တဲ့ အရာတွေကိုလည်း အတင်းခိုင်းတာမျိုးမဟုတ်ရင်တောင် မိမိဆန္ဒမပါဘဲနဲ့ လုပ်လာအောင် ခိုင်းစေတက်တဲ့ လူမျိုးတွေပါ။
ဒီလိုလူမျိုးတွေဆီကနေ ရှောင်ရှားနိုင်မယ်ဆိုရင် ပိုမိုကောင်းမွန်ပြီး လွတ်လပ်တဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။ ဒီနေ့ kwee page ကမိမိအပေါ်ခြယ်လှယ်မည့်လူတွေကို ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။
အခွင့်အရေးမပေးပါနဲ့

ခြယ်လှယ်တက်သောသူတွေက တိကျသောအခြေအနေ တွေမှာသာ မကြာခဏ ပြစ်တင်ပြောဆို နိုင်တာ ဖြစ်တယ်။ သူတို့က သင့်အတွက်ကောင်းတာတစ်ခုခုလုပ်ပေးခဲ့ရင် ဥပမာ သင့်ကိုကူပြီး အလုပ်ရှာပေးတာ ဒါမှမဟုတ် လက်ဆောင်သေးသေးလေးတွေပေးတာတွေလုပ်ပေးပြီးသွားရင် သင်မလုပ်ခြင်တဲ့ အရာတစ်ခုကိုသူတို့ ပြန်လုပ်ခိုင်းပါလိမ့်မယ်။ ဒါပေမဲ့သင့်အနေနဲ့ အဲ့တာကိုငြင်းဆန်နိုင်မှာမဟုတ်ဘူး။
အဲ့ဒီအချက်တွေကိုသူတို့အသုံးပြုပြီး မင်းကိုခြယ်လှယ်လာလိမ့်မယ် သူတို့ကိုအခွင့်ရေးမပေးပါနဲ့။ လက်ဆောင်တွေကိုပြန်ပေးလိုက်ပါ ပြီးတော့ အလုပ်ပြဿနာ ကိုသင်ကိုယ်တိုင်ပဲ ဖြေရှင်းပါ။ ပြီးတော့ ဘယ်သူ့ကိုမှဘာမှအကြွေးပေးစရာမလိုတဲ့ အခြေအနေကို ခံစားကြည့်ပါ။
ချုပ်ကိုင်ခြယ်လှယ်သူအပေါ်အားရုံစူးစိုက်ပါ

ချုပ်ကိုင်ခြယ်လှယ်သူတွေအနည်းဆုံးမျော်လင့်ထားတဲ့အရာတစ်ခုက သူတို့သားကောင်ကသူတို့ကို အမြန်ဆုံးလက်စားပြန်ချေတာပဲဖြစ်တယ်။ သူတို့ကို ရိုးရှင်းတဲ့မေးခွန်း မေးကြည့်ပါ ဥပမာ –
- မင်းတကယ် ငါ့ထင်မြင်ချက်ကို ဂရုစိုက်တာလား မင်းငါ့ကို ဒီတိုင်းမေးခွန်းတစ်ခုအနေနဲ့ မေးတာလို့ ငါခံစားရတယ်။
- အဲ့တာက မင်းအတွက် ခက်ခဲမယ် ဆိုရင်တောင် မင်းငါ့ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံဖို့ အဆင်သင့် ဖြစ်ပြီလား။
- မင်းတကယ် ငါ့ကို အဲ့တာလုပ်ဖို့မျော်လင့်နေတာလား မင်းသိပါတယ် အဲ့တာကငါစိတ်ဝင်စား တဲ့အရာ မဟုတ်ဘူးဆိုတာ။
မင်းမှာ သူတို့အလုပ်တာဝန်တွေကို တစ်ခြားတစ်ယောက်ဆီ လွှဲပြောင်းပေးချင်တဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရှိလား။ နောက်တစ်ခါ သင့်ရဲ့အလုပ်ကိုလုပ်ဖို့ အဆင်သင့်ဖြစ်ပြီ လားလို့ သူ့တို့ကို ပြန်မေးကြည့်ပါ။ အဲ့ဒီမေးခွန်းက သူတို့တောင်းဆိုတဲ့ အရာတွေက ဘယ်လိုကိုးရိုးကားရား နိုင်လည်းဆိုတာကို သူ့တို့ကို ပြပေးပါလိမ့်မယ်။ အဲ့ဒီနောက်မှာသူတို့ကိုနောက် ပြန်ဆုတ်သွားစေပါလိမ့်မယ်။
သူတို့နဲ့မျက်လုံးချင်ဆုံအောင် ကြည့်ပါ

အရင်အခြေနေကလိုပဲ ဒီလှည့်စားမှုရဲ့ အဓိကအချက်က ချုပ်ကိုင်ခြယ်လှယ်သူရဲ့ အာရုံစူးစိုက် မှုကို ပျောက်ဆုံးစေတယ်။ ပထအဆင့် အနေနဲ့ သင်မလုပ်ချင်တဲ့အရာတွေကို ငြင်းပယ်ပါ။ ဘာပဲဖြစ်ဖြစ် ဒါက အတွေ့အကြုံရှိတဲ့ ချုပ်ကိုင်ခြယ်လှယ်သူ ကိုရပ်တန့်စေမှာမဟုတ်ပါဘူး။ မျက်လုံးခြင်းဆုံပြီး မလုပ်ချင်ကြောင်း ကိုပြောပါ။ ဒီလိုလုပ်ခြင်းက သူတို့ကို သက်သောင့်သက်သာ မဖြစ်စေပါဘူး။
ကောက်ချက်ချခွင့်မပေးပါနဲ့

ချုပ်ကိုင်ခြယ်လှယ်တက်သော သူသည် အခြေအနေတစ်ခုမှာ တိကျသောအကြောင်းပြချက်ကို စကားလုံးများဖြင့် ကြွယ်ဝစွာပြောကြားပြီး သင့်ရဲ့ပုံမှန်အပြုအမှုတွေကို အားနည်းချက်အဖြစ် ဥပမာ ပေးပြီးပြန်လည်အသုံးချပြီး မင်းကိုအရှက်ရစေလိမ့်မယ်။ ဥပမာအားဖြင့် ဇနီးသည် သည်သူမ အမျိုးသား အမိုက်ပစ်ရန် မေ့သွားသည်ကို ဒေါသထွက်သည်။ ဒါဟာပထမအကြိမ်ဖြစ်ပေမဲ့လည်းပဲ ဇနီးသည်ဖြစ်တဲ့သူက အမျိုးသားဖြစ်သူကို အိမ်အလုပ်အလုပ်ဘဲ နေကြောင်း အပြစ်တင်စကားဆိုပါတယ်။ ဒီလိုမျိုး ချုံငြုံပြီး ပြောဆိုတာမျိုးကို မခံပါနဲ့။ အပြစ်တခုလုပ်ထားရင် အဲ့ဒီအပြစ်တစ်ခုအတွကိုပဲ အပြောခံပါ။ အားလုံးကို ချုံပြီး အပြစ်တင်စကားဆိုလာပြီဆိုရင် “တခြားဘာအပြစ်တွေ လုပ်ထားတာရှိသေးလဲ” စသဖြင့် မေးလိုက်ပါ။
Source: Bright side
